အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

အစာအိမ်ထဲရောက်မှ ပြန့်ကားလာပြီး ဗိုက်မဆာအောင်လုပ်ပေးမယ့် အဆီချဆေးတောင့် တီထွင်

လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ စားချင်စိတ်ကို ချိုးနှိမ်ပြီးအောင့်အည်းရတဲ့ ဝက်ကလေးတို့ရဲ့ဒုက္ခကို ကြုံဖူးမှသိမှာပါ။ သူများလိုပဲ ဆာတတ်ပေမယ့် စားလိုက်ရင် ဝိတ်ပိုတက်မှာစိုးပြီး မစားရဲ၊ ကယ်လိုရီနဲ့အဆီလည်းမများ ဗိုက်လည်းပြည့်မယ့်စားစရာကိုရွေးရ၊ စားသင့်တဲ့အချိန်ကလည်းတွက်ရသေးတယ်။ အဆီချမဟာစီမံကိန်းကြီးမှာ တဖြုတ်ဖြုတ်နဲ့ ကျရှုံးနေကြတဲ့ သူတွေအတွက် စင်ကာပူသုတေသနပညာရှင်တွေက နည်းလမ်းတစ်ခု အသစ်တီထွင်ပေးလိုက်ပါပြီနော်။ Nanyang Technological University နဲ့ National University Health System (NUHS) တို့ရဲ့သုတေသီအဖွဲ့က အဝလွန်သူတွေအတွက်ဆေးတောင့်တစ်မျိုးကို ရှေ့ပြေးပုံစံ တီထွင်ဖန်တီးခဲ့ပါတယ်။ EndoPil လို့အမည်ပေးထားတဲ့ ဒီဆေးတောင့်မှာ အစာအိမ်ထဲရောက်သွားတာနဲ့ ပြင်ပကသံလိုက်နဲ့ချိတ်ဆက်ပြီး အလိုအလျောက်ပြန့်ကားလာမယ့် ပူဖောင်းတစ်ခုပါရှိပါတယ်။ ဒီလို အစာအိမ်ထဲမှာ သူကနေရာယူထားတဲ့အတွက် သိပ်မဆာတော့ဘဲ ဗိုက်ပြည့်တင်းတိမ်နေစေပါလိမ့်မယ်။ဆေးတောင့်ထဲမှာပါတဲ့ အန္တရာယ်မရှိတဲ့အက်စစ်တစ်မျိုးနဲ့ဆားကို သံလိုက်နဲ့နှိုးဆွဓါတ်ပြုစေပြီး ပူဖောင်းထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပြည့်စေတာပါ။ လက်ရှိမှာ အဝလွန်လူနာတွေနဲ့ ခွဲစိတ်မှုလုပ်ဆောင်လို့မဖြစ်တဲ့ နာမကျန်းသူတွေအတွက် အစာအိမ်အတွင်းပူဖောင်းထည့်သွင်းတဲ့ကုသနည်းက ရှိနေပြီးသားဖြစ်ပါတယ်။ အဲဒီနည်းမှာဆို လူနာကို စိတ်ငြိမ်ဆေးပေးပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခွဲစိတ်မှုတွေထဲမှာမှ အရမ်းနာတဲ့ခွဲစိတ်မှုတွေက ဘာတွေလဲ ။ ။

အသားပေါ် ဓါးတင်တဲ့ခွဲစိတ်မှုတိုင်းကတော့ နာကျင်ရတာချည်းပါပဲ။ ဒါပေမယ့် ခုပြောပြမယ့် ခွဲစိတ်မှု ၇ ခုကတော့ ခွဲစိတ်မှု ပြုလုပ်ပြီး အချိန်အတော်ကြာတဲ့အထိ နာကျင်မှု ဝေဒနာမပျောက်တဲ့ ခွဲစိတ်မှုကြီး ၇ခုပါ။ ဘာတွေလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ။ နာကျင်မှု ပြင်းထန်စွာ ခံစားရနိုင်တဲ့ခွဲစိတ်မှုများ ။ ။ ( ၁ ) သည်းခြေအိတ်ဖယ်ရှားခြင်း ။ ။ သည်းခြေအိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုမှာ မှန်ပြောင်းနဲ့ ခွဲစိတ်တာနဲ့ ရိုးရိုး ဗိုက်ခွဲပြီး ဖယ်ရှားတဲ့ ခွဲစိတ်မှု ဆိုပြီး ၂ မျိုးရှိပါတယ်။ မှန်ပြောင်းတဲ့ခွဲတဲ့ ခွဲစိတ်မှုက မြန်ဆန်ပြီး နာကျင်မှု လျော့ပါးတယ်ဆိုပေမယ့် ဆရာဝန်တော်တော်များများက ရိုးရိုးဗိုက်ခွဲပြီး သည်းခြေအိတ်ဖယ်တာကိုပဲ စိတ်ဝင်စားပါတယ်။ ရိုးရိုး ဗိုက်ခွဲပြီး သည်းခြေအိတ်ဖယ်တဲ့နည်းက ပိုပြီး နာကျင်မှု ခံစားရနိုင်ပြီး ခွဲစိတ်ပြီး ၁လကနေ […]


အခြေခံကျန်းမာရေး

ဆေးဝယ်မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားရမလဲ

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဒီဆောင်ပုဒ်လေးက တကယ်မှန်တာပါနော်။ လူတိုင်းအတွက် အရေးအကြီးဆုံးက ကျန်းမာဖို့ပါ ခန္ဓာကိုယ်ကျန်းမာမှ အရာရာကို စွမ်းဆောင်နိုင်မှာပါ။ ဒါပေမယ့်လည်း တစ်ခါတလေမှာ နေမကောင်းဖြစ်တာတွေရှိမယ်။ မကျန်းမာတဲ့အချိန်တွေကြုံရလိမ့်မယ်။ အဲဒီအချိန်ဆို ဆေးဝါးတွေဝယ်ယူသုံးစွဲဖို့လိုအပ်လိမ့်မယ်။ ဆေးဝါးဝယ်ယူတဲ့အခါမှာ ဆေးဖြစ်ရင်ပြီးရောဆိုပြီး ဝယ်လို့မရဘူး။ သတိထားသင့်တဲ့အချက်ကလေးတွေရှိတယ်။ ဒီဆောင်းပါးထဲမှာ ဆေးဝယ်တဲ့အခါ ဘာတွေကိုသတိထားသင့်လဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာပါ။ ဈေးကွက်ထဲက ဆေးဝါးတုတွေရဲ့ အန္တရာယ် မကျန်းမာလို့ ဆေးသောက်ပါမယ်ဆိုမှ ဆေးက အတု၊ အရည်အသွေးမမီဘူးဆိုရင် ဆေးသောက်လို့ နေကောင်းမလာတဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေပါခံစားရနိုင်ပါသးတယ်နော်။ ဆေးတော့သောက်တာပဲ သက်သာမလာဘူး၊ ဆေးသောက်လိုက်မှာ အချို့သောကိုယ်တွင်းအစိတ်အပိုင်းတွေ ထိခိုက်သွားတယ်၊ လူကတစ်နေ့တခြားဆေးဒဏ်ကြောင့်လားမသိ နေရထိုင်ရမကောင်းဘူးဆိုတာတွေက ဆေးဝါးတုတွေရဲ့ ဆိုးကျိုးတွေကို ခံစားနေရတာပေါ့။ ဒီပြဿနာကို အများဆုံးကြုံရတာက မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ။ ဆေးဝါးဝယ်ယူတဲ့အခါ ဒီအချက်တွေကို သတိထားပါ ဆေးဝါးအတုတွေ စိတ်မချရတဲ့ဆေးဝါးတွေရဲ့ အန္တရာယ်မကြုံတွေ့ရဘဲ အနာနဲ့ဆေးတွေ့ဖို့က အရည်အသွေးကစလို့ အစစအရာရာ စိတ်ချရတဲ့ […]


ရောဂါလက္ခဏာများ

ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။

ကိုယ်တွင်းမှာ အရည်စုပြီး ဖောရောင်လာတယ်ဆိုတဲ့ ကိစ္စမျိုးကို လူတိုင်းကြားဖူးကြမှာပါ။ ကိုယ်ပေါ်က တစ်နေရာရာ ဖောင်းလာပြီဆိုတာနဲ့ ဖောနေတာပဲ လို့သာ လွယ်လွယ်ပြောလိုက်ကြတာပါ။ ဖောရောင်ခြင်းမှာလည်း သူ့ အမျိုးအစားသူ ရှိပါတယ်။ ဖြစ်တဲ့အကြောင်းအရာနဲ့ နေရာတွေပေါ်လိုက်ပြီး ဖောရောင်ခြင်း အမျိုးအစားတွေ ကွဲပြားသွားရတာဖြစ်ပါတယ် ။ ဒီတော့ ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။ ဆိုတာ လေ့လာလိုက်ရအောင်နော်။ ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။ ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။ ဆိုတော့ ကွဲပြားခြားနားသော ဖောရောင်ခြင်း အမျိုးအစားများ ကတော့ ( ၁ ) Peripheral edema ကိုယ်ခန္ဓါရဲ့ အပြင်ဘက်ဆုံ အပိုင်းများတွင် ဖောရောင်ခြင်း ။ ။ ကိုယ်ခန္ဓါရဲ့ အပြင်ဘက်ဆုံး အပိုင်းတွေဆိုတာ ခြေထောက်၊ ခြေဖဝါး၊ ခြေကျင်းဝတ်တို့ကို ဆိုလိုချင်တာပါ။ ဒီလိုနေရာတွေမှာ […]


ရောဂါလက္ခဏာများ

ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်ခြင်း ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။

ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်တာမျိုး လူတိုင် မကြုံဖူးကြရင်တောင် ကြားဖူးကြမှာပါ။ ဒီလို ဖောရောင်တယ်ဆိုတာ ကိုယ်တွင်းက အရည်တွေ တစ်ရှူးတွေထဲ ပိတ်မိရာကနေ ဖြစ်လာရတာဖြစ်ပါတယ်။ တဖြည်းဖြည်းကြာမှ အရည်တွေ စုလာတတ်သလို ချက်ချင်း ရုတ်တရက်လည်း ကိုယ်တွင်းမှာ အရည်စုလာတတ်ပါတယ်။ ပုံမှန်ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုဆိုပေမယ့် တစ်ချို့ ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတွေ ကြောင့် ဖောရောင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေကြောင်း ဖောရောင်ခြင်းဖြစ်ရသလဲဆိုတာကို ကြည့်ရအောင် ။ ။ ဖောရောင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ဖောရောင်တယ်ဆိုမှတော့သိသာပါတယ်။ ကိုယ်ခန္ဓါ တစ်နေရာရာမှာ အရည်တွေစုပြီး အဲဒီနေရာက အခြားနေရာနဲ့ ယှဉ်ရင် ပိုကြီးနေတတ်တာ ၊ ဖောင်းနေတတ်တာကို ဆိုလိုတာပါ။ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်း အများကြီးရှိပါတယ်။ ( ၁ ) Albumin ပရိုတင်း ပမာဏ နည်းနေခြင်း […]


အခြေခံကျန်းမာရေး

ဖနောင့်တွေနာနေပြီလား

တစ်နေကုန်သွားလာပြီး ညနေနားချိန်များရောက်ပြီဆိုရင် ဖနောင့်တွေထဲက နာလိုက်တာဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကိုဖြေရှင်းပေးမှာပါနော်။ ဒါတွေကြောင့် ဖနောင့်နာရတာပါ ခြေထောက်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထိန်းထားရတာပါ။ ဒီတော့ တစ်နေ့တာလှုပ်ရှားလိုက်တိုင်းမှာ အဓိက ဝန်ထမ်းထားရတာပေါ့။ ဒီတော့ သတ်မှတ်ထားတဲ့အခြေအနေထက်ပိုလုပ်ရတဲ့အခါခြေဖနောင့်ကနာလာနိုင်ပါတယ်။ ခြေထောက်က ပုံမှန်မဟုတ်တာ ဒေါက်မြင့်ဖိနပ်တွေစီးတာ ခြေထောက်နဲ့မကိုက်တဲ့ ဖိနပ်စီးတာ အဝလွန်နေတာ ကိုယ်ဝန်ဆောင်ေနရတာ အလေးအပင်တွေ တစ်ချိန်လုံး သယ်ပိုးထားတာတွေကြောင့် ဖနောင့်နာလာနိုင်ပါတယ်နော်။ ဘယ်လိုသက်သာအောင်လုပ်မလဲ ဖနောင့်နာတာကို သက်သာစေဖို့ ဒီနည်းလေးတွေက အသုံးဝင်မှာပါနော်။ အနားယူပါ -ခြေထောက်နာတဲ့အခါ မနိုင်ဝန်ထမ်းတာမျိုး မလုပ်ပါနဲ့။ခြေဖနောင့်လေးကို သက်သောင့်သက်ဖြစ်စေဖို့အတွက် အနားယူပေးပါ။ ရေနွေးစိမ်ပေးပါ -ရေနွေးနွေးလေးထဲကို ဆားကြမ်းထည့်ပြီးရေနွေးစိမ်ပေးတာကလည်း ဖနောင့်နာတာကို သက်သာစေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးစိမ်ပေးပါနော်။ ရေခဲကပ်ပေးပါ - ဖနောင့်နာတာကို သက်သာစေမယ့် နောက်ထပ်နည်းလမ်းတစ်ခုကရေခဲဝတ်ကပ်ပေးတာပါ။ရေခဲကို တဘက်စလေးထဲမှာထည့်လို့ ဖနောင့်နာတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်ပေးလိုက်ပါ။ ဖနောင့်နာတာကို သက်သာစေမှာအသေအချာပါ။ သင့်တော်တဲ့ ဖိနပ်ဝတ်ပေးပါ - ဖိနပ်ကလည်း […]


ရောဂါလက္ခဏာများ

နှုတ်ခမ်းပေါ်မှာ မှဲ့မဟုတ်တဲ့ အမည်းစက်လေးတွေ ပေါ်လာတာ ဘာကြောင့်လဲ ။ ။

မှန်ထဲကြည့်လိုက်တဲ့အခါ ကိုယ့်နှုတ်ခမ်းမှာ မှဲ့လည်းမဟုတ် ပေနေတာလည်းမဟုတ်တဲ့ အမည်းစက်တစ်ခု တွေ့လိုက်ရတဲ့အခါ ခေါင်းထဲ အတွေးများသွားမှာတော့ ကျိန်းသေပါတယ်။ စိုးရိမ်စရာတွေရှိလား။ ဘာ့ကြောင့်များဖြစ်တာလဲ ။ ။ အများအားဖြင့် ဒီလို နှုတ်ခမ်းပေါ်မှာ မှဲ့မဟုတ်တဲ့ အမည်းစက်လေးတွေ ပေါ်လာတာ  စိတ်ပူစရာတော့မရှိပါဘူး။ ဒါပေမယ့် သူ့ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အပေါ်မှာတော့ မူတည်တာပေါ့။ နှုတ်ခမ်းပေါ်မှာ မှဲ့မဟုတ်တဲ့ အမည်းစက်လေးတွေ ပေါ်လာတာ ဘာကြောင့်လဲ ။ ။ ဗီတာမင် B12 ချို့တဲ့ခြင်း - သွေးအားကောင်းစေဖို့အတွက်သာမက အသားရောင်ညီညာစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် B12 ချို့တဲ့သွားတဲ့အခါ နှုတ်ခမ်းမှာ အမည်းစက်လေးတွေ ဖြစ်လာမယ့်အပြင် အသားအရေလည်း ညိုတစ်ကွက် ဖြူတစ်ကွက်နဲ့ မညီညာဘဲဖြစ်နေတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း - ရေများများ မသောက်တဲ့အခါ နှုတ်ခမ်းခြောက်သွားတာမျိုး၊ နှုတ်ခမ်းကွဲတာမျိုးတွေ အားလုံးဖြစ်ဖူးကြမှာပါ။ ဖြစ်သွားတဲ့အနာလေးတွေ ပြန်ကျက်တဲ့အခါ […]


ရောဂါလက္ခဏာများ

နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ

အပြင်က ရာသီဥတုရဲ့ အပူချိန်က သက်ရောက်တဲ့အခါ ကျွန်တော်တို့ ကိုယ်ခန္ဓာက ကိုယ်တွင်းအပူတွေကို ကျစေဖို့ ချွေးတွေထွက်စေပါတယ်။ တချို့သူတွေမှာတော့ ဘယ်လောက်ပူပူ ချွေးမထွက်တာမျိုးတွေ ရှိတယ်ဗျ။ ဒါဟာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ချွေးထုတ်လုပ်တဲ့ ဂလင်းတွေဟာ ကောင်းစွာ အလုပ်မလုပ်တော့တာကြောင့်ပါ။ ဒီအခြေအနေကို ချွေးငုပ်ခြင်း (Hypohidrosis) လို့ခေါ်ပါတယ်။ ဒီလိုမျိုး နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ ။ နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာတစ်ခုလုံး ချွေးငုပ်တာမျိုးလည်း ရှိသလို နေရာကွက်ကျားဖြင့် ချွေးငုပ်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒီလိုမျိုး ချွေးက မထွက်တော့တဲ့အခါ ကိုယ်တွင်းအပူကို ငြိမ်းအောင် မလုပ်နိုင်တော့တဲ့အတွက် အပူတွေက ပိုပြီးတိုးလာမယ်။ အပူတွေ အရမ်းကြီးလာတဲ့အခါ နောက်ဆက်တွဲ အပူဒဏ်ကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ

အခုရာသီဥတုမတရားပူတယ်။ အပြင်ထွက်ရရင် အသက်ရှူလို့တောင်မဝသလိုပဲ။ ဒီထက်ပိုပူလာမှာကို ပြင်ဆင်ထားရမယ်ထင်တယ်။ ဒီလို ပြင်ဆင်တဲ့အခါ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ အကြောင်းကိုလည်း သီထားဖို့ လိုပါမယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ ကို အခုလို ခွဲခြားနိုင်ပါတယ်။ ဒါကတော့  အရေးပေါ် နဲ့ အရေးပေါ်မဟုတ်တဲ့အခြေအနေများဆိုပြီး ခွဲလို့ရတယ်။ အရေးပေါ်အခြေအနေကနေ သေတဲ့အထိဖြစ်နိုင်တယ်။ အပူရှပ်တယ်လို့ ခေါ်ကြတယ်။ ဒါပေမယ့် နားလည်မှုလွဲနေတာက နေပူထဲကနေ ပြန်လာပြီး ရေချိုးလိုက်လို့ အဲကွန်းခန်းထဲဝင်လိုက်လို့စတာတွေကို အပူရှပ်တယ်လို့ ပြောနေကြတယ်။ တကယ်က အပူဒဏ်ကို အကြာကြီး ခံရတဲ့နောက် ချွေးထွက်များပြီး ခန္ဓါကိုယ်က ရေဓါတ်နဲ့ ဆားဓါတ်တွေဆုံးရှုံးတယ်။ ဆုံးရှုံးမှုတွေကို ဆက်ပြီးမဖြည့်တင်းနိုင်ဘဲ အပူကလည်း ဆက်ပြီးခံနေရတယ်ဆိုရင် ခန္ဓါကိုယ်က သူ့ရဲ့ အပူထိန်းညှိတဲ့လုပ်ငန်းစဉ်ရပ်သွားတယ်။ ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေပျက်ယွင်းသွားတယ်။ အဲဒီမှာ သတိလစ်တာ၊ တက်တာ၊ ခန္ဓါကိုယ်အပူချိန် အရမ်းမြင့်တာတွေဆက်ဖြစ်တယ်။ အဲဒါကို အပူရှပ်တယ် (Heat Stroke) […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ။ ။

ဒီနှစ် နွေရာသီဟာ အခြားနှစ်တွေကထက် အပူချိန်ပြင်းတယ်ဆိုသာ အားလုံးသိကြမှာပါ။ ဆောင်းကသာ မအေးပေမယ့် နွေကတော့ အမြဲသစ္စာရှိပါတယ်။ ပြီးတော့ ဒီလိုပူပြင်းတဲ့နွေရာသီဆိုတာလည်း ရက်ပိုင်းလောက်မဟုတ်ဘဲ ၃လလောက်တောင်ကြာတာဆိုတော့ ကျန်းမာရေးကို ထိခိုက်တာတွေဖြစ်လာတော့တာပေါ့။ အားလုံးထဲကမှ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ကို ဆက်ပြီး ပြောပြပေးတော့မှာပါ။ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ။ ။ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက်ကတော့ ( ၁ ) အပူလျှပ်ခြင်း (Heat stroke) အပူလျှပ်တယ်ဆိုတဲ့ စကားလုံးနဲ့ စိမ်းမယ့်သူတွေ မရှိဘူးလို့ ထင်ပါတယ်။ နွေရောက်ပြီဆိုတာနဲ့ အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံး ကျန်းမာရေး အခြေအနေတစ်ခုပါ။ လူတစ်ယောက်ရဲ့ သာမာန် အပူချိန်က […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း