ရေချိုး နေစဉ် သီချင်းဆိုခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူးများ

    ရေချိုး နေစဉ် သီချင်းဆိုခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူးများ

    ရေချိုး ခန်း အဆိုတော် လုပ်ရတာ ဝါသနာ ပါသူများ ရှိကြပါသလား။ ရေချိုးရင်း သီချင်းတွေ ဟဲလိုက်ခြင်းဟာ အိမ်သားများနှင့် အတူနေအခန်းဖော်များအတွက်တော့ နားညည်းစရာ ကောင်းမှာဖြစ်ပေမယ့် သင့်အတွက်တော့ ကျန်းမာရေး ကောင်းကျိုးတွေ ရှိစေတယ် ဆိုတာ သိပါသလား။ ဒီ ကျန်းမာရေး ကောင်းကျိုးတွေက ဘာတွေလဲ ဆိုတာ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်။ ရေချိုး နေစဉ် သီချင်းဆိုခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူးများ အကြောင်း ကြည့်လိုက်ရအောင်နော်။

    ရေချိုး နေစဉ် သီချင်းဆိုခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူးများ

    ရေချိုး နေစဉ် သီချင်းဆိုခြင်းက

    • စိတ်ဖိစီးမှုများ ပြေပျောက်စေခြင်း

    ရေချိုးရင်း သီချင်းတွေ အော်ဆိုလိုက်ခြင်းဟာ အလုပ်ကပေးသော စိတ်ဖိစီးမှုတွေကို သက်သာစေတယ် ဆိုတာ ဆိုနေကျသူတွေ သိကြမှာပါပဲ။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် သင်သီချင်း ဆိုလိုက်တဲ့အခါ အဆုတ် လေ့ကျင့်ခန်း ပြုလုပ်သလို ဖြစ်စေပြီး ကိုယ်ခန္ဓာအတွက်လည်း အောက်ဆီဂျင် ပိုမိုရစေတဲ့အတွက် စိတ်ဖိစီးမှုတွေကို သက်သာစေပါလိမ့်မယ်။ ဒီနည်းစဉ်ဟာ အသက် ပြင်းပြင်းရှူရတဲ့ ကုထုံး တစ်ခုလိုပဲ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများ သက်ရောက်မှု ရှိစေပါတယ်။

    • သွေးပေါင်ကျစေခြင်း

    ကျွန်မတို့ စိတ်ဖိစီးမှု များတဲ့အခါ ကိုယ်ခန္ဓာမှာ ကော်တီဇောလို့ ခေါ်တဲ့ ဟော်မုန်း ထွက်လာပါတယ်။ ထိုဟော်မုန်းများ အနေအထား တစ်ခုထိ များပြားလာပါက သွေးပေါင်ကို တက်စေတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုပါ မြင့်မားစေပါတယ်။ ဒီလို မြင့်မားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းဖြစ်စဉ်များ ဖြစ်ပေါ်စေပြီး Type 2 ဆီးချို၊ လေဖြတ်ခြင်းနဲ့ အခြား ပြင်းထန်တဲ့ ရောဂါများကို ဆင့်ကဲ ဖြစ်ပေါ်စေပါလိမ့်မယ်။ ရေချိူးစဉ် သီချင်းများ အော်ဆိုလိုက်ခြင်းဖြင့် ကော်တီဇော ဟော်မုန်းကို နည်းပါးအောင် ကူညီပေးနိုင်တယ်နော်။

    • ကြွက်သားများ သန်မာစေခြင်း

    သီချင်း ဆိုခြင်းဖြင့် ဝမ်းဗိုက်နဲ့ နောက်ကျော ကြွက်သားများကို သန်မာစေနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ အဆိုတော်တွေကတော့ နည်းစနစ်ကျကျနှင့် ပိုမို ဆိုတတ်တာမို့ ကြွက်သားများ သန်မာအောင် လေ့ကျင့်ပြီးသား ဖြစ်စေပါတယ်။

  • မှတ်ဉာဏ်အားကောင်းစေခြင်း
  • သီချင်း တစ်ပုဒ် ဆိုလိုက်တဲ့အခါ အနည်းဆုံးတော့ တစ်ပုဒ်လုံး မဟုတ်တောင် စာသား တစ်ပိုဒ်လောက်ကိုတော့ မှတ်မိရမှာ ဖြစ်ပါတယ်။ ဒီလို စာသားများကို ပြန်လည်စဉ်းစားခြင်းဖြင့် သင့် ဦးနှောက်ကို အလုပ် ပေးသလို ဖြစ်စေပြီး မှတ်ဉာဏ်အား ကောင်းစေပါတယ်။

    • ကိုယ်ခံအားတက်စေခြင်း

    ရေချိုးရင်း သီချင်းဆိုခြင်းဖြင့် ကော်တီဇောဟော်မုန်းကို ကျစေတဲ့အတွက် သွေးပေါင်တက်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။ ဒီအနေအထားက ကိုယ်ခံအားစနစ်ကို ကောင်းစွာ အလုပ်လုပ်ဖို့ ကူညီပေးပါတယ်။

    • နာကျင်မှုကို သက်သာစေခြင်း

    ရေချိုးစဉ် သီချင်း အော်ဆိုခြင်းဖြင့် ကိုယ်ခန္ဓာကနေ oxytocin နှင့် dopamine ဟော်မုန်းတွေကို ထွက်စေပါတယ်။ ထိုဟော်မုန်းတွေက သင့် moodကို ကြည်လင် ကောင်းမွန်စေမယ့် အပြင် နာကျင်မှုတွေကိုပါ သက်သာအောင် လုပ်ပေးနိုင်ပါသေးတယ်။

    ဒါဆိုရင်တော့ သင့်ကျန်းမာရေးအတွက် ရေချိူးရင်း သီချင်းဆိုဖို့ အဆင်သင့် ဖြစ်ကြပြီ မဟုတ်လား။

    ရေးသားသူ-Dr Rose

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement