သတ်မှတ်ချိန်ထက်စောစောလေးပြီးအောင်လုပ်တတ်တဲ့ အလေ့အထမွေးပါ
အလုပ်တွေကို အချိန်မီလုပ်တတ်စေဖို့ သတ်မှတ်ချိန်ထက်စောစောလေးပြီးအောင်လုပ်တတ်တဲ့ အလေ့အထလေးမွေးမြူထားပါ။ အလုပ်ကို အချိန်ကိုက်ပြီးအောင်လုပ်တတ်တာကကောင်းပေမယ့်စောစောလေးပြီးစီးနေတာကတော့ အကောင်းဆုံးပါနော်။
မြင်သာတဲ့နေရာမှာ နာရီထားပါ
အလုပ်စားပွဲကနေလှမ်းမြင်ရတဲ့နေရာမှာ နာရီတစ်လုံးကိုထားလို့ အချိန်ကို မကြာခဏကြည့်ပေးပါ။ အလုပ်ကိုအချိန်ကိုက်လုပ်တတ်လာပါလိမ့်မယ်။
အာရုံစူးစိုက်ပါ
တစ်နေ့တာမှာ အလုပ်တာဝန်တွေများတာသိပေမယ့် အလုပ်များလို့ဆိုပြီး အာရုံများလို့မဖြစ်ပါဘူး။ အာရုံများတာက အလုပ်မပြီးစေဖို့ အားပေးရာရောက်သွားနိုင်ပါတယ်။ ဒါကြောင့် လုပ်နေတဲ့ အလုပ်တစ်ခုအပေါ်မှာပဲ အာရုံစိုက်ထားပါ။
အာရုံထွေပြားစရာတွေနဲ့ ခပ်ကင်းကင်းနေပါ
အလုပ်လုပ်နေချိန်မှာ အာရုံထွေပြားစေမယ့်အရာတွေ ဥပမာ – ဟန်းဖုန်းကို ခပ်ဝေးဝေးမှာထားပေးပါ။ ဆိုရှယ်မီဒီယာတွေဖွင့်ထားတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက အာရုံစူးစိုက်မှုပိုကောင်းစေပြီး အလုပ်တွင်စေမှာပါ။
အရေးကြီးတာကို သိပါစေ
အလုပ်လုပ်တဲ့အခါ အရေးအကြီးဆုံးကနေစလုပ်ပါ။ ဒါမှ အလုပ်ပြီးမြောက်မှုဖြစ်စဉ်ကအောင်မြင်မှာပါ။ ဒါကြောင့် မနက်ခင်းစတင်ချိန်မှာ အရေးအကြီးဆုံးဖြစ်မယ့် အရာကနေစတင်လုပ်ဆောင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။