home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျွန်ုပ်တို့ မမေ့သင့်တဲ့ ၂၀၁၆ မှ ဆေးပညာဖောက်ထွက်မှုများ

ကျွန်ုပ်တို့ မမေ့သင့်တဲ့ ၂၀၁၆ မှ ဆေးပညာဖောက်ထွက်မှုများ

2012 တွင် ပီအိုတီအား တားမြစ်မှုပြီးဆုံးသော်လည်း (ဝါရှင်တန်နှင့်

ကိုလိုရာဒို မှ မဲများဖြင့် ဆေးခြောက်အသုံးပြုမှုကို တရားဝင်စေခဲ့ခြင်း) ထိုအချိန်မှစ၍ များပြားလှသောဖွံ့ဖြိုးမှုအသစ်

များဖြစ်ပွားခဲ့သည်။ အမှန်ဆိုလျှင် တရားဥပဒေအရပြောပါက 2016

ကို ဆေးခြောက်အတွက် အောင်ပွဲနှစ်ဟု ဆိုနိုင်ပါသည်။

2016 တွင် ဘာတွေဖြစ်ပျက်ခဲ့သလဲ။

တရားဥပေဒတံခါးကြီးများသည် 8 ပြည်နယ်အတွက်ပွင့်သွားခဲ့ပြီး 4 ခုမှာဆေးများအတွက်ဖြစ်ပြီး 4ခုမှာ မူးယစ်ဆေးဝါးအတွက်ဖြစ်သည်။

ရလဒ်အနေနှင့် ထိုဥပဒေသစ်ကြောင့် ဆေးခြောက်အား အလေးထားမှုများကို တိုးပွားမြင်တွေ့ရပြီး လူအများသည် ကျန်းမာရေးအရ ဆေးခြောက်

အသုံးပြုသည်ဟုညွှန်းဆိုလာခဲ့သည့်အပြင် ဆရာဝန်များကလည်းဆေးခြောက်အား ဆေးဖြစ်ဝါးဖြစ်ညွှန်းလာခဲ့ကြသည်။

ထိုသို့တကယ်ဖြစ်ပွားခဲ့ပါသည်။

အချို့လူများအတွက် သတင်းကောင်းဖြစ်ပြီး အချို့အတွက်တော့မဟုတ်ခဲ့ပါ။ အချို့သောပြဿနာများပေါ်လာသည်။ ဆေးခြောက်နှင့်

ပတ်သတ်၍ ဗဟုသုတနည်းခြင်း၊ဆေးခြောက်မှ စိတ်နှင့်ခနာကိုယ်ကို ဖြစ်ပွားစေသောအာနိသင်ရလဒ်များကို မသိခြင်းနှင့်ဆေးခြောက်နှင့်ပတ်သတ်၍အထင်မြင်လွဲမှားယူဆမှုများရှိလာသည်။ ဖက်ဒရယ်အဖွဲ့ဆုံဖြတ်ချက်အရ ဘာမှထို့အတွက်

လုပ်ပေးနိုင်ခြင်းမရှိခဲ့ပါ။ သို့သော် အချို့သောအရာများပြောင်းလဲတော့မည်ဆိုတာကို တော့ သင့်အား စိတ်လှုပ်ရှားသည့်ခံစားမှုမျိုး

ဖြင့်ပေးသိနေခဲ့ပါပြီ။

ဥပမာ- ဆေးပညာဂျာနယ်များတွင် ထုတ်ဝေခဲ့သော အရေးကြီးသည့်ဆေးခြောက်သုတေသနရလဒ်များကို 2016တွင် မြင်တွေ့ခဲ့ရသည်။ သို့သော် ထိုရလဒ်များမှာ အကုန်မဟုတ်သေးပဲဆေးခြောက်ကို ကျန်းမာရေးကောင်းမွန်စေသည့်ဘက်မှသုံးဖို့ပိုမိုများပြားသောသက်သောအထောက်အထားများလိုအပ်နေသေးသည်။

ဥပမာ တစ်ခုပေးရလျှင် ဆေးပညာအတွက်သုံးသော ဆေးခြောက်သည် တရားဝင်သည်ဟုဆိုသောလေ့လာမှုတစ်ခုရှိခဲ့သည်။

ထိုတွေ့ရှိချက်များတွင် စိတ်ကျရောဂါ၊စိုးရိမ်ခြင်း၊နာတာရှည်ကိုက်ခဲမှုနှင့်အခြားရောဂါများကို ကုသရန်လိုအပ်သည့် ဆေးပမာဏကို

ဆေးခြောက်မှ လျှော့ချပေးနိုင်ကြောင်းဆိုထားသည်။ ဆေးအဖြစ်သုံးသော ဆေးခြောက်သည် သက်သာစေသည်ဟုဆိုရပေမည်။

အခြားရောဂါများအတွက် ပေးသော ဆေးများကို တစ်ဖက်ကကြည့်လျှင်ထို ကဲ့သို့လျှော့ချပေးနိုင်ခြင်းမရှိပေ။

ယုံချင်မှလည်းယုံပါလိမ့်မည်။ ထိုကိစ္စမှာ အစပိုင်းသာဖြစ်ပါသေးသည်။ တစ်ကမာလုံးမှ သုတေသနပညာရှင်

များသည် မနှစ်ကစပြီး ခနာကိုယ်အား အရင်ကကဲ့သို့နားလည်လက်ခံကုသမှုပုံစံများကို ပြောင်းလဲရန် ကြိုးစားအားထုတ်နေကြသည်။

အချို့သောမမေ့မဖြစ် ဆန်းသစ်တီထွင်မှုများတွင် အောက်ပါတို့ပါဝင်သည်။

Bionic pancreas

စက်တင်ဘာတွင် ဖက်ဒီအေအဖွဲ့သည် ဆီးချိုအမျိုးစား1 ဝေဒနာရှင်များအတွက် ပန်ကရိယအတု တစ်ခုအစားထိုးသုံးရန်ခွင့်

ပြုပေးခဲ့သည်။ ထိုစက်သည် လူနာ၏သွေးထဲရှိသကြားပမာဏကို တိုင်းတာပေးပြီး အင်ဆူလင်ကိုလိုသလောက်ထုတ်လွှတ်ပေးသည်။

ထိုပန်ကရိယအတုမှသကြားဓါတ်နည်းသွားခြင်းကိုကာကွယ်ပေးသည့်အပြင်ဆီးချိုအမျိုးအစား1ဝေဒနာရှင်များ၏နေထိုင်မှုအရည်အသွေးကို တိုးတက်ကောင်းမွန်စေပါသည်။

မနှစ်က အေပရယ်လတွင် ဆေးခြောက်ကို လူနာများအားပေးသောက်ခွင့်ပြုရန်တရားရင်ဆိုင်ခဲ့မှုနှင့် ဆေးခြောက်အား လေ့လာမှုတစ်ခုကို ဒီအီးအေအဖွဲ့မှခွင့်ပြုပေးခဲ့သည်။

ထိုလေ့လာမှု၏ ရည်ရွယ်ချက်မှာ ခွဲစိတ်ပြီး လူနာများ၏ဖိစီးမှု

ကိုလျှော့ချပေးမှုတွင် ဆေးခြောက်အသုံးပြုမှုသည်အထောက်ကူပြု

မပြုမှုကို သိရှိရန်ဖြစ်သည်။ ထို့ပြင် ဆေးခြောက်ကို အခြားသော

ရောဂါများတွင်အသုံးပြုမှုမှာလည်း ကောင်းသောအကျိုးကျေးဇူးများ

ရရှိခြင်းကို သက်သေပြရန်ဖြစ်ခဲ့ပြီး ဒီအီးအေ၏ပျော့ပြောင်းစွာဆက်

ဆံမှုမှာ အနာဂတ်သဘာဝဆေးပညာအတွက် သတင်းကောင်းများ

ဖြစ်လာသည်။

မိဘသုံးယောက်နှင့်ကလေး

နည်းစနစ်အသစ်ကိုကျေးဇူးတင်ရပေမည်။ လူသုံးဦး၏ ဒီအန်အေမှ

ပထမဦးဆုံးကလေးအား 2016 အစောပိုင်းတွင် မွေးဖွားခဲ့သည်။ ထို

အံသြဖွယ်လုပ်ငန်းစဉ်အား အဘယ့်ကြောင့်လုပ်ဆောင်ခဲ့ပါသလဲ။

အမေသည် ကလေးငယ်အား leigh syndrome ပါသည့်ဒီအင်အေ

ကိုပုံမှန်အတိုင်းဆိုပေးကိုပေးရမည်ဖြစ်ပြီး ဆိုးဝါး၍သေစေနိုင်သော

အာရုံကြောရောဂါတစ်ခုဖြစ်စေမည်ဖြစ်သည်။

ထိုအစီအစဉ်ကိုလုပ်ဆောင်ရန် ဆရာဝန်များသည် အမေမှ ကောင်း

သောဒီအင်အေကို မျိုးဥမှ ယူ၍ လှူဒါန်းထားသော မျိုးဥထဲသို့ထည့်လိုက်သည်။ ထိုမျိုးဥအား အဖေ့သုက်ပိုးနှင့်မျိုး

အောင်စေသည်။ ထို့နောက် ရလဒ်မှာ လူသုံးဦးဆီမှရလာသောကလေးတစ်ဦးဖြစ်သည်။

အသည်းရောင်အသားဝါစီပိုးကို ကုသရန် ဆေးသစ်ကိုတွေ့ရှိအတည်ပြုခဲ့ခြင်း

သင့်၏ ပုံမှန်genotype specific pill အပြင် Epclusa သည်ကမာ့ပထမဦးဆုံး pan-genotypic ဆေးဖြစ်လာသည်။ တစ်

နည်းပြောရလျှင် အသည်းရောင်အသားဝါ 6 မျိုးကို ကုသနိုင်သည့်

အစွမ်းရှိနေသည်။ မဖြစ်နိုင်သောအရာမှ ထဖြစ်လာသောမျိုးကွဲအရာ

တစ်ခုပင်ဖြစ်နေတော့သည်။ မယုံနိုင်စရာကောင်းသွားသည်။

သာမာန်အသည်းခြောက်ဝေဒနာရှင်များတွင် 3လအကြာတွင် 95မှ 99ရာခိုင်နှုန်းအထိ ပိုးအားလျှော့ချနိုင်ကြောင်းတွေ့ရှိရသည်။ တူညီ

သောအချိန်အတွင်း 94ရာခိုင်နှုန်းအထိ ထိုဆေးဖြင့် ပြင်းထန်သော

အသည်းခြောက်ရောဂါရှိပိုးများကို လျှော့ချနိုင်ခဲ့သည်။

Psoriasis အတွက် စမ်းသပ်ဆဲဆေးဖြစ်သည့် guselkumab

သည် ပြင်းထန်သော ကောင်းသည့်အလားအလာရှိနေပါသည်။

အမှန်ပြောရလျှင် 16ပတ်အပြီးတွင် 85ရာခိုင်နှုန်းသောအောင်မြင်မှု

နှုန်းနှင့် ဘာအာနိသင်မှမရှိသည့် placebo ဆေးအား အနိုင်ယူနိုင်ခဲ့သည်။placebo မှ 6ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ပြိး

73ရာခိုင်နှုန်းသော စမ်းသပ်ခံသူများတွင် 90ရာခိုင်နှုန်းသောအရေပြားရောဂါများလည်း အနည်းဆုံးအနေဖြင့်

ပျောက်ကင်းသွားခဲ့သည်။

နှစ်လကြာသောအခါ 24ပတ်အနီးတွင် 80ရာခိုင်နှုန်းသောလူနာများသည် 90ရခိုင်နှုန်းပျောက်ကင်းနေသည်။

ယှဉ်ကြည့်လျှင် နာမည်ကြီး စိုရီရေးစစ်ဆေး humira တွင် 53ရာခိုင်နှုန်းသာထိုအချိန်တွင်ပျောက်ကင်းသေးကြောင်းတွေ့

ရသည်။ ထိုရလဒ်များကိုကြည့်၍ ထိုဆေးသစ်သည် ဆိုရီရေးစစ်ဝေဒနာရှင်များအတွက် ကယ်တင်ရှင်ဆေးတစ်လက်ဖြစ်

လာရန်ရှိနေသည်။

အမေရိက၏ ဘိန်းစွဲနေမှုကို အဆုံးသတ်ပေးနိုင်တော့မည့် buprenorphine implant ဆေးသစ်

ထို implant ဖြင့် ဘိန်းစွဲသူများ၏ စွဲနေသောစိတ်ကို ပျောက်ရန်

အကူညီပေးနိုင်သည်။ ကုသမှုအစီအစဉ်တွင် 6လလောက် တောက်

လျှောက် ထိုဆေးပမာဏအနည်းငယ်အား ထောက်ပံ့ပေးနေသည်။

ထိုimplant ကြောင့် ဆေးသောက်ရန် မေ့သွားမှာကိုလည်းစိုးရိမ်စရာမလိုတော့ပဲ အမေရိက၏စိတ်ချရ

သောဘိန်းစွဲဖျက်ဆေးတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေသည်။

သင်မြင်တွေ့ရတဲ့အတိုင်း 2016 သည် ဆေးပညာအတွက် စိတ်လှုပ်ရှားစရာကောင်းသော နှစ်တစ်ခုဖြစ်သွားခဲ့ပြီး 2017တွင်ပို

၍ပင် ကြောက်စရာကောင်းလောက်အောင်တိုးတက်လာမည်ဟု

မျှော်မှန်းရသည်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲကို စောင့်ကြည့်

ကြရအောင်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
0
စာရေးသူ ဓာတ်ပုံbadge
Dr.Nyan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။