backup og meta

ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ

    ခန္ဓာကိုယ်မှာ ချွေးထွက်များမှ ရေနဲ့ ဓာတ်ဆား တွေ ဆုံးရှုံးတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ်ရဲ့ နေ့စဉ်အပြုအမူတွေ၊ နေထိုင်စားသောက်မှုပုံစံတွေကလည်း မသိလိုက်ဘဲ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။ ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။

    ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဓာတ်ဆုံးရှုံးစေတဲ့ အမူအကျင့်များ

    ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ ကတော့

    • ကဖင်းပါတဲ့ သောက်စရာတွေ

    ကော်ဖီအပါအဝင် လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ကာဗွန်ပါတဲ့ တချို့အအေးတွေမှာ ကဖင်းပါတတ်ပါတယ်။ ကဖင်းက သောက်လိုက်တဲ့ခဏမှာ ရေဓာတ်ရသလို ခံစားရပေမဲ့ နောက်ပိုင်းမှာ ဆီးသွားများတာကြောင့် ရေဓာတ် ဆုံးရှုံးတာမျိုး ဖြစ်တတ်ပါတယ်။

    အထူးသဖြင့် များများသောက်သူတွေ၊ ကဖင်းသောက်နေကျမဟုတ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

  • အရက်
  • အရက်ကလည်း ကဖင်းလိုပဲ ဆီးရွှင်စေတာကြောင့် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ရက်ခြားလောက် အရက်သောက်သူတွေ၊ အရက်တော့ မသောက်ဘူး ဘီယာနဲ့ ဝိုင်တွေကို မကြာခဏ သောက်တယ်ဆိုရင်လည်း ရေဓာတ် ဆုံးရှုံးတတ်ပါတယ်။

    နောက်ပြီး အရက်ကို ရိုးရိုးသောက်ရာကနေ စွဲတဲ့အထိ ဖြစ်သွားပြီဆိုရင် ထမင်းမေ့ ဟင်းမေ့ သောက်ကြတာကြောင့် ဓာတ်ဆားချို့တဲ့တာတွေပါ ဖြစ်လာပါတယ်။

    • ရေလုံလောက်အောင် မသောက်တာ

    အထူးသဖြင့်တော့ အေးတဲ့ ရာသီဥတုမှာပေါ့။ ရေဓာတ်ဆုံးရှုံးတာထက် ရေဓာတ်ကို လုံလောက်အောင် မဖြည့်နိုင်တာမျိုးပါ။ အနည်းဆုံးတော့ ရေဆာချိန်၊ ဆီးအရောင်ရင့်နေချိန်ဆိုရင် ရေသောက်ဖြစ်အောင်  သောက်ပါ။ ဒါခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေပြီလို့ ပြောနေတာပါ။

    အမြဲသတိထားပြီး ရေသောက်တဲ့ အကျင့်လုပ်ပါ။ ဥပမာ အိပ်ရာနိုးနိုးချင်း ရေတစ်ခွက်သောက်မယ်၊ ရေချိုးခါနီး တစ်ခွက်သောက်မယ် စသဖြင့်ပေါ့။ ပြီးတော့ ကိုယ်အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် ရေဘူးလေးကို အနီးနားမှာ ထားထားပါ။

    • အစားအသောက်

    အစားအသောက်မှာဆိုရင် စားတာနဲ့ မစားတာနဲ့ နှစ်ပိုင်း ရှိပါတယ်။ စားတာကနေ စပြောရအောင်။

    နေ့စဉ်စားတဲ့အခါ အချိုတွေ၊ အငန်တွေ၊ ဆီကြော်တွေ စားတာက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပြီး ဓာတ်ဆားမမျှတတာကို ဖြစ်စေပါတယ်။ သကြားဓာတ်နဲ့ ဆိုဒီယမ်ဓာတ်တွေက ရေဆွဲတဲ့အတွက် ခန္ဓာကိုယ်တွင်းမှာ ရေဓာတ် ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။

    ဆိုဒီယမ်ဆိုရင် အိမ်သုံးဆားကနေပဲ ရတာမဟုတ်ပါဘူး။ ငံပြာရည်၊ ပဲငံပြာရည်အကြည်၊ အနောက်၊ ခရုဆီ၊ အချိုမှုန့် စတာတွေမှာလည်း ပါနေပါတယ်။ ဒါကြောင့် အပြင်စာတွေ စားပြီးရင် ရေငတ်တယ်လို့ ခံစားရတာ ဒါကြောင့်ပါ။

    မစားတာဆိုရင်တော့ ဓာတ်ဆားဓာတ်အောင် လုံလောက်အောင် မစားတာမျိုးပါ။ ဓာတ်ဆားဆိုတော့ တကယ်တော့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ် စတဲ့ သတ္တုဓာတ်တွေကို ပြောတာပါ။ ဒီဓာတ်တွေကို အသီးအရွက်တွေ၊ နို့ထွက်ပစ္စည်းတွေကနေ ရနိုင်ပါတယ်။ အစားပုံမှန်မစားဖြစ်တာ၊ အစားကြေးများတာတွေ ရှိရင် ဒီဓာတ်ဆားဓာတ်တွေ ချို့တဲ့နိုင်ပါတယ်။

    • ဆေးဝါးများ

    ဆီးဆေးတွေ၊ သွေးပေါင်ကျဆေးတွေ၊ ဝမ်းပျော့ဆေးကလည်း ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတာ၊ ဓာတ်ဆားမမျှတတာကို ဖြစ်စေပါတယ်။

    ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတဲ့အခါ ဘာလက္ခဏာတွေ ပြနိုင်လဲ။

    ချွေးထွက်ရင်တော့ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးပြီဆိုပြီး သတိထားမိကြပေမဲ့ အပေါ်က အပြုအမူတွေ လုပ်မိရင်တော့ သတိထားမိမှာ မဟုတ်ပါဘူး။

    ချွေးထွက်လို့ပဲဖြစ်ဖြစ်၊ အပေါ်က အကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ရေဓာတ်ဆုံးရှုံးတဲ့အခါ

    • ဆီးနည်းသွားတာ
    • ဆီးအရောင်ရင့်တာ
    • ရေသောက်မဝတာ
    • မူးပြီး နုံးနေတာတွေ ခံစားရတတ်ပါတယ်။

    ဓာတ်ဆားပါ ဆုံးရှုံးနေပြီဆိုရင်တော့

    ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

    ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးစေတဲ့ အမူအကျင့်ကို ပြုပြင်ဖို့နဲ့ ရေနဲ့ ဓာတ်ဆား မချို့တဲ့အောင် နေဖို့က အရေးကြီးပါတယ်။ ဒါကြောင့်

    • ကဖင်းပါတာတွေ၊ အရက်ပါတာတွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။ အဲ့တာတွေ သောက်တဲ့နေ့ဆို သတိတရနဲ့ ရေ၊ ဓာတ်ဆားရည် စတာတွေ သောက်ပေးပါ။
    • အချို၊ အငန်၊ ဆီကြော်တွေ တတ်နိုင်သမျှ လျှော့စားပါ။
    • နေ့စဉ်စားတဲ့ထဲမှာ အသီးအရွက်၊ အသီးအနှံ ပါအောင် စားပါ။
    • ရေသောက်ဖို့ မမေ့ပါနဲ့။ အထူးသဖြင့် ဆီးအရောင်ရင့်လာပြီ၊ ရေငတ်တယ်လို့ ခံစားလာရပြီဆို သောက်ဖြစ်အောင် သောက်ပါ။
    • ဆေးတွေကြောင့်လို့ ထင်ရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။

    အကြံပြုချက်

    ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ဆိုရင်  ရေနဲ့ ဓာတ်ဆားတွေ ပြည့်ဝနေဖို့ လိုပါတယ်။ ကိုယ်က ချွေးမထွက်လို့ ရေနဲ့ ဓာတ်ဆားတွေ မဆုံးရှုံးဘူးလို့ မထင်ပါနဲ့။ ခုပြောခဲ့တဲ့ အကျင့်လေးတွေက မသိလိုက်ဘဲနဲ့ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးစေတာကြောင့် သတိတရနဲ့ ပြန်ဖြည့်ပေးဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement