ဧပြီလ စလာရင်အပျော်ဆုံးခံစားချက်က သင်္ကြန်ကို မျှော်ရတာပါ။ တစ်နှစ်မှတစ်ခါကျတဲ့ သင်္ကြန်ကို အပြည့်အဝပျော်ချင်တာကိုး။ ဒီတော့ သင်္ကြန်ကို ဘေးကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာကိုပြောပါရစေနော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဧပြီလ စလာရင်အပျော်ဆုံးခံစားချက်က သင်္ကြန်ကို မျှော်ရတာပါ။ တစ်နှစ်မှတစ်ခါကျတဲ့ သင်္ကြန်ကို အပြည့်အဝပျော်ချင်တာကိုး။ ဒီတော့ သင်္ကြန်ကို ဘေးကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာကိုပြောပါရစေနော်။
သင်္ကြန်လည်မှာပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်မှာပဲဖြစ်ဖြစ်ဘေးကင်းဖို့ မဖြစ်မနေလိုပါတယ်နော်။ ဒီတော့ပျော်စရာကောင်းတဲ့ သင်္ကြန်ကာလမှာဘေးကင်းကင်းနဲ့ပျော်နိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်နော်။
သင်္ကြန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓါကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေသောက်မိနိုင်ခြေတော်တော်လေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။
သင်္ကြန်မှာ ထိခိုက်စေမယ့်အရာတွေကရေတစ်ခုတည်းမကပါဘူး။နေရောင်နဲ့ တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့လေပါ။ ဒါပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ သင်္ကြန်ရေထဲမှာ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေလည်းပါတတ်ပါသေးတယ်။
သင်္ကြန်လည်ရင် ဘာတွေယူသွားမလဲ ……… သင်္ကြန်ကို ပျော်စရာအတိပြည့်နေတဲ့ ကာလလေးအဖြစ်ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒီပစ္စည်းလေးတွေကို တပါတည်းယူသွားပါနော်။
သင်္ကြန်လည် တဲ့အခါမှာတွေ့ကရာတွေမစားဖို့ မသောက်ဖို့ကိုလည်း သတိထားပါ။ရေလုံလောက်အောင်သောက်ပါ။ အပေါ်မှာပြောတဲ့ပစ္စည်းလေးတွေကိုပါအောင်ယူလို့ သင်္ကြန်ကာလကိုပျော်ရွှင်စွာဖြတ်သန်းလို့ပျော်ရွှင်စရာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးတို့ရေ………………………
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။