လက်သည်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ
ပထမဆုံးကတော့ ကိုယ့်မှာရှိတဲ့ပိုး ကိုယ်ပြန်ကူးစက်ခြင်းပဲဖြစ်ပါတယ်။ လက်သည်းကို ကိုက်တဲ့အခါ လည်သည်းအောက်မှာရှိတဲ့ အသားနုလေးနဲ့ ပါးစပ်ထဲမှာရှိတဲ့ မြောက်များစွာသောပိုးတွေ ထိတွေ့တဲ့အခါ ရောင်ရမ်းတာတို့ ပြည်တည်နာတို့ ဖြစ်ပေါ်စေပါတယ်။ အဲ့ဒါကို တစ်နည်းအားဖြင့် လက်စွယ်ငုပ်တယ် လို့လည်းခေါ်ကြပါတယ်။ လက်စွယ်ငုပ်တာက များသောအားဖြင့် လက်သည်းအောက်ခြေမှာရှိတဲ့ နူးညံ့တဲ့ အရေပြားနေရာလေးကို ပိုး၀င်ခြင်းကြောင့်ဖြစ်ပါတယ်။
လူတွေရဲ့ လက်က အညစ်ကြေးပေါင်းစုံကိုင်တွယ်ပြီး ပိုးပေါင်းစုံနဲ့ ထိတွေ့နေရပါတယ်။ ၎င်းပိုးတွေက လက်သည်းအောက်မှာ ခိုအောင်းနေတတ်ကြပါတယ်။ ပါးစပ်ထဲက ပိုးက လက်ကို ကူးတာထက် လက်မှာရှိတဲ့ပိုးက ပါးစပ်ထဲ၀င်သွားတာက ပိုဆိုးစေပါတယ်။ ပါးစပ်ကနေတစ်ဆင့် အစာအိမ်ထဲရောက်သွားတဲ့အခါ သာမာန် ဖျားနာခြင်းကစပြီး အစာအိမ်ရောဂါအထိဖြစ်စေနိုင်ပါတယ်။
လက်သည်းတွေမှာ သူ့အလိုလိုပြန်လည် ကြီးထွားရှည်လာနိုင်တဲ့ အလွှာလေးတွေရှိပြီး ဒီအလွှာလေးကို ပိုး၀င်ပြီဆိုရင်တော့ လက်သည်းငုတ်တိုလေးတွင် အဖြစ်ကျန်ပြီး ဆက်မရှည်လာတော့တာမျိုး ပြန်ရှည်လာရင်လည်း နဂိုပုံအတိုင်း မညီညာတော့တာမျိုး ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။