အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ကားမမူးအာင် လေ့ကျင့်လို့ရပါသလား ။ ။

မခံစားဖူးတဲ့သူတွေကတော့ မသိပေမယ့် ခံစားဖူးတဲ့သူတွေအတွက်ကတော့ ကားမူးတယ်ဆိုတာ အတော့်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပဲနော်။ တစ်ချို့ဆို ကားမူးတတ်လွန်းလို့ ခရီးသွားရမှာ ကြောက်ပြီး ကိုယ့်မြို့ကနေ အခြားဘယ်ကိုမှ ခရီးမထွက်တဲ့သူတွေရှိပါတယ်။ အိမ်ထဲမှာပဲနေပြီး အခြားကမ္ဘာကြီးရဲ့ လှပတဲ့နေရာကို မရောက်ဖူးရင်တော့ ဘယ်မှာ သွားပြီး လူဖြစ်ရကျိုးနပ်မလဲနော်။ ကားမူးတဲ့ဝေဒနာကိုလည်း ကြောက်တယ် ခရီးတွေလည်း သွားချင်တယ် ဒီတော့ ကားမမူးတတ်အောင်များ လေ့ကျင့်လို့ရမလား။ ။ ကားဘာ့ကြောင့် မူးရတာလဲ ။ ။ ကားမူးတတ်ဆိုတာ ကားရဲ့လှုပ်ရှားမှုနဲ့ လိုက်ပြီး မျက်စိကမြင်ရတဲ့ အချက်ပြစနစ်တွေကို ဦးနှောက်ဆီပေးပို့ချက်နဲ့ ကိုယ်ခန္ဓါရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်တာကြောင့် မူးဝေ အော့အန်တာဖြစ်ပါတယ်။ ကားမမူးအောင် လေ့ကျင့်လို့ရလား ။ ။ ကိုယ်ခန္ဓါပေါ်မှာရှိတဲ့ ဘယ်အရာမှ လေ့ကျင့်လို့မရဘူးဆိုတာမရှိပါဘူး။ ဒါ့ကြောင့် မျက်စိအမြင်အာရုံနဲ့ နားအတွင်းအဂါၤတို့နဲ့ဆိုင်တဲ့ ကားမူးခြင်းဟာလည်း မမူးအောင် လေ့ကျင့်လို့ရတဲ့အရာတစ်ခုပါ။ ဘယ်လိုလေ့ကျင့်ကြမလဲ ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဟော်မုန်းဆိုတာဘာလဲ။ သူတို့တွေ ဘယ်ကနေထွက်လာကြတာလဲ ။ ။

လူကစိတ်ကထိန်းချုပ်တယ်၊ စိတ်ကို ဟော်မုန်းကထိန်းချုပ်တယ်တဲ့။ ကိုယ်ခန္ဓါရဲ့ လုပ်ငန်းစဉ်တွေ မှာ ပါဝင်နေတဲ့ ဟော်မုန်းပေါင်းများစွာရှိပါတယ်။ သူတို့ တစ်ခုချင်းဆီက ကိုယ်ခန္ဓါအတွက် အရေးပါလှပြီး သူတို့နည်းချင်း များခြင်းဟာ ပုံမှန် မဟုတ်တဲ့ ပြဿနာတွေကိုဖြစ်စေပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဟော်မုန်း တွေနဲ့ ပက်သက်တဲ့အကြောင်းလေးတွေကို ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာဖြစ်လို့ ကိုယ့်ကိုယ်ခန္ဓါအကြောင်း စိတ်ဝင်စားတဲ့သူတိုင်း ဖတ်သင့်တယ်နော် ။ ။ ဟော်မုန်းဆိုတာဘာလဲ ။ ။ ဟော်မုန်းဆိုတာ chemical messengers လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ ဓါတုအချက်ပြစနစ်လေးတွေဖြစ်ပြီး သူတို့ကို endocrine glands တွေကနေ ထုတ်လုပ်လေ့ရှိပါတယ်။ ဒီအချက်ပြစနစ်လေးတွေက ကိုယ်ခန္ဓါ ဘက်ညီစွာ လှုပ်ရှားနိုင်ဖို့၊ အခြား အခြေခံအချက်တွေဖြစ်တဲ့ ဗိုက်ဆာတာ၊ အိပ်စက်တာ ကနေ ရှုပ်ထွေးတဲ့အဆင့်တွေဖြစ်တဲ့ မျိုးပွားခြင်း လုပ်ငန်းစဉ်တွေ အထိ သူတို မပါလို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကို ဟော်မုန်းက အုပ်ချုပ်သည်။ ။

ကိုယ်ခန္ဓာကို ဘက်ညီအောင် ထိန်းပေးနေတဲ့ ဟော်မုန်း ပေါင်းများစွာရှိပါတယ်။ သူတို့နဲ့ ပတ်သက်ပြီးသိချင်နေကြတဲ့ မေးခွန်းတွေမေးထားကြတာရှိတာကြောင့် သူတို့နဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို လေ့လာကြည့်ရအောင် ။ လူကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကို ဟော်မုန်းက အုပ်ချုပ်သည်။ ။ ဟော်မုန်းတွေက ဗိုက်ဆာတဲ့ ဖြစ်စဉ်မှာရော ပါလား။ ဗိုက်ဆာတယ်၊ ဗိုက်ပြည့်တယ်ဆိုတဲ့ဖြစ်စဉ်မှာလည်း ဟော်မုန်းတို့က ထိန်းချုပ်ထားပြန်ပါတယ်။ ghrelin လို့ခေါ်တဲ့ ဗိုက်ဆာကြောင်း အသိပေးတဲ့ ဟော်မုန်းနဲ့ leptin လို့ခေါ်တဲ့ ဗိုက်ပြည့် ကြောင်း အချက်ပြတဲ့ ဟော်မုန်းတို့ပါ။ အမျိုးသားတွေဟာလည်း အမျိုးသမီးလိုပဲ သွေးဆုံးလေ့ရှိပါသလား။ အမျိုးသားတွေမှာ အမျိုးသမီးတွေလိုမျိုး ဟော်မုန်းပြောင်းလဲပြီး သွေးဆုံးချိန် ဆိုတာ မရှိပါဘူး။ အမျိုးသမီးတွေမှာ သွေးဆုံးသွားပြီဆိုတာနဲ့ ကိုယ်ဝန်လွယ်ဖို့ မဖြစ်နိုင်တော့ပေမယ့် အမျိုးသားတွေမှာ ခုလို သွေးဆုံးတာမျိုး မရှိတဲ့အတွက် သူတို့ ဘယ်လောက် အသက်ကြီးကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လိင်ဆက်ဆံနေစဉ် လေလည်ဖို့ မရှက်ပါနဲ့

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ချစ်တင်းနှီးနှောနေတဲ့အချိန်မှာ လေလည်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာဖြစ်ပြီး တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်က လိင်ဆက်ဆံနေလို့လည်း ဗိုက်ထဲက အစာခြေစနစ်က ငြိမ်နေတာမဟုတ်ပါဘူး။ သူ့အလုပ်သူ လုပ်နေတာဖြစ်ပါတယ်။ ကိုယ်နောက်ဆုံး အစာစားထားတာ ဘယ်အချိန်လဲ၊ ကိုယ်စားလိုက်တဲ့ အစားအစာ၊ နောက်ဆုံး ဝမ်းသွားထားချိန် ဒါတွေပေါ်မှာ မူတည်ပြီး လေလည်နိုင်ပါတယ်။ ဘာလို့ လိင်ဆက်ဆံနေစဉ်မှာ လေလည်တာလဲ။ အမျိုးသမီးတွေမှာ လိင်တံက မိန်းမကိုယ်တွင်း တိုးဝင်လာတဲ့အခါ ဖိအားသက်ရောက်ပါတယ်။ ဒီဖိအားက မိန်းမကိုယ် အတွင်းသားနံရံအပြင် သူနဲ့ နီးကပ်နေတဲ့ စအိုကိုပါ သွားပြီး သက်ရောက်တဲ့အတွက် လေတွေ အပြင်ကို ထွက်လာရတာပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လေလည်ရခြင်းဟာ လိင်ဆက်ဆံတဲ့ ပုံစံအနေအထားနဲ့တော့ သက်ဆိုင်မှု မရှိပါဘူး။ အထူးသဖြင့် လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ပြီးတဲ့အခါ ခန္ဓါကိုယ်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူတိုင်းသိသင့်တဲ့ ၊ သိချင်နေကြတဲ့ သွေးအုပ်စု ၄ခုနဲ့ ပက်သက်တဲ့ မေးခွန်းများ ။ ။

ဒီအတိုင်း ကျန်းမာနေတုန်းကတော့ ကိုယ့်သွေးက ဘာသွေးလဲဆိုတာလောက်ပဲ စိတ်ဝင်စားပြီး အခြားသွေးအုပ်စုတွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို အမှတ်တမဲ့ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အခြေအနေကြောင့် မဖြစ်မနေ သွေးသွင်းရတော့မယ့် ဆိုရင် စိတ်ထဲ ပေါ်လာတတ်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ် ။ ။ ဒါတွေအတွက် အဖြေက ဒီမှာပါ။ ။ Q – သွေးအုပ်စု ဘယ်နှစ်ခုရှိလဲ။ ဘယ်သွေးက အရှားဆုံးနဲ့ ဘယ်သွေးက အပေါဆုံးလဲ။ ။ A B AB O ဆိုပြီးသွေးအုပ်စု ၄ မျိုးရှိပါတယ်။ ဒီထဲမှာ AB သွေးက အရှားဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄ ရာခိုင်နှုန်းပဲရှိပါတယ်။ O သွေးကတော့ အပေါဆုံးဖြစ်ပြီး ရှေးအကျဆုံး သွေးလို့လည်း သတ်မှတ်ထားကြပါတယ်။ ရှေးအကျဆုံးဆိုတာက သူ့ကို အရင်တွေ့ပြီးနောက်ပိုင်းမှ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးသွင်းရတော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။

သွေး အုပ်စု ၄ခုရှိတယ်။ သွေးတွေက သူ့သွေးအမျိုးအစားတိုင်း သွင်းမှရတယ်ဆိုတော့ လူတိုင်းလူတိုင်း ကိုယ့်သွေး အမျိုးအစားကို သေသေချာချာ တိတိကျကျ သိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သွေး အမျိုးအစားနဲ့ ပက်သက်ပြီး လူတိုင်း မသိသေးတဲ့အချက်တွေကို ပြောပြပေးသွားမှာ ဖြစ်တာကြောင့် အားလုံး ဖတ်ကြည့်သင့်တယ်နော် ။ ။ သွေးအုပ်စု ကြီး ၄ ခုပဲရှိတယ်ဆိုတာ သေချာလို့လား။ ။ သွေး အမျိုးအစား ၄ မျိုးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ A B AB O ဆိုတဲ့ လေးမျိုးပေါ့။ ဒီ ၄ မျိုးကိုမှ အပေါင်းသွေး အနှုတ်သွေးလေးပါ ထပ်ထည့်လိုက်ရင် စုစုပေါင်း ၈ မျိုးကွဲသွားပါတယ်။ ဒီတော့ သွေး အုပ်စု ၈ ခုလောက်ရှိတယ်လို့ ပြောရမှာပေါ့။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်သွေးက ဘာအမျိုးအစားလဲ။ ဘယ်လိုရောဂါဖြစ်နိုင်ခြေပိုများလဲ ။ ။

လူတိုင်းလူတိုင်း ကိုယ်ပိုင် သွေးအမျိုးအစားတွေရှိပါတယ်။ Aသွေး Bသွေး ABသွေး Oသွေး စတဲ့ ဒီ သွေး ၄ မျိုးထဲက တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားကြတဲ့သူတိုင်းပါ။ သွေးအမျိုးအစားပေါ်မူတည်ပြီး ပင်ကိုယ်စရိုက်၊ အိုသွေး ပိုင်ရှင်တွေက ဘယ်လို၊ အေ သွေး ပိုင်ရှင်တွေရဲ့ အကျင့်စရိုက် ဘယ်လိုဆိုပြီး စတဲ့ ဆောင်းပါးတွေကိုဖတ်ဖူးကြမှာပါ။ ဒီဆောင်းပါးမှာကတော့ ေသွး အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ အချစ်ရေး၊ စိတ်နေစိတ်ထားတို့အစား ပိုပြီး အရေးကြီးတဲ့ ကျန်းမာရေးဘက်ကို သွားမှာ ဖြစ်ပါတယ်။ ကဲ ဘယ်သွေးပိုင်ရှင်တွေက ဘယ်လိုရောဂါတွေ ဖြစ်နိုင်ခြေ ပိုများလဲ ဆက်ကြည့်ရအောင် ။ ။ သွေးအမျိုးအစားလိုက် ဖြစ်နိုင်ခြေ အများဆုံးရောဂါများ ။ ။ A သွေး ။ ။ A သွေး အမျိုးအစားပိုင်ရှင်တွေအတွက် ကြောက်စရာအကောင်းဆုံးကတော့နဲ့ […]


အခြေခံကျန်းမာရေး

သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး

အိမ်လေးဆိုရင် သန့်ရှင်းသပ်ရပ်နေမှကြိုက်တယ်ဆိုတာက ကြီးကျယ်တာမဟုတ်ပါဘူး။ ဒါက လူတိုင်းမှာဖြစ်သင့်တဲ့ စိတ်ဆန္ဒတစ်ခုပါနော်။ ကြမ်းပြင်လေးဆိုပြောင်နေမှ၊ မှန်လေးဆိုကြည်နေမှ၊ စင်လေးတွေဆို ဖုန်ကင်းနေမှဆိုတာက လိုအပ်တဲ့ အိမ်သန့်ရှင်းမှုတွေထဲက အခြေခံကျတဲ့အကြောင်းအရာပါနော်။ မနက်ခင်းလင်းလာရင် မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီးတာနဲ့ လုပ်မိတာကနေအိမ်လေးသန့်စင်ဖို့ဆိုရင်တော့ ကိုယ်တိုင်ရော မိသားစုအတွက်ပါကောင်းကျိုးများတဲ့ အလုပ်လေးတစ်ခုကို လုပ်မိနေတာပါ။ သန့်ရှင်းသပ်ရပ်တဲ့နေအိမ်လေးကပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေ နေအိမ်လေးကို ပုံမှန်သန့်ရှင်းသပ်ရပ်နေအောင်ထားတာက အခုလိုအကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်ပါတယ်။ ဓါတ်မတည့်မှြုဖစ်နိုင်ခြေနည်းစေတယ် အိမ်ကို ပုံမှန်သန့်ရှင်းနေတဲ့အတွက် ဖုန်မှုန့်နဲ့ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကို သန့်စင်ပြီးသားဖြစ်နေမှာပါ။ တံမြက်စည်းလှည်းတာ၊ ဖုန်စုပ်တာတွေမှာ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားသန့်စင်ပြီးဖြစ်တာကြောင့် အအေးမိ၊တုပ်ကွေးအန္တရာယ်တွေကနေလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။ အသက်ရှုလမ်းကြောင်းပြဿနာ၊ ပန်းနာရင်ကျပ်ေရာဂါတွေလည်း ကင်းဝေးကြပါတယ်။ ရောဂါကင်းတယ် နေ့တိုင်းရေအိမ်၊ရေချိုးခန်းကစလို့ မီးဖိုခန်း၊အိပ်ခန်း၊ဧည့်ခန်းပါမကျန် သန့်စင်ထားမှုကြောင့် ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပြီးသားဖြစ်ပါတယ်။လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုးတွေကိုပါ တိုက်ဖျက်ပြီးသားဖြစ်လို့ ကျန်းမာပြီးရောဂါကင်းစေမှာပါ။ မှိုပေါက်ဖွားမှုလျော့နည်းစေနိုင်တယ် ပူနွေးစိုစွတ်မှုတွေကြောင့်ကော်ဇော၊ ခန်းဆီးလိုက်ကာတွေ၊ အိပ်ရာခင်းတွေမှာ မှိုပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။ ဒီမှိုပိုးတွေက အရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်သလို […]


အခြေခံကျန်းမာရေး

ဆေးဝယ်မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားရမလဲ

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဒီဆောင်ပုဒ်လေးက တကယ်မှန်တာပါနော်။ လူတိုင်းအတွက် အရေးအကြီးဆုံးက ကျန်းမာဖို့ပါ ခန္ဓာကိုယ်ကျန်းမာမှ အရာရာကို စွမ်းဆောင်နိုင်မှာပါ။ ဒါပေမယ့်လည်း တစ်ခါတလေမှာ နေမကောင်းဖြစ်တာတွေရှိမယ်။ မကျန်းမာတဲ့အချိန်တွေကြုံရလိမ့်မယ်။ အဲဒီအချိန်ဆို ဆေးဝါးတွေဝယ်ယူသုံးစွဲဖို့လိုအပ်လိမ့်မယ်။ ဆေးဝါးဝယ်ယူတဲ့အခါမှာ ဆေးဖြစ်ရင်ပြီးရောဆိုပြီး ဝယ်လို့မရဘူး။ သတိထားသင့်တဲ့အချက်ကလေးတွေရှိတယ်။ ဒီဆောင်းပါးထဲမှာ ဆေးဝယ်တဲ့အခါ ဘာတွေကိုသတိထားသင့်လဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာပါ။ ဈေးကွက်ထဲက ဆေးဝါးတုတွေရဲ့ အန္တရာယ် မကျန်းမာလို့ ဆေးသောက်ပါမယ်ဆိုမှ ဆေးက အတု၊ အရည်အသွေးမမီဘူးဆိုရင် ဆေးသောက်လို့ နေကောင်းမလာတဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေပါခံစားရနိုင်ပါသးတယ်နော်။ ဆေးတော့သောက်တာပဲ သက်သာမလာဘူး၊ ဆေးသောက်လိုက်မှာ အချို့သောကိုယ်တွင်းအစိတ်အပိုင်းတွေ ထိခိုက်သွားတယ်၊ လူကတစ်နေ့တခြားဆေးဒဏ်ကြောင့်လားမသိ နေရထိုင်ရမကောင်းဘူးဆိုတာတွေက ဆေးဝါးတုတွေရဲ့ ဆိုးကျိုးတွေကို ခံစားနေရတာပေါ့။ ဒီပြဿနာကို အများဆုံးကြုံရတာက မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ။ ဆေးဝါးဝယ်ယူတဲ့အခါ ဒီအချက်တွေကို သတိထားပါ ဆေးဝါးအတုတွေ စိတ်မချရတဲ့ဆေးဝါးတွေရဲ့ အန္တရာယ်မကြုံတွေ့ရဘဲ အနာနဲ့ဆေးတွေ့ဖို့က အရည်အသွေးကစလို့ အစစအရာရာ စိတ်ချရတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ

အခုရာသီဥတုမတရားပူတယ်။ အပြင်ထွက်ရရင် အသက်ရှူလို့တောင်မဝသလိုပဲ။ ဒီထက်ပိုပူလာမှာကို ပြင်ဆင်ထားရမယ်ထင်တယ်။ ဒီလို ပြင်ဆင်တဲ့အခါ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ အကြောင်းကိုလည်း သီထားဖို့ လိုပါမယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ ကို အခုလို ခွဲခြားနိုင်ပါတယ်။ ဒါကတော့  အရေးပေါ် နဲ့ အရေးပေါ်မဟုတ်တဲ့အခြေအနေများဆိုပြီး ခွဲလို့ရတယ်။ အရေးပေါ်အခြေအနေကနေ သေတဲ့အထိဖြစ်နိုင်တယ်။ အပူရှပ်တယ်လို့ ခေါ်ကြတယ်။ ဒါပေမယ့် နားလည်မှုလွဲနေတာက နေပူထဲကနေ ပြန်လာပြီး ရေချိုးလိုက်လို့ အဲကွန်းခန်းထဲဝင်လိုက်လို့စတာတွေကို အပူရှပ်တယ်လို့ ပြောနေကြတယ်။ တကယ်က အပူဒဏ်ကို အကြာကြီး ခံရတဲ့နောက် ချွေးထွက်များပြီး ခန္ဓါကိုယ်က ရေဓါတ်နဲ့ ဆားဓါတ်တွေဆုံးရှုံးတယ်။ ဆုံးရှုံးမှုတွေကို ဆက်ပြီးမဖြည့်တင်းနိုင်ဘဲ အပူကလည်း ဆက်ပြီးခံနေရတယ်ဆိုရင် ခန္ဓါကိုယ်က သူ့ရဲ့ အပူထိန်းညှိတဲ့လုပ်ငန်းစဉ်ရပ်သွားတယ်။ ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေပျက်ယွင်းသွားတယ်။ အဲဒီမှာ သတိလစ်တာ၊ တက်တာ၊ ခန္ဓါကိုယ်အပူချိန် အရမ်းမြင့်တာတွေဆက်ဖြစ်တယ်။ အဲဒါကို အပူရှပ်တယ် (Heat Stroke) […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း