ယနေ့အချိန်ကာလမှာ ဆေးရုံ ဆေးခန်းတိုင်းလိုလိုဟာ အွန်လိုင်းကနေ ဆေးကုသခြင်းစနစ်ဖြစ်တဲ့ Telemedicine နည်းစနစ်ကို စတင်ပြောင်းလဲလာကြပါတယ်။ဒီလို Covid-19 ကာလမှာ လူတိုင်း အိမ်မှာနေ သင့်ပြီး social distancing နည်းစဉ်တွေကို လိုက်နာဖို့ ညွန်ကြားထားတာမို့ ဒီ Telemedicine နည်းပညာက ဆရာဝန်တွေအတွက်ကော နေမကောင်းတဲ့လူနာတွေအတွက်ပါ အဆင်ပြေလှပါတယ်။ လူတွေအများကြီးကြား တန်းစီမစောင့်ရခြင်း၊တက္ကစီဖိုးချွေတာနိုင်ခြင်း၊ဆေးခန်းပြဖို့အတွက် အလုပ်ကနေခွင့်ယူရန်မလိုအပ်ခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးကိုလည်း ရရှိနိုင်ပါသေးတယ်။