အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ

အပြင်က ရာသီဥတုရဲ့ အပူချိန်က သက်ရောက်တဲ့အခါ ကျွန်တော်တို့ ကိုယ်ခန္ဓာက ကိုယ်တွင်းအပူတွေကို ကျစေဖို့ ချွေးတွေထွက်စေပါတယ်။ တချို့သူတွေမှာတော့ ဘယ်လောက်ပူပူ ချွေးမထွက်တာမျိုးတွေ ရှိတယ်ဗျ။ ဒါဟာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ချွေးထုတ်လုပ်တဲ့ ဂလင်းတွေဟာ ကောင်းစွာ အလုပ်မလုပ်တော့တာကြောင့်ပါ။ ဒီအခြေအနေကို ချွေးငုပ်ခြင်း (Hypohidrosis) လို့ခေါ်ပါတယ်။ ဒီလိုမျိုး နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ ။ နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာတစ်ခုလုံး ချွေးငုပ်တာမျိုးလည်း ရှိသလို နေရာကွက်ကျားဖြင့် ချွေးငုပ်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒီလိုမျိုး ချွေးက မထွက်တော့တဲ့အခါ ကိုယ်တွင်းအပူကို ငြိမ်းအောင် မလုပ်နိုင်တော့တဲ့အတွက် အပူတွေက ပိုပြီးတိုးလာမယ်။ အပူတွေ အရမ်းကြီးလာတဲ့အခါ နောက်ဆက်တွဲ အပူဒဏ်ကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ

အခုရာသီဥတုမတရားပူတယ်။ အပြင်ထွက်ရရင် အသက်ရှူလို့တောင်မဝသလိုပဲ။ ဒီထက်ပိုပူလာမှာကို ပြင်ဆင်ထားရမယ်ထင်တယ်။ ဒီလို ပြင်ဆင်တဲ့အခါ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ အကြောင်းကိုလည်း သီထားဖို့ လိုပါမယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ ကို အခုလို ခွဲခြားနိုင်ပါတယ်။ ဒါကတော့  အရေးပေါ် နဲ့ အရေးပေါ်မဟုတ်တဲ့အခြေအနေများဆိုပြီး ခွဲလို့ရတယ်။ အရေးပေါ်အခြေအနေကနေ သေတဲ့အထိဖြစ်နိုင်တယ်။ အပူရှပ်တယ်လို့ ခေါ်ကြတယ်။ ဒါပေမယ့် နားလည်မှုလွဲနေတာက နေပူထဲကနေ ပြန်လာပြီး ရေချိုးလိုက်လို့ အဲကွန်းခန်းထဲဝင်လိုက်လို့စတာတွေကို အပူရှပ်တယ်လို့ ပြောနေကြတယ်။ တကယ်က အပူဒဏ်ကို အကြာကြီး ခံရတဲ့နောက် ချွေးထွက်များပြီး ခန္ဓါကိုယ်က ရေဓါတ်နဲ့ ဆားဓါတ်တွေဆုံးရှုံးတယ်။ ဆုံးရှုံးမှုတွေကို ဆက်ပြီးမဖြည့်တင်းနိုင်ဘဲ အပူကလည်း ဆက်ပြီးခံနေရတယ်ဆိုရင် ခန္ဓါကိုယ်က သူ့ရဲ့ အပူထိန်းညှိတဲ့လုပ်ငန်းစဉ်ရပ်သွားတယ်။ ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေပျက်ယွင်းသွားတယ်။ အဲဒီမှာ သတိလစ်တာ၊ တက်တာ၊ ခန္ဓါကိုယ်အပူချိန် အရမ်းမြင့်တာတွေဆက်ဖြစ်တယ်။ အဲဒါကို အပူရှပ်တယ် (Heat Stroke) […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ။ ။

ဒီနှစ် နွေရာသီဟာ အခြားနှစ်တွေကထက် အပူချိန်ပြင်းတယ်ဆိုသာ အားလုံးသိကြမှာပါ။ ဆောင်းကသာ မအေးပေမယ့် နွေကတော့ အမြဲသစ္စာရှိပါတယ်။ ပြီးတော့ ဒီလိုပူပြင်းတဲ့နွေရာသီဆိုတာလည်း ရက်ပိုင်းလောက်မဟုတ်ဘဲ ၃လလောက်တောင်ကြာတာဆိုတော့ ကျန်းမာရေးကို ထိခိုက်တာတွေဖြစ်လာတော့တာပေါ့။ အားလုံးထဲကမှ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ကို ဆက်ပြီး ပြောပြပေးတော့မှာပါ။ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ။ ။ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက်ကတော့ ( ၁ ) အပူလျှပ်ခြင်း (Heat stroke) အပူလျှပ်တယ်ဆိုတဲ့ စကားလုံးနဲ့ စိမ်းမယ့်သူတွေ မရှိဘူးလို့ ထင်ပါတယ်။ နွေရောက်ပြီဆိုတာနဲ့ အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံး ကျန်းမာရေး အခြေအနေတစ်ခုပါ။ လူတစ်ယောက်ရဲ့ သာမာန် အပူချိန်က […]


ကျန်းမာရေး သတင်းများ

ဗီတာမင် ဒီ လွန်ကဲလို့ ကျောက်ကပ်ပျက်စီးရတဲ့ သာဓက

နေရောင်ခြည်ကနေပဲအများဆုံးရရှိနိုင်တယ်ဆိုတဲ့ ဗီတာမင်ဒီရဲ့ကောင်းကျိုးတွေအကြောင်း၊ ဗီတာမင်ဒီ ချို့တဲ့ရင်ဖြစ်လာနိုင်တဲ့ပြဿနာတွေအကြောင်း လူသိများလာတဲ့အခါ ဗီတာမင်ဒီကိုဖြည့်စွက်အားဆေးအဖြစ်သောက်သုံးတာခေတ်စားလာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ပမာဏမှန်ကန်အောင်သောက်သုံးတာဘာမှမဖြစ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အားဆေးတွေသောက်ကြတဲ့အခါ ကွိုင်တက်ပါတော့တယ်။ ဘာလို့ဆို ဗီတာမင်ဒီဟာ တန်ဆေးလွန်ဘေးဆိုတဲ့စကားကို အတိအကျသက်သေပြတဲ့ဓါတ်ဖြစ်နေလို့ပါပဲ။ တစ်နေ့တာ ရရှိသင့်တဲ့ ပမာဏထက်ကျော်လွန်သွားရင် ဒါမှမဟုတ်ကျော်လွန်တာကြာနေရင် ခန္ဓါကိုယ်မှာ ဆိုးကျိုးအန္တရာယ်ပိုများနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဥပမာ ဗီတာမင် ဒီအားဆေးကိုတစ်နေ့တစ်လုံးသောက်နေတယ်ထား၊ အရိုးအားဆေး၊ မာလ်တီဗိုက်တာမင်အားဆေး၊ အသည်းအားဆေး စသည်ဖြင့် အမည်တပ်တပ်ပြီး ဗီတာမင်အစုံပါတဲ့တခြားအားဆေးတွေ(ဗီတာမင်ဒီအပါအဝင်)ကို နှစ်မျိုးလောက်ထပ်သောက်လိုက်ရင်ပဲ ဗီတာမင်နဲ့သတ္တုဓါတ်တွေလိုတာထက်ပိုတော့မှာပါ။ ဒီဓါတ်တွေအကုန်လုံးဟာ ခန္ဓါကိုယ်ကြီးလည်ပတ်ရှင်သန်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေဖြစ်ပေမယ့် လိုအပ်တဲ့ပမာဏထက် မလွန်ကဲနေသင့်ပါဘူး။ ဗီတာမင် ဒီလွန်ကဲရင် အရင်ဆုံးပျက်စီးမှာကျောက်ကပ်ပါပဲ။ လတ်တလောအဖြစ်ဆုံးသာဓကတစ်ခုကိုပြရရင် ကနေဒါအမျိုးသားတစ်ယောက်ဟာ တစ်နေ့တာသောက်သုံးသင့်တဲ့ ဗီတာမင် ဒီပမာဏထက် ၁၂ ဆ ပိုသောက်မိလို့ကျောက်ကပ်ပျက်စီးခဲ့ရပါတယ်။ သူဟာ သဘာဝကုထုံးပညာရှင်တစ်ယောက်ရဲ့အကြံပြုချက်နဲ့ ဗီတာမင်ဒီ ပမာဏအများကြီးကိုနေ့တိုင်းသောက်ခဲ့တာ နှစ်နှစ်ခွဲရှိခဲ့ပါပြီတဲ့။ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ အချိန်ကို အကျိုးရှိရှိအသုံးချတတ်ပါစေ

သူများတွေအောင်မြင်တာကိုကြည့်ပြီး အားကျနေလား။ ကိုယ်တိုင်ရောအောင်မြင်ချင်နေပြီလား။ ဒါဆိုရင်တော့အောင်မြင်နေရသူတွေမှာရှိနေတဲ့ လျှို့ဝှက်ချက်လေးတစ်ခုပြောပြမယ်နော်။ ဒါကတော့ လူသားတိုင်းကို သဘာဝတရားကြီးက တပြေးညီပေးထားတဲ့ အချိန် ၂၄ နာရီကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချတတ်ခြင်းပါ။အောင်မြင်နေတဲ့သူတွေက အချိန်ကိုဘယ်လိုအကျိုးရှိရှိအသုံးချလဲသိချင်ရင် ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပါရစေနော်။ အချိန်ကို အကျိုးရှိရှိအသုံးချခြင်း တစ်နေ့တာအစီအစဉ်ကိုရေးဆွဲပါ တစ်နေ့တာမှာ ဘာတွေလုပ်မယ်ဆိုတာကို ကိုယ်တိုင် အစီအစဉ်ဆွဲထားပါ။ အိပ်ရာမဝင်ခင်မှာနောက်တစ်နေ့တာအတွက် အစီအစဉ်ကို အချိန်အပိုင်းအခြားနဲ့တကွသေချာလေးအစီအစဉ်ချတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။ အချိန်အတိအကျသတ်မှတ်ပါ ကိုယ့်တာဝန်တွေကို အပြီးသတ်ရမယ့်အချိန်တွေကို အတိအကျသတ်မှတ်ထားဖို့လိုပါမယ်။ ဥပမာပြောပြရရင်- X ဆိုတဲ့အလုပ်ကို မနက် ၁၀ နာရီမှာပြီးရမယ်။ Y ဆိုတဲ့အလုပ်ကို ညနေ ၃ နာရီမှာပြီးရမယ်။ Z ဆိုတဲ့ အလုပ်ကို ညနေ ၅ နာရီခွဲမှာပြီးရမယ် အချိန်အတိအကျသတ်မှတ်ရပါမယ်။ ပြီးရမယ့်အချိန်ကို အတိအကျသိအောင်လုပ်ပါ တာဝန်တစ်ခုကို လုပ်ရတော့မယ်ဆိုရင်ပြီးရမယ့်အချိန်ကိုသေချာသိအောင်လုပ်ဖို့လိုပါမယ်။ ဒါမှ အလုပ်ကို အချိန်နဲ့ ကွက်တိကျအောင်လုပ်နိုင်မှာပါ။ ဒါက ကိုယ့်ကိုယ့်ကို ယုံကြည်မှုတိုးစေပြီးအောင်မြင်မှုရစေမယ့် အဓိကအချက်တွေထဲကတစ်ခုပေါ့။ မလုပ်နိုင်ဘူးဆိုတာကို […]


အခြေခံကျန်းမာရေး

ရေနွေးသောက်ပေးလို့ ခန္ဓါကိုယ်အတွက် ဘာတွေကောင်းလဲ

ရေပူရေနွေးကို ဆောင်းရာသီမှာပဲ လူတွေ သောက်တတ်ကြတယ်လို့ ထင်ပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ရာသီမရွေး သောက်ပေးလို့ ရပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အစာကြေလွယ်ပြီး ရင်ချောင်စေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး လူကို လန်းဆန်းတက်ကြွစေတယ်။ အထူးသဖြင့် ဖျားနာနေတဲ့အချိန်ဆို ရေနွေးသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပိုပြီး ရနိုင်ပါတယ်။ ရေနွေးရဲ့ ကောင်းကျိုး ၁၀ ချက်က ဘာတွေလဲ။ ၁။ နှာစေးနှာပိတ် သက်သာစေတယ်။ ဖျားနေတဲ့အချိန်၊ နှာစေးနှာပိတ်တာပါ ဖြစ်လာရင် သိပ်စိတ်ညစ်ရတယ်နော်။ နှာခေါင်းက အသက်ရှူလို့လည်း မဝ၊ နှပ်တွေကို အမြဲညှစ်ထုတ်ရနဲ့ လူက ပိုပြီးနုံးချိနေတော့တာပေါ့။ ရေနွေးမှာ ပါတဲ့ အပူဓါတ်ဟာ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကို ပျော်ကျသွားစေပြီး ပွင့်ထွက်သွားစေတယ်။ ခေါင်းမူးခေါင်းကိုက်နေတာ၊ လည်ချောင်းနာနေတဲ့အချိန်ဆိုရင်လည်း ရေနွေးကို ပိုပြီး သောက်ပေးသင့်တယ်နော်။ ၂။ […]


ဆေးစစ်ချက်များ

ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်း ( Bone marrow aspiration)

သွေးကင်ဆြာဖစ်နေတဲ့ လူနာတွေကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ရင် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးရတယ်ဆိုတာ အားလုံးသိကြမှာပါ။ အရမ်းနာတယ်လို့လည်း ကြားဖူးကြတယ်မလား။ ကျောကုန်းကြီးကိုကွေးပြီးတော့ ခါးဆစ်ရိုးထဲ အပ်ထိုးပြီး အထဲက ဆဲလ်အရည်လေးတွေကို ဖောက်ထုတ်စုပ်ယူတဲ့ မြင်ကွင်းမျိုးကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြတယ်ဟုတ် ။ ။ ဘာကြောင့် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးကြတာလဲ ။။ ရိုးတွင်းခြင်ဆီဆိုတာ သွေးဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့နေရာတစ်ခုဖြစ်တာကြောင့် သွေးဆဲလ်တွေ မူမမှန်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတဲ့ လူနာတွေကို ဘယ်ဆဲလ်မှာ ဘာချို့ယွင်းချက်ရှိနေတာ၊ ဘာရောဂါဖြစ်နေတာဆိုတာ သိဖို့အတွက် ဖောက်ထုတ်စစ်ဆေးကြတာပါ။ ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးလိုက်ရင် သိနိုင်တဲ့ ရောဂါတွေကတော့ Anemia - သွေးနီဥဆဲလ်တွေနည်းနေတဲ့ရောဂါ myelofibrosis နဲ့myelodysplastic syndrome လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီရောဂါတွေ သွေးဆဲလ်ပြဿနာတွေဖြစ်တဲ့ ( leukopenia) သွေးဖြူဥ အရေအတွက်နည်းနေတာနဲ့ (polycythemia vera ) သွေးနီဥဆဲလ်တွေ […]


ကျန်းမာရေး သတင်းများ

အနီရောင်အသားတွေရှောင်လွန်းတာလည်း သိပ်မကောင်းဘူးနော်.......

ကြင်နာစိတ်ကြီးသူတွေ၊ရောဂြါဖစ်မှာကိုကြောက်တတ်သူတွေက အနီရောင်အသားတွေကိုရှောင်ကြတာများတယ်နော်။ အနီရောင်အသားစားတာများရင် အူမကြီးကင်ဆာဖြစ်တတ်တယ်။ရောဂါတွေတိုးစေတယ်ဆိုတာကိုး။ ဒီလိုပြောဆိုမှုတွေက လူတော်တော်များများကို အနီရောင်အသားတွေကိုရှောင်သွားစေပါတယ်။ ဒီအလေ့အထကတကယ်ကောကျန်းမာရေးကိုအထောက်အကူပြုရဲ့လား။ ခန္ဓါကိုယ်ဆိုတာကလည်း ထိုက်သင့်တဲ့ အာဟာရပြည့်ဝပါမှ ကျန်းမာမှာပါ။ အနီရောင်အသားစားသုံးမှုနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်ရပ် အနီရောင်အသား စားသုံးမှုများတာ၊ပြုပြင်ထားတဲ့အသားတွေစားတာကရောဂါတွေဖြစ်စေနိုင်တယ်လို့တော်တော်များများကသိထားပြီးသားပါ။ မကြာသေးခင်ကလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရတော့ ဒီအစားအစာတွေကိုလျှော့စားတာကလည် အသက်တိုစေနိုင်ပါတယ်တဲ့နော်။ အရာရာက တန်ဆေးလွန်ဘေးဆိုသလိုပေါ့။ ကမ္ဘာတလွှားမှာ အနီရောင်အသားတွေဖြစ်ကြတဲ့ အမဲသား၊ ဆိတ်သား၊ သိုးသားနဲ့ ဝက်သားအပါအဝင် ကြက်သား၊ဘဲသားတွေကို စားသုံးမှုနှုန်းကပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရောတော်တော်လေးများလာခဲ့ပါတယ်။ ဒီလိုမြင့်မားလာတဲ့ စားသုံးမှုကပဲလေ့လာသူတွေကို အနီရောင်အသားစားသုံးမှုများတာက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာကိုလေ့လာဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကလေ့လာခဲ့တဲ့လေ့လာမှုအရကတော့ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေစားသုံးမှုများသူတွေက အသက်တိုနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။ ဒီလိုရလဒ်ကလေ့လာမှုတစ်စုံတရာမရှိဘဲ အနီရောင်အသားနဲ့ပြုပြင်ထားတဲ့ အသားတွေကိုလျှော့စားရင် အသက်ရှည်မယ်ရောဂါကင်းမယ်ဆိုတဲ့ ယူဆလက်ခံချက်ကိုဖြစ်စေခဲ့ပါတယ်။ အနီရေင်အသာနဲ့ပြုပြင်ထားတဲ့ အသားဆားနယ်၊ ဝက်ပေါင်ခြောက်တို့လိုမျိုး အသားတွေကို စားမယ်ဆိုရင် ဆီးချိုရောဂါ ၊နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကို ခံစားရစေနိုင်တယ်ဆိုတော့ ကျန်းမာရေးထိခိုက်မှာ စိုးတာကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင်္ကြန်လည်ရင် ဘာတွေယူသွားမလဲ

ဧပြီလ စလာရင်အပျော်ဆုံးခံစားချက်က သင်္ကြန်ကို မျှော်ရတာပါ။ တစ်နှစ်မှတစ်ခါကျတဲ့ သင်္ကြန်ကို အပြည့်အဝပျော်ချင်တာကိုး။ ဒီတော့ သင်္ကြန်ကို ဘေးကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာကိုပြောပါရစေနော်။ သင်္ကြန်လည်မယ်ဆို ဘာတွေသတိထားရမလဲ သင်္ကြန်လည်မှာပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်မှာပဲဖြစ်ဖြစ်ဘေးကင်းဖို့ မဖြစ်မနေလိုပါတယ်နော်။ ဒီတော့ပျော်စရာကောင်းတဲ့ သင်္ကြန်ကာလမှာဘေးကင်းကင်းနဲ့ပျော်နိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်နော်။ သင်္ကြန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓါကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေသောက်မိနိုင်ခြေတော်တော်လေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေ မသန့်တဲ့ရေ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေ တားမြစ်ဆေးဝါးတွေ အရေပြားကို ထိခိုက်စေနိုင်တဲ့အရာတွေ သင်္ကြန်ရေကြောင့် ဘာတွေထိခိုက်နိုင်လဲ သင်္ကြန်မှာ ထိခိုက်စေမယ့်အရာတွေကရေတစ်ခုတည်းမကပါဘူး။နေရောင်နဲ့ တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့လေပါ။ ဒါပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ သင်္ကြန်ရေထဲမှာ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေလည်းပါတတ်ပါသေးတယ်။ အရေပြားထိခိုက်နိုင်တယ် မျက်လုံးထိခိုက်နိုင်တယ် နားထိခိုက်နိုင်တယ် ဆံသားထိခိုက်နိုင်တယ် ခြေသည်းလက်သည်းတွေထိခိုက်နိုင်တယ် မတော်တဆထိခိုက်မိတာမျိုးတွေဖြစ်နိုင်တယ် ဆီးအောင့်ထားတာကြောင့် ဆီး နဲ့ဆိုင်တဲ့ပြဿနာတွေတက်နိုင်တယ် သန့်ရှင်းမှုအားနည်းတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချိုင်းသားလေးတွေ ဘာကြောင့် မည်း၊ တရားခံ ဘယ်သူလဲ

ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် အကျီၤလက်ပြတ်လေးတွေ ဝတ်ပြီး ရှိုးထုတ်ချင်ကြမှာပဲလေ။ ချိုင်းသားလေးတွေက နဂိုအရောင်အတိုင်း မဟုတ်ဘဲ မည်းညစ်နေပြီဆိုရင်တော့ အများအမြင်မှာ ရှက်စရာကြီး ဖြစ်နေသလို ကိုယ့်စိတ်ထဲမှာ မလုံမလဲတွေ ဖြစ်နေမှာပါ။ ဒီဆောင်းပါးလေးကတော့ ချိုင်းသားမည်းရခြင်း အကြောင်းရင်းတွေနဲ့ ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ချိုင်းသား မည်းလာရခြင်း အကြောင်းရင်းတွေ ကျွန်တော်တို့ ကိုယ်ခန္ဓါမှာ ချွေးအလွန်ထွက်တဲ့ နေရာတော်တော်များများ ရှိပါတယ်။ ချိုင်း၊ ပေါင်ခြံ၊ ဂုတ်သား အစရှိသဖြင့်ပေါ့။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာ၊ ရေချိုးတဲ့အခါ အဲ့ဒီနေရာလေးတွေကို သေချာကြေးတွန်းဖို့ မေ့လျော့တာ၊ ထူလွန်းကြပ်လွန်းတဲ့ အဝတ်အစားတွေကို အချိန်အကြာကြီး ဝတ်ဆင်ထားတာကြောင့် ချိုင်းသားလေးတွေမှာ ချွေးတွေ စုပုံလာပြီး ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာတယ်။ သေချာကြေးတွန်းတိုက်ချွတ်မှု မလုပ်တဲ့အခါ အရေပြားပေါ်က ဆဲလ်အသေတွေဟာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း