စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ
စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ လို့ ပြောရတာက နွေကနေ မိုးကို စကူးချိန်မှာ မိုးရွာလာပြီ ဆိုပေမယ့် အပူရှိန်က လုံးဝကြီး ကုန်မသွားသေးပါဘူး။ ဒီလို စပ်ကူးမတ်ကူး ကာလမှာ လေထုထဲမှာ စိုထိုင်းဆက များနေပါတယ်။ ဒီလို စိုထိုင်းဆ များနေခြင်းကို ဘယ်လိုမျိုး သိနိုင်မလဲဆိုရင် ခန္ဓာကိုယ်မှာ အိုက်စပ်စပ် ဖြစ်တာ၊ ချွေးစေးတွေ ပြန်နေတာ၊ ခန္ဓာကိုယ်မှာ ချွေးနဲ့ စေးကပ်ကပ် ဖြစ်နေတာမျိုးတွေကို ခံစားရနိုင်သလို နွေရာသီမှာ မိတ်ထွက်ထားပြီး မိတ်မပျောက်သေးတဲ့သူတွေမှာဆိုရင် မိတ်ကိုက်တယ်လို့ ခေါ်တဲ့ မိတ်စူးတာမျိုးကို ခံစားရနိုင်ပါတယ်။
ဒီလို စိုထိုင်းထိုင်း ရာသီဥတုမှာ အပူဒဏ်က ကျန်နေသေးပေမယ့် အရမ်းမပြင်းထန်တော့သလို ဖြစ်နေတာကြောင့် အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်မိတာ၊ ရေသိပ်မသောက်ဖြစ်တာတွေ ဖြစ်နိုင်သလို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရတာကို နှစ်သက်တဲ့သူတွေမှာဆိုရင်လည်း လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်မိတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီအခြေအနေတွေက ဘာဖြစ်လာသလဲဆိုတော့ ခန္ဓာကိုယ်မှာ ချွေးထွက်စေပြီး ရေနဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးတာ၊ ရေဓာတ်ခမ်းခြောက်တာမျိုးတွေကို ဖြစ်စေနိုင်သလို အပူကြောင့် ခြေကုန်လက်ပမ်းကျတာ၊ ကြွက်တက်တာတွေကို ဖြစ်စေနိုင်သလို အဆိုးဆုံးအနေနဲ့ အပူလျှပ်တာမျိုးကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် မိုးစရွာပြီဆိုတိုင်း အပူက လုံးဝပျောက်သွားတာ မဟုတ်ပါဘူး။ အပူကလျော့ဖို့ အစပြုစပဲ ရှိနေသေးပြီး လုံးဝ လျှော့မသွားသေးပါဘူး။ ဒါကြောင့် ရာသီဥတုက စိုထိုင်းထိုင်း ဖြစ်လာပြီဆိုပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် လုပ်တာ အလုပ်တွေကို ပြင်းပြင်း ထန်ထန် လုပ်တာမျိုး မလုပ်ပါနဲ့ဦး။ ဒီလိုရာသီဥတုမှာ ရေသောက်နည်းတာ၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်တာက ကျန်းမာရေးကို နွေရာသီမှာလိုပဲ ထိခိုက်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။