အလုပ်ကြောင့် စိတ်ဖိစီးရတဲ့ အမျိုးသမီးတွေမှာ ဆီးချိုအန္တရာယ် ပိုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အလုပ်ကြောင့် စိတ်ဖိစီးရတဲ့ အမျိုးသမီး တွေမှာ ဆီးချိုအန္တရာယ် ပိုများ

လူအများသိထားကြတဲ့ အဝလွန်တာ၊ သွေးတိုးရောဂါနဲ့ အထိုင်များတဲ့နေထိုင်မှုပုံစံတို့လို အန္တရာယ်အချက်တွေကြောင့်ချည်းပဲ ဆီးချိုဖြစ်နိုင်ခြေများစေတာမဟုတ်ပါဘူး။

စိတ်ဖိစီးမှုဟာလည်း အမျိုးသမီး တွေရဲ့ ဆီးချိုသွေးချိုဖြစ်ပွားမှုမှာ အရေးပါတဲ့သက်ရောက်မှုရှိနေတာကို သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။

ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍကွန်ဖရင့်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီသုတေသနအရ စိတ်ဒဏ်ရာဖြစ်စေတဲ့ကိစ္စတွေကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ အိမ် ဒါမှမဟုတ် အလုပ်ခွင်မှာ ကြာရှည်ခံစားရတဲ့ စိတ်ဖိစီးမှုကြောင့် အမျိုးသမီးတွေမှာ အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။

ဆီးချိုကာကွယ်ရာမှာ စိတ်ဖိစီးမှုအန္တရာယ်ကိုလည်း တခြားအချက်တွေလိုပဲ အလေးထား ဖြေရှင်းသင့်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ် သုတေသီတွေက သတိပေးခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ ကိုယ့်မှာ –

  • မိဘ၊ မောင်နှမသားချင်းတွေထဲက တစ်ယောက်ယောက်မှာ ဆီးချိုရှိနေရင်၊
  • ဆီးချိုရောဂါနဲ့ ချိတ်ဆက်နေတဲ့ ရောဂါတချို့ ရှိနေရင်၊
  • ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ခဲ့ဖူးရင် ၊
  • ဆီးချိုရောဂါအစပျိုးအဆင့်မှာရှိနေရင်၊
  • သွေးတိုးရောဂါရှိရင်၊
  • သွေးတွင်းကိုလက်စထရောနဲ့ တခြားအဆီတွေများနေရင်
  • ကိုယ်အလေးချိန်များနေရင်၊ အထူးသဖြင့် ဗိုက်အဆီများနေရင် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေပိုများလေ့ရှိပါတယ်။

ဒါပေမယ့် ဒီတခါ သုတေသနအသစ်မှာတော့ စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေးနဲ့ ဆီးချိုအန္တရာယ် တို့ ကြားက ဆက်နွှယ်မှုကို ဦးစားပေးလေ့လာခဲ့တာပါ။

အရင်သုတေသနတွေက အလုပ်ခွင် သို့မဟုတ် စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းလက္ခဏာတွေလို စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတစ်ခုချင်းကိုသာ လေ့လာခဲ့တာဖြစ်ပါတယ်။

ဒီလေ့လာမှုမှာတော့ အမျိုးသမီးတွေမှာ ကာလတာရှည် စိတ်ဖိစီးနေစေတဲ့အရာတွေအားလုံးရဲ့ ချိတ်ဆက်မှုကို နားလည်အောင် အဖြေရှာခဲ့တာဖြစ်ပါတယ်။

နှလုံးရောဂါမရှိတဲ့ ပျမ်းမျှအသက် ၇၂ နှစ်အရွယ် အမျိုးသမီး ၂၂၇၀၆ ဦးရဲ့အချက်အလက်တွေကို လေ့လာခဲ့ကြပြီး ခဏတာနဲ့ ကာလတာရှည် စိတ်ဖိစီးစေတဲ့အရာတွေကို စစ်တမ်းကောက်၊ သုံးနှစ်အချိန်ယူ စောင့်ကြည့်ခဲ့ပါတယ်။

စိတ်မကောင်းဖြစ်ရတဲ့ ဒါမှမဟုတ် စိတ်ဒဏ်ရာဖြစ်ရတဲ့ဘဝဖြစ်ရပ်တွေ က ခဏတာ စိတ်ဖိစီးမှု ဖြစ်စေပြီး အလုပ်၊ မိသားစု၊ အချစ်ရေး၊ ငွေကြေးကိစ္စ၊ ခွဲခြားဆက်ဆံခံရခြင်း စတာတွေနဲ့ ဆက်နွှယ်ရင်တော့ ကာလတာရှည်စိတ်ဖိစီးမှုထဲ ပါဝင်ပါတယ်။

လေ့လာမှုအရ ခဏတာရော၊ ကာလတာရှည် စိတ်ဖိစီးမှုအခြေအနေ အမြင့်ဆုံးအမျိုးသမီးတွေဟာ ဆီးချိုသွေးချိုရောဂါ ဖြစ်လာနိုင်ခြေ နှစ်ဆနီးပါးပိုများနေတာတွေ့ရပါတယ်။

နောက်တစ်ဆင့်အနေနဲ့တော့ အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ဆီးချိုအန္တရာယ်လျှော့ချနိုင်ဖို့ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေကို ရည်ရွယ်ဦးတည်တဲ့ ဖြေရှင်းမှုဗျူဟာတွေကို ရှာဖွေအတည်ပြုနိုင်ဖို့ လုပ်ရမယ်လို့ သုတေသီတွေက ဆိုပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ဖြစ်ပြီးရင် ရာသီထိမ် သွားတတ်သလား။

အမျိုးသမီးတွေမှာ ကိုဗစ်ဖြစ်ပြီးတဲ့အခါ ရာသီထိမ် သွားတယ်ဆိုတဲ့ ပြဿနာတွေ ပြန်ကြားရပါတယ်။ ကိုဗစ်က ရာသီကို ထိမ်စေနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

အရက်ကို သောက်တာ မကောင်းဘူး ကျန်းမာရေးထိခိုက်တယ်လို့ ဘယ်လောက်ပြောပြော ကြိုက်နှစ်သက်သူပမာဏကတော့ လျော့ကျမသွားပါဘူး။ သောက်သုံးနေကြဆဲပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

အသက်ကြီးလာတဲ့အခါ လူကြီးတွေကို အစာစားချင်စိတ်ပျောက်ဆုံး  မနေအောင်၊ အာဟာရဓာတ်တွေ လုံလောက်ပြည့်ဝနေအောင် ဖြည့်ဆည်းနေနိုင်ဖို့ လိုအပ်တာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Phobias တို့၏ အကျိုးဆက်

Phobias (အကြောက်လွန်ခြင်း) တို့၏ အကျိုးဆက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2021 . 2 mins read
ကျေးဇူးတင် တတ်ပါစေ။

ကျေးဇူးတင် တတ်ပါစေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2021 . 2 mins read
မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ

မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2021 . 2 mins read
ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။

ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2021 . 2 mins read