ချစ်တတ်သူတွေ အတွက်တော့ အိမ်မွေး တိရစ္ဆာန် လေးတွေကို ကိုယ့်ရဲ့ သားသမီးလေးတွေ၊ မိသားစုဝင်လေး တွေလို သဘောထားကြတာပါပဲ။ အိမ်မှာ အမြဲတစေ ရင်းရင်းနှီးနှီး ချစ်ခင်နေကြတာပေါ့။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ချစ်တတ်သူတွေ အတွက်တော့ အိမ်မွေး တိရစ္ဆာန် လေးတွေကို ကိုယ့်ရဲ့ သားသမီးလေးတွေ၊ မိသားစုဝင်လေး တွေလို သဘောထားကြတာပါပဲ။ အိမ်မှာ အမြဲတစေ ရင်းရင်းနှီးနှီး ချစ်ခင်နေကြတာပေါ့။
ဒါပေမယ့် ကိုယ့်မိသားစုရဲ့ ကျန်းမာရေးအတွက်ရော၊ တိလေးတွေရဲ့ ကျန်းမာရေးအတွက်ရော သတိထားသင့်တဲ့ အချက်လေးတွေကို မမေ့ဖို့တော့လိုပါတယ်။ စည်းကမ်းတကျ ချစ်တတ်မယ်ဆို သူရောကိုယ်ရော အသက်ရှည်ရှည် အတူနေသွားနိုင်တာပေါ့နော်။
ဘာတွေ သတိထားရမလဲ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး…
ခွေးလေး၊ ကြောင်လေးတွေနဲ့ ကစားပြီးရင်၊ ကိုင်တွယ်ပြီးရင် လက်ဆေးပါ။ လက်ချောင်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် အစာမစားခင်မှာ မမေ့ဖို့ ပိုဂရုစိုက်ပါ။
ခွေးလေးတွေက သင့်မျက်နှာ သို့မဟုတ် ကလေးရဲ့မျက်နှာကို လျှာနဲ့အလျက်မခံပါနဲ့။ လူကို လျက်ပြီး မနှုတ်ဆက်ခင် ဘယ်အရာတွေကို လျက်ခဲ့သေးလဲ ကိုယ်မသိနိုင်ဘူးလေ။ မျက်နှာကိုလျက်လိုက်တယ်ဆိုလည်း သိပ်တော့ စိုးရိမ်မနေပါနဲ့။ ရောဂါပိုးတွေ သန့်စင် သွားအောင် ဆပ်ပြာနဲ့ ဆေးကြော မျက်နှာသစ်လိုက်ပါ။ ပြန်သန့်ရှင်းဖို့က အဓိကပါ။
တိရစ္ဆာန် တွေမှာ သန်ကောင်တွေနဲ့ သန်းတွေရှိတတ်ပါတယ်။ ဒါ့ကြောင့် ဒါတွေကင်းရှင်းပြီးကျန်းမာအောင် ထားရမှာပါ။ ပုံမှန် သန်ချပေးပါ၊ သန်းဆေးသုံးပါ။ကြောင်သန်း၊ခွေးသန်းတွေက လူကိုကိုက်တတ်သလို ကလေးငယ်တွေဆို အနာပါဖြစ်စေတတ်ပါတယ်။
တိလေးတွေမှာ ဖြစ်လာသမျှ ကျန်းမာရေးပြဿနာ ပစ်မထားပါနဲ့။ အမြဲဆေးကုပေးပါ။ ယားနာနဲ့ အရေပြားရောဂါတချို့ ကခွေးတွေ၊ ကြောင်တွေကတဆင့် လူဆီ ကူးစက်တတ်ပါတယ်။ တိရစ္ဆာန် မှာ အနာလေးတွေရှိနေရင် သေချာပိုးသတ် ကုသပေးပါ။ ထိတွေ့ပြီးရင် ကိုယ့်လက်ကိုဆေးကြောသန့်စင်ပါ။
တချို့လူတွေက တိရစ္ဆာန် အမွေးနဲ့ထိတွေ့ရင် ဓါတ်မတည့်ဖြစ်တတ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်နဲ့ နီးနီးကပ်ကပ်နေရင် ဝတ်မှုန်အဖျားရောဂါလို၊ ပန်းနာရင်ကျပ်လိုတွေဖြစ်လာနိုင်ပါတယ်။ အမွေးမကျွတ်အောင် တိကုဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေးတိုက်သင့်တိုက်ပါ။ အမွေးတွေ အမှုန်တွေကင်းရှင်းအောင် အိမ်မှာ မကြာမကြာသန့်ရှင်းရေးလုပ်ပါ။
ခွေး၊ကြောင်တွေ အညစ်အကြေးစွန့်သွားတဲ့၊ အန်သွားတဲ့နေရာတွေကို သန့်စင် ပိုးသတ်ပါ။
သူတို့ဘာဖြစ်နေလဲ၊ ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတာ ဆရာဝန်ကပဲ သိနိုင်သလို သူတို့မှာဖြစ်တဲ့ရောဂါက လူတွေကို ကူးနိုင်မကူးနိုင်ပြောပြပေးပါလိမ့်မယ်။
ဘာကောင်လေးပဲမွေးထားထား တိကုဆရာဝန်ဆီမှာ လိုအပ်တဲ့ကာကွယ်ဆေးတွေပုံမှန်ထိုးသင့်ပါတယ်။ ပုံမှန်သန်ချပေး ကျန်းမာရေးစစ်ဆေးပေးမှ ကျန်းမာမှာပါ။
လက်သည်းနဲ့ကုတ်ခံရတာ၊ အကိုက်ခံရတာ ဒဏ်ရာသေးသေးကြီးကြီး ရေနဲ့ဆပ်ပြာသုံးပြီး အမြန်ဆုံး ဆေးကြောပစ်ပါ။ ဒဏ်ရာကသွေးထွက်နေရင်၊ ဒဏ်ရာနက်ရင်ဆေးခန်းအမြန်ပြပါ။ ကာကွယ်ဆေးထိုးသင့် ထိုးရပါမယ်။ ကိုယ့်ကလေးပဲ ဆိုပြီး ဒဏ်ရာကိုပါ ချစ်မနေပါနဲ့။ ကုသသင့်တာ အမြန်ကုပါ။
ကလေးနဲ့ခွေး၊ ကလေးနဲ့ညောင် ဆိုတာ အတူဆော့တတ်ကြတဲ့ အဖော်တွေပါ။ ခွေးလေး၊ကြောင်လေးတွေကို ကလေးတွေက အရမ်းစိတ်ဝင်စားကြပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေက မိသားစုအတွက် ပျော်ရွှင်စရာဖန်တီးပေးရုံတင်မက ကလေးငယ်တွေကိုလည်း ထိန်းပေးတယ်၊ အဖော်လုပ်ပေးတယ်၊ သခင်ရဲ့သားသမီးတွေကို အသက်ပေးကာကွယ်တဲ့အထိ အကျိုးပြုကြပါတယ်။
ဒါပေမယ့် သိပ်ကိုယဉ်ပါးပြီး အဖော်ရတဲ့ အိမ်မွေး တိရစ္ဆာန် တွေတောင်မှ ဂရုစိုက်ရမယ့်အချက်တွေ ရှိပါတယ်။ ဒါမှ အားလုံးရဲ့ကျန်းမာရေး ဘေးကင်းစိတ်ချရမှာ ဖြစ်ပါတယ် –
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။