အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ညဘက် နောက်ကျမှ အစားစားတာက မကောင်းဘူးလို့ပဲ တထစ်ချ ယုံကြည်နေတုန်းလား! ညဘက် အစားစားတာက မကောင်းဘူးဆိုပေမယ့် လုံးဝဥဿုံ မကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကောင်းကျိုး ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိတာပေါ့။ ဒါကြောင့် စာဖတ်သူတွေ သိထားလို့ ရအောင် အခုတစ်ခေါက်မှာတော့ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-drain-your-energy/ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက  ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ကောင်းကျိုးတွေကတော့ -  အချို့သော အဆာပြေစားစရာတွေက ကောင်းကောင်း အိပ်ပျော်စေနိုင်တယ် ညဘက် အစားစားတိုင်း မကောင်းဘူးလို့ ဆိုဖို့ ခက်ပါတယ်။ တကယ်လို့ ညဘက် ဗိုက်ဆာတယ်လို့ ခံစားရချိန်မှာ ထမင်း ထနယ်စားမယ်။ အသင့်စား အစားအစာတွေ စားမယ်။ […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့!

ကော်ဖီဆိုတာက တော်တော်များများ နှစ်သက်တဲ့ သောက်စရာ တစ်မျိုးပါ။ မနက်ခင်းကို ကော်ဖီ တစ်ခွက်နဲ့မှ မစတင်ရရင် အဆင်မပြေဘူးလို့ ခံစားရသူက ခပ်များများပါ။ ဒီလိုမျိုး ကော်ဖီကြိုက်သူတွေ အနေနဲ့ ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့! ဘာကြောင့် ဒီလိုပြောရသလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။  ဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း လေ့လာမှုတွေအရ ကော်ဖီက အစာအိမ်ကို လှုံ့ဆော်ပေးပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် သက်ရောက်မှု ရှိစေပါတယ်။ မနက်ခင်းမှာ ကော်ဖီသောက်တာက စိတ်ကို လန်းဆန်းစေပြီး တက်ကြွစေတာမှန်ပေမယ့် ဆေးဝါးတွေနဲ့တော့ တွဲသောက်တာမျိုး မလုပ်တာကောင်းပါတယ်တဲ့။ အကြောင်းကတော့ ကော်ဖီက အစာခြေစနစ်ရဲ့ အာဟာရစုပ်ယူနိုင်စွမ်း၊ အာဟာရ ဖြန့်ဝေမှုဖြစ်စဉ်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေသလို ဆေးဝါးရဲ့ အာနိသင် သက်ရောက်မှုကိုလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ !

နွေရာသီမှာ ရေကို ပုံမှန်ထက် သောက်ဖြစ်ကြပေမယ့် နွေရဲ့ အပူချိန် လျှော့ကျလာပြီး မိုးလေး စရွာလာပြီဆိုရင် ရေသောက်နည်းလာကြတာ လူတိုင်းလိုလိုပါ။ ဒါပေမယ့် မိုးရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်ပေးသင့်ပါတယ်။ အကြောင်းကတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေရှိနေလို့ပါ။ ဒီတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။ https://hellosayarwon.com/healthy-eating/nutrition-facts/is-rain-water-safe-to-drink/ မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ! မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲဆိုတော့ ကိုယ်ခံအား ကောင်းစေမယ် မုတ်သုံရာသီရောက်ပြီဆိုရင် တော်တော်များများက ဖျားနာကြပါတယ်။ ဒါကလည်း ပိုးမွှားတွေ များနေတဲ့အချိန်၊ ကိုယ်ခံအား နည်းတဲ့အချိန် ဖြစ်တာကြောင့်ပါ။ ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ

အရက်သောက်တာက အခုနောက်ပိုင်းမှာ လူငယ်တွေကြားမှာရော လူကြီးတွေကြားမှာပါ ရေပန်းစားလာကြတဲ့ အလ့အထ တစ်ရပ်ပါ။ ပျော်လို့၊ weekend မို့လို့၊ စိတ်ညစ်လို့၊ အသဲကွဲလို့၊ ကြိုက်လို့ စတဲ့အကြောင်းပြချက် အမျိုးမျိုးနဲ့  အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာ အမျိုးမျိုးကို သောက်လာကြပါတယ်။ လူကြီးတွေဆိုရင်လည်း စကားပြော ကောင်းဖို့ စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ ဆိုပြီး သောက်ကြပါတယ်။ အရက်သောက်တာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကိုတော့ သိပြီးပြီပေမယ့် သဘောကျလို့ သောက်တာမျိုးက ခပ်များများပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ အရက်လို့ ကျန်းမာရေး ထိခိုက်တယ်ဆိုတဲ့ ကိစ္စလေးကို ခဏလောက်လေး ဘေးချိတ်ပြီး အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ အရက်က ဘယ်လိုများရေဓာတ် ခမ်းခြောက်စေသလဲ! အရက်က ရေဓာတ်ခမ်းခြောက်တာက ဘယ်လိုများလဲဆိုရင်တော့ မြင်သာအောင် ပြောပြရရင် အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား!

ကဲ …. အရင်ဆုံး ဒီကနေ မေးချင်တာ ထမင်းချက်ခါနီးတိုင်း ဆန်ဆေးရည်ကို ကြည်နေအောင်ဆိုပြီး ဆန်ကို ရေနဲ့ အထပ်ထပ်များ ဆေးမိနေသေးလား! အချို့ဆို ရှိတယ်လေ ဆန်ကို လက်နှစ်ဖက်နဲ့ အသေအချာ ပွတ်တိုက်ဆေး ပြီး ရေကို ၁ ကြိမ် မက ၂ ကြိမ် မက အထပ်ထပ်ဆေးတာမျိုးလေ။ ဆန်ဆေးရည်လေး ကြည်မှ ပိုးတွေ ဖုန်တွေ ကင်းပြီး ထမင်းက သန့်မယ်လို့ပေါ့။ ဒါဆိုတကယ်ပဲ ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား! ဆိုတာပါ။ ဆန်ကို ဘာကြောင့် ဆေးကြောရတာလဲ! ဆန်ကို ဆေးကြောတယ်ဆိုတာက ဒီအချက်တွေကြောင့်ပါ။ သန့်စင်စေဖို့ - ဆန်မှာ ကပ်ငြိလာတဲ့ ဖုန်မှုန့်တွေ၊ အင်းဆက်တွေနဲ့ သဲတွေ ခဲတွေ ပါလာတာတွေကို သန့်စင်ဖို့အတွက် ဆေးကြောရတာပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ

လူတိုင်းလိုလိုမှာ ချမ်းသာချင်တဲ့ စိတ်ကူးအိပ်မက်တွေကတော့ ရှိစမြဲပါ။ ဒါပေမယ့် ဒီစိတ်ကူး အိပ်မက်တွေကို အကောင်အထည်ပေါ်အောင် ဖော်ဆောင်နိုင်သူက ရှားသလို နည်းစနစ်မှန်မှန်နဲ့ အကောင်အထည် ဖော်နိုင်သူကလည်း ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။ အချို့ကလည်း ဘယ်လို နည်းလမ်းတွေနဲ့ အကောင်အထည် ဖော်ရမှန်း မသိတာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။  ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ တစ်ခုခုကို အောင်မြင်ချင်တဲ့အခါ အကောင်းဆုံး ထောက်ကူပေးနိုင်မယ့် နည်းလမ်း တစ်ခုရှိပါတယ်။ ဒါကတော့ ဒီအခြေအနေကို အောင်မြင်ခဲ့ဖူးတဲ့သူတွေ ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေကို အတုယူတာပါ။ ငွေရေးကြေးရေးအရ အောင်မြင်ချင်တယ်ဆိုရင် မီလျံနာတွေ၊ ကျိကျိတက်ချမ်းသားနေကြတဲ့ သန်းကြွယ်သူဌေးကြီးတွေရဲ့ အလေ့အကျင့်ကောင်းတွေကို အတုယူရပါမယ်။ အနီးအပါးမှာ မရှိဘူးဆိုရင်လည်း ခေတ်မီလှတဲ့ ဒီဘက်ခေတ်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲ!

နွေရဲ့အပူပြင်းဆုံးရက်တွေကို ကျော်ဖြတ်ချိန်မှာ အရိပ်တကြည့်ကြည့်နဲ့ အချစ်တော်လေးတွေကို စောင့်ကြည့်ရင်း တစ်ရက်လေးမှာ စိတ်မအေးခဲ့ရတဲ့ ခံစားချက်ကို ချစ်မဝတဲ့ ပါပီလေးတွေ ပူစီညောင်လေးတွေကို ပိုင်ဆိုင်ထားတဲ့ ဖေဖေမေမေတိုင်း သိကြမယ်ထင်ပါတယ်နော်။ ဒါပေမယ့် အခုရက်ပိုင်းတော့ မုန်တိုင်းနဲ့အတူ မုတ်သုံစဝင်လာပြီဖြစ်တာကြောင့် မိုးလေး တဖြောက်ဖြောက် ရွာလာခဲ့ပြီဆိုပေမယ့် တစ်နွေလုံး ပူတဲ့ အပူရှိန်တွေ ကုန်လောက်တဲ့အထိတော့ မရွာသေးပါဘူး။ အခုကာလက မုတ်သုံဆိုပေမယ့် အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံလို့ပဲ ဆိုရပါမယ်။ ဒါကြောင့် အခုချိန်မှာလည်း အချစ်တော်လေးတွေကို အရိပ်တကြည့်ကြည့် စောင့်ရှောက်မှုကို လျှော့လိုက်လို့ မရသေးပါဘူးနော်။ ဒီတော့ အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ

ခန္ဓာကိုယ်မှာ ချွေးထွက်များမှ ရေနဲ့ ဓာတ်ဆား တွေ ဆုံးရှုံးတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ်ရဲ့ နေ့စဉ်အပြုအမူတွေ၊ နေထိုင်စားသောက်မှုပုံစံတွေကလည်း မသိလိုက်ဘဲ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။ ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဓာတ်ဆုံးရှုံးစေတဲ့ အမူအကျင့်များ ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ ကတော့ ကဖင်းပါတဲ့ သောက်စရာတွေ ကော်ဖီအပါအဝင် လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ကာဗွန်ပါတဲ့ တချို့အအေးတွေမှာ ကဖင်းပါတတ်ပါတယ်။ ကဖင်းက သောက်လိုက်တဲ့ခဏမှာ ရေဓာတ်ရသလို ခံစားရပေမဲ့ နောက်ပိုင်းမှာ ဆီးသွားများတာကြောင့် ရေဓာတ် ဆုံးရှုံးတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် များများသောက်သူတွေ၊ ကဖင်းသောက်နေကျမဟုတ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အရက် အရက်ကလည်း ကဖင်းလိုပဲ ဆီးရွှင်စေတာကြောင့် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား!

လူတော်တော်များများ လက်ခံထားတဲ့ အယူအဆလေး တစ်ခုရှိပါတယ်။ ဒါကတော့ နွေပူမှသာ ရေဓာတ် ဆုံးရှုံးနိုင်တာဖြစ်ပြီး မိုးလေး စရွာလာပြီဖြစ်တဲ့ မုတ်သုံကာလမှာတော့ ရေဓာတ်ဆုံးရှုံးနိုင်ခြေ နည်းတယ်။ မရှိဘူးလို့ပေါ့။ ဒါဆို မေးစရာလေး ရှိတာက မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား! ဆိုတာပါ။ ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် လေ့လာကြည့်လိုက်ပါနော်။ မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား! မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား! ဆိုတော့ အဖြေက မကင်းသေးပါဘူး။ နွေရာသီမှာ အပူချိန် ပြင်းထန်တာကြောင့် ရေဓာတ် ဆုံးရှုံးနိုင်သလို မုတ်သုံရာသီမှာဆိုရင်လည်း လေထုထဲမှာ စိုထိုင်းဆ များတာကြောင့် မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးနိုင်ပါသေးတယ်။ လေထုထဲမှာ စိုထိုင်းဆ များလာလေလေ ခန္ဓာကိုယ်မှာ ချွေးစေးတွေ ပြန်လေလေပါ။ ခန္ဓာကိုယ်က ချွေးထွက်တာ၊ ဆီးသွားတာ မှန်သမျှက ကိုယ်တွင်း ရေဓာတ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဘာတွေ ဖြစ်စေနိုင်လဲ!

ပူနွေးစိုစွတ်တဲ့ ရာသီဥတု ဆိုတာကို အခုမှ ပထမဆုံး ကြားဖူးတာ မဟုတ်လောက်ဘူး  ထင်ပါတယ်နော်။ ကျောင်းစာတွေထဲမှာ ဒီစကားကို ရင်းနှီးပြီးသား ဖြစ်နိုင်သလို မိုးလေဝသ သတင်းတွေကနေလည်း ကြားဖူးနေပြီးသား ဖြစ်မှာပါ။ ဒီလို ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ရန်ကုန်လိုမျိုးနေရာက သိပ်မရင်းနှီးနိုင်ပေမယ့် တနင်္သာရီတိုင်းလိုမျိုး ပင်လယ်ကမ်းရိုးတန်းဒေသတွေကတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီတစ်ခေါက်ပြောပြပေးချင်တာက ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဘာတွေ ဖြစ်စေနိုင်လဲ! ဆိုတာပါ။ ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဘာတွေ ဖြစ်စေနိုင်လဲ! ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဘာတွေ ဖြစ်စေနိုင်လဲ ဆိုတော့ ပူစပ်ပူလောင်ကြီး ခံစားရစေပြီး ချွေးတွေကို ပုံမှန်ထက် အငွေ့ပျံချိန် ပိုကြာစေပြီး ကိုယ်တွင်းမှာ အပူချိန် မြင့်တက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပဲ လေထုထဲမှာ စိုထိုင်းဆ များနေတဲ့ ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ ပူလောင်အိုက်စပ်မှုကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ

နေက တစ်နွေလုံး အားရပါးရ ပူထားပြီး မကြာသေးခင်က မုတ်သုံရဲ့ အငွေ့အသက်အနေနဲ့ မိုးလေး နည်းနည်း စရွာလာတော့ ပတ်ဝန်းကျင်မှာ စိုစွတ်မှုလေးတွေကို ခံစားရပါတယ်။ ဒါပေမယ့် အပူဒဏ် လုံးဝပျောက်သွားတာတော့ မဟုတ်ပါဘူး။ နေကျဲကျဲ မပူတော့တာကြောင့် ချွေးတဒီးဒီး မကျတော့တာမျိုးတော့ ရှိပါတယ်။ ဒီနေရာမှာ တစ်ခု သတိပေးချင်တာက စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိသေးတာကို သတိရပါ လို့ပါ။ ဘာကြောင့် ဒီလို သတိပေးရတာလဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/health/general-health-knowledge/health-risks-of-high-humidity/ စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ လို့ ပြောရတာက နွေကနေ မိုးကို စကူးချိန်မှာ မိုးရွာလာပြီ ဆိုပေမယ့် အပူရှိန်က […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)