၆။ ကင်ဆာရောဂါ
ဝမ်းဗိုက်၊ အူမကြီး၊ အသည်းနဲ့ တခြားသော ကိုယ်တွင်းအင်္ဂါမှာ ကင်ဆာရောဂါ အမြစ်တွယ်နေတဲ့အခါ ရှားရှားပါးပါး တွေ့ရတတ်တဲ့ လက္ခဏာအဖြစ် ချိုင်းသားမည်းညစ်တာမျိုး တွေ့ရတတ်ပါတယ်။
ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။
ချိုင်းသားကို မည်းညစ်စေနိုင်တဲ့ အကြောင်းရင်းတွေ များစွာ ရှိတဲ့အတွက် အကောင်းဆုံးကတော့ အရေပြားအထူးကု ဆရာဝန်နဲ့ ပြသပြီး ကိုယ့်ပြဿနာရဲ့ အကြောင်းအရင်းဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ပြီးမှ သေချာကုသမှု ခံယူသင့်ပါတယ်။
၁။ ရေချိုးတိုင်း ကိုယ်ခန္ဓါအနှံ့ကို ဆပ်ပြာနဲ့ သေချာဆေးကြောပြီးပုံမှန်ကြေးချွတ်ပေးသင့်ပါတယ်။ ချိုင်းသားဆိုတာ ချွေးအလွန်ထွက်ပြီး ဘက်တီးရီးယားတွေ လျင်မြန်စွာ ပေါက်နိုင်တာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို သေချာအလေးထားပြီး ဂရုစိုက်ပေးသင့်ပါတယ်။
၂။ မလိုအပ်ဘဲ ချိုင်းမွေးကို ရိတ်တာ၊ နှုတ်တာမျိုး ရှောင်သင့်ပါတယ်။ မဖြစ်မနေ လုပ်ပေးရမယ့် အခြေအနေမျိုးမှာလည်း ချိုင်းသားကို ဆပ်ပြာနဲ့ အရင်ဆေးကြောပေးပါ။ ပြီးရင် အမွေးရိတ်ရာမှာ အရေပြားဆဲလ်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ထိခိုက်မှုနည်းစေတဲ့ shaving cream တွေ အသုံးပြုပေးပါ။ သေချာ ပြောင်စင်အောင် ဆေးကြောပြီးသွားရင် ချိုင်းသားအသားအရေကို အစိုဓါတ်ထိန်းခရင်မ် ပြန်လိမ်းပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။