backup og meta

ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ

    လူတိုင်းလိုလိုမှာ ချမ်းသာချင်တဲ့ စိတ်ကူးအိပ်မက်တွေကတော့ ရှိစမြဲပါ။ ဒါပေမယ့် ဒီစိတ်ကူး အိပ်မက်တွေကို အကောင်အထည်ပေါ်အောင် ဖော်ဆောင်နိုင်သူက ရှားသလို နည်းစနစ်မှန်မှန်နဲ့ အကောင်အထည် ဖော်နိုင်သူကလည်း ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။ အချို့ကလည်း ဘယ်လို နည်းလမ်းတွေနဲ့ အကောင်အထည် ဖော်ရမှန်း မသိတာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

    ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ

    တစ်ခုခုကို အောင်မြင်ချင်တဲ့အခါ အကောင်းဆုံး ထောက်ကူပေးနိုင်မယ့် နည်းလမ်း တစ်ခုရှိပါတယ်။ ဒါကတော့ ဒီအခြေအနေကို အောင်မြင်ခဲ့ဖူးတဲ့သူတွေ ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေကို အတုယူတာပါ။ ငွေရေးကြေးရေးအရ အောင်မြင်ချင်တယ်ဆိုရင် မီလျံနာတွေ၊ ကျိကျိတက်ချမ်းသားနေကြတဲ့ သန်းကြွယ်သူဌေးကြီးတွေရဲ့ အလေ့အကျင့်ကောင်းတွေကို အတုယူရပါမယ်။ အနီးအပါးမှာ မရှိဘူးဆိုရင်လည်း ခေတ်မီလှတဲ့ ဒီဘက်ခေတ်မှာ စာပေတွေကနေ တဆင့် လေ့လာသင်ယူနိုင်သလို အွန်လိုင်းကနေတဆင့်လည်း လေ့လာသင်ယူနိုင်ပါတယ်။ 

    ကဲ …… ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ က ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ 

  • ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ကြတယ်
  • ချမ်းသာသူတိုင်းမှာ ရှိတတ်တဲ့ အလေ့အကျင့် တစ်ခုကတော့ ကိုယ့်ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်တာပါ။ မီလျံနာတွေက ဘယ်တော့မှ သူတို့ကိုယ်သူတို့ လျစ်လျူ မရှု့တတ်ကြပါဘူး။ သူတို့တွေက တစ်နေ့တာမှာ စီမံလုပ်ကိုင်ရတဲ့ လုပ်ငန်းပေါင်း များစွာကို သေချာစွာ လုပ်ကိုင်နိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လေ့ကျင့်ခန်း လုပ်တာအိပ်စက်မှု ပုံစံ စတာတွေကို သေချာလေး ဂရုစိုက်လေ့ရှိကြပါတယ်။

    သူတို့တွေဟာ အနည်းဆုံး တစ်ရက်ကို မိနစ် ၃၀ နှုန်းနဲ့ ၁ ပတ်ကို ၄ ရက်လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်လေ့ရှိပါတယ်။ ညတိုင်းမှာလည်း အိပ်ရာဝင်ချိန် မှန်ကြပါတယ်။ ဒါကြောင့်လည်း သူတို့က ကျန်းမာ တက်ကြွနေကြတာပါ။ ဒီတော့ ကိုယ်တိုင်ကလည်း မီလျံနာ စိတ်ကူးအိပ်မက် ရှိတယ်ဆိုရင် ကျန်းမာရေးကို ဂရုစိုက်လို့ ကျန်းမာစေမယ့် အလေ့အထလေးတွေကို မွေးမြူပါ။ 

    • စုဆောင်းတတ်ကြတယ်

    မီလျံနာ တော်တော်များများ လက်ခံထားကြတဲ့ အယူအဆ တစ်ခုရှိပါတယ်။ ဒါကတော့ ငွေကြေး စုဆောင်းတတ်မှုက အောင်မြင်မှုအတွက် အရေးပါတယ်ဆိုတာကိုပါ။ မီလျံနာ ၈၈% က ဒီအချက်ကို ကွဲလွဲမှု မရှိ လက်ခံကြပါတယ်။ ကြွယ်ဝချမ်းသာသူတိုင်းက လစဉ် သူတို့ ဝင်ငွေရဲ့ ၂၀% ကို ပုံမှန်လေး စုဆောင်းကြပါတယ်။ ဒါကြောင့် မီလျံနာ အိပ်မက် အကောင်အထည်ပေါ်ချင်တယ်ဆိုရင် ဝင်ငွေရဲ့ ၂၀% ကို ပုံမှန် စုဆောင်းပေးဖို မမေ့ပါနဲ့။

    • ပိုမို ချမ်းသာစေဖို့ ရင်းနှီးမြှုပ်နှံ ကြတယ်

    မီလျံနာတွေက သူတို့ရဲ့ ဝင်ငွေတွေကို စုဆောင်းကြသလို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ တိုးပွားစေဖို့လည်း စဉ်ဆက်မပြတ် ကြိုးစားနေတတ်ကြပြန်ပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေက ပိုမို ချမ်းသာစေဖို့ မှန်ကန်သင့်တော်ရာမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ချမ်းသာချင်တယ်ဆိုရင် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်မှာ လုပ်ဆောင်ဖို့ လိုပါမယ်။ 

  • ခြိုးခြံချွေတာကြတယ်
  • မီလျံနာတွေက ပိုက်ဆံကို ကြိုးကြိုးကုပ်ကုပ် ရှာသလောက် အသုံးအစွဲကျပြန်တော့လည်း တော်တော်လေး ခြိုးခြံချွေတာကြပါတယ်။ မလိုအပလံ အပိုမကုန်စေဖို့ စေ့စေ့စပ်စပ် သုံးစွဲကြပါတယ်။ တကယ်ကတော့ မီလျံနာဖြစ်ဖို့ဆိုတာ ကာလရှည်ကြာ ကြိုးပမ်းရတာဖြစ်ပြီး ချမ်းသာစေမယ့် အကောင်းဆုံး နည်းလမ်း ကငွေကြေးကို ကြိုးကြိုးစားစားရှာဖို့၊ မှန်ကန်တဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံပြီး ခြိုးခြိုးခြံခြံ သုံးဖို့ပါ။ 

    မီလျံနာတွေက အပျော်ခရီးတွေအတွက် ငွေကြေး သုံးစွဲမှု နည်းသလို၊ အိမ်ထောင်မှု အသုံးအဆောင်တွေအတွက်လည်း ငွေကြေး သိပ်မသုံးကြပါဘူး။ နောက်ပြီး ကားစီးတဲ့အခါ အသစ်ထက် တစ်ပတ်ရစ်ကို ပိုစီးကြပါတယ်။ 

    • အမြဲတက်ကြွ လန်းဆန်းနေတယ်

    မီလျံနာတွေရဲ့ အလုပ်ချိန်က တစ်နေ့ကို မနက် ၉ ညနေ ၅ ဆိုတာထက် ပိုပါတယ်။ သူတို့က အချိန်ရရင် ရသလို အလုပ်ကို လုလုပ်တတ်ကြသူတွေပါ။ သူတို့တွေအား ပျမ်းမျှ တစ်ပတ်ကို အလုပ်ချိန် ၅၈ နာရီထက် ပိုလုပ်လေ့ ရှိကြပါတယ်။ သူတို့တွေရဲ့ ၈၆% လောက်က အလုပ်လုပ်နေရတာကို နှစ်ခြိုက်ကြသူတွေလို့ သိရပါတယ်။

    သူတို့က အချိန်ကို မဖြုန်းတတ်ဘဲ အချိန်တိုင်းမှာ အကျိုးရှိမယ့် အလုပ်တွေကို လုပ်နေတတ်ကြသူတွေပါ။ ကဲ … မီလျံနာဖြစ်ချင်တယ်ဆိုရင် အချိန်မဖြုန်းကြပါနဲ့နော်။ 

    # အမှာစကား

    အောင်မြင်ချမ်းသာသူအဖြစ် ရပ်တည်ဖို့ဆိုရင် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ အိပ်ချိန်ကို အနည်းဆုံး ၇ နာရီ ရှိအောင် ဂရုစိုက်တာအပြင် ပုံမှန် စုဆောင်းမှုတွေကိုလည်း လုပ်ဆောင်ကြပါတယ်။ သူတို့တွေက မလိုအပ်ဘဲ သုံးစွဲမှုတွေကိုလည်း မလုပ်ကြပါဘူး။ ဒီလို အလေ့အကျင့်ကောင်းလေးတွေကို မွေးမြူပေးတာက မီလျံနာဖြစ်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement