အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

အသေးအဖွဲလို့ ထင်ရပေမယ့် ကြီးကျယ်သွားတတ်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု

သင်ရယ်လိုက်တဲ့အခါ ဆီးအနည်းငယ်ထွက်ကျဖူးပါသလား။ သင့်လက်တွဲဖော်နဲ့ သိပ်အစေးမကပ်သလို ဖြစ်နေပါသလား။ မကြာခဏ မေ့နေတတ်ပါသလား။ဒီအကြောင်းအရာတွေကို ဆရာဝန်နဲ့ ဆွေးနွေးဖူးပါသလား။ ဒါမှမဟုတ် အသက်ကြီးလာရင် ဖြစ်တတ်တာပဲဆိုပြီး မေ့မေ့ပျောက်ပျောက် နေဖူးပါသလား။ တကယ်တော့ ကျွန်တော်တို့ ခန္ဓါကိုယ်ဟာ အတော်လေး စမတ်ကျပါတယ်။ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံမလာခင်မှာ ရှေ့ပြေးလက္ခဏာအနည်းငယ်နဲ့ ကြိုတင်ပြီး သတိပေးလေ့ရှိပါတယ်။ သတိအနည်းငယ်ထားပြီးလေ့လာကြည့်ရင် စောစီးစွာသိပြီး ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သိပ်ပြီးအရေးမကြီးလှဘူးလို့ လူအများက ထင်မြင်တတ်ပေမယ့် လက်တွေ့မှာ ပြဿနာကြီးကျယ်သွားတတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ ဆီးမထိန်းနိုင်ခြင်း လက္ခဏာများ။ နှာချေရင်၊ ရယ်ရင်၊ အလေးအပင်မရင်၊ လေ့ကျင့်ခန်းလုပ်ရင် ဆီးထွက်ကျတတ်ပါတယ်။ ဒါမှမဟုတ် ဆီးသွားချင်စိတ်အရမ်းများနေပြီး အိမ်သာကို အချိန်မီမရောက်နိုင်ရင် အရေးပေါ် ကြုံရတတ်ပါတယ်။ ဘာကြောင့်အရေးကြီးသလဲ။ ဆီးမထိန်းနိုင်ခြင်းဟာ ဘဝရဲ့အရည်အသွေးကို ထိခိုက်တဲ့ကိစ္စဖြစ်ပါတယ်။ နေ့စဉ်ဘဝကို အကန့်အသတ်ဖြစ်သွားစေပါတယ်။ အနီးအနားမှာ အိမ်သာအလွယ်ဝင်နိုင်တဲ့ […]


ဆေးစစ်ချက်များ

ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း MRI ဆိုတာ ဘာလဲ။

အာထရာဆောင်း၊ X Ray၊ CT scan ဆိုပြီး အဆင့်မြင့်ရောဂါရှာဖွေရေး နည်းပညာတွေ အားလုံး ကြားဖူးကြမှာပါ။ သူတို့ထဲမှာ ခုပြောမယ့် MRI ကတော့ နောက်ထပ် အဆင့်မြင့်လာတဲ့ ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း တစ်ခုပေါ့။ တစ်ချို့ သိပြီးသားဖြစ်တဲ့သူတွေရှိသလို MRI ဆိုတာ ဘာလဲဆိုတာ မသိသေးတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ MRI ဆိုတာဘာလဲ ။ ။ MRI ရဲ့ အရှည်ကောက်က Magnetic resonance imagingဖြစ်ပြီး သံလိုက်စက်ကွင်း ရေဒီယိုလှိုင်းတွေနဲ့ ကွန်ပျူတာနည်းပညာတို့ကိုသုံးပြီး ကိုယ်တွင်းမှာရှိတဲ့ ကလီစာတွေကို အသေးစိတ်ပုံဖော်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ CT scan နဲ့ မတူတာက MRI မှာ ဓါတ်ရောင်ခြည် X-rays တွေလုံးဝသုံးထားခြင်းမရှိတာပါပဲ။ MRI ကိုခုနောက်ပိုင်း ဘာ့ကြောင့် အသုံးများလာတာလဲ။ MRI က […]


ဆေးစစ်ချက်များ

ရောဂါရှာဖွေဖို့ CT Scan နဲ့ MRI ဘယ်ဟာကို ရွေးကြမလဲ ။ ။

CT တို့ MRI တို့ဆိုတာ ခုနောက်ပိုင် းအရမ်းကို ခေတ်စားပြီး အသုံးဝင်တဲ့ပုံရိပ်ဖော် ရောဂါ ရှာဖွေရေးနည်းပညာတွေဖြစ်ပါတယ်။ သာမန် ဓါတ်မှန် အာထရာဆောင်းတို့ထက် သာလွန်ရတဲ့ အကြောင်းအရင်းကတော့ သူတို့နှစ်ခုလုံးက တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လို့ရတဲ့အပြင် ရလာတဲ့အဖြေတွေကလည် းတိကျသေချာမှုရှိတာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ကဆေးခန်းသွားလို့ CT ရိုက်မလား MRI ရိုက်မလာ ရွေးရတော့မယ်ဆိုရင် ဘာကို ရွေးမလဲ။ သူတို့နှစ်ခုက ဘယ်လိုခြားနားချက်တွေရှိလဲ ။ ။ CT ဆိုတာဘာလဲ။ MRI ဆိုတာဘာလဲ ။ Computed tomography ခေါ်တဲ့ CT scan ဟာ ကိုယ်တွင်းက ကလီစာတွေ၊ အရိုးဖွဲ့စည်းပုံတွေနဲ့ တစ်ရှူးတွေကို ဓါတ်ရောင်ခြည်နဲ့ ကွန်ပျူတာနည်းပညာပေါ်ပေါင်းစပ်အခြေခံပြီး ပုံရိပ်ဖော်တဲ့ နည်းပညာဖြစ်ပါတယ်။ MRI ရဲ့ အရှည်ကောက်ကတော့ Magnetic resonanceimaging […]


ဆေးစစ်ချက်များ

CT scan ဆိုတာဘာလဲ။ ။

ဆေးရုံး ဆေးခန်းတွေမှာ ရောဂါတစ်ခုခုအဖြေရှာအတွက် သွေးစစ်ဆီးစစ်၊ အာထရာဆောင်း ရင်ဘတ်ဓါတ်မှန်တွေ အပြင် CT scan ရိုက်တယ်ဆိုတဲ့ အသုံးအနှုန်းလေးကိုလည်း ကြားဖူးကြမှာပါ။ ဆရာဝန်က ညွန်ကြားလို့သာ CT scanရိုက်လိုက်ရတယ်။ ဘာ့ကြောင့်ရိုက်ရတာလဲ ဘာတွေသိနိုင်လို့လဲ အခြားအရာတွေထက် ဘာကောင်းလို့လဲဆိုတာကို မသိကြတဲ့သူတွေ အများကြီးအတွက် ခုဆောင်းပါးလေးက ရည်ရွယ်ပါတယ် ။ CT scanဆိုတာဘာလဲ ။ ။ Computed tomography ခေါ်တဲ့ CT scanဟာ ကိုယ်တွင်းက ကလီစာတွေ၊ အရိုးဖွဲ့စည်းပုံတွေနဲ့ တစ်ရှူးတွေကို ဓါတ်ရောင်ခြည်နဲ့ ကွန်ပျူတာနည်းပညာပေါ်ပေါင်းစပ်အခြေခံပြီး ပုံရိပ်ဖော်တဲ့ နည်းပညာဖြစ်ပါတယ်။ သာမာန် ဓါတ်မှန်ထက် ဒီ ကွန်ပျူတာနည်းပညာပေါင်းစပ်ထားတဲ့ ဓါတ်မှန်တစ်ချပ်က ပိုပြီး တိကျစွာ ကိုယ်တွင်းပြဿနာတွေကို အဖြေရှာပေးနိုင်မှာ ဖြစ်ပါတယ်။ CT scan ကိုယ်ခန္ဓါရဲ့ ကြိုက်တဲ့အပိုင်းမှာ ရိုက်နိုင်သလို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာပျော်ရွှင်စွာ ဘဝနေထိုင်နည်း

ချစ်ခင်ရတဲ့သူတွေနဲ့ သက်ဆုံးတိုင် တူတူနေချင်တဲ့ဆန္ဒရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲက နည်းလမ်းလေးတွေက ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။ ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်း (၁၀) ချက် ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကိုမွေးမြူလို့ရပါတယ်။ ဒီတော့ဘာတွေလုပ်ရမလဲ ကြည့်လိုက်ရအောင်လား။ (၁) ရေများများသောက်ပါ - ခန္ဓါကိုယ်က ဇီဝလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ရေများများသောက်ပေးပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ် အနှံ့ကိုအောက်ဆီဂျင်နဲ့အာဟာရတွေ ပို့ဆောင်နိုင်စေဖို့ပါ။ အသားအရေခြောက်သွေ့တာကင်းစေသလို ဆီးဝမ်းမှန်စေနိုင်ပါတယ်။ (၂) အိပ်ရေးဝဝအိပ်ပါ - အဝလွန်တာ၊ ဆီးချိုနဲ့နာတာရှည်ပြဿနာတွေကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိပေးပါ။ (၃) လမ်းလျှောက်ပါ - သိပ်မဝေးတဲ့နေရာလေးတွေကို လမ်းလျှောက်သွားပေးတာက ခန္ဓါကိုယ် ကျန်းမာသန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ (၄) တရားထိုင်ပါ - စိတ်ဖိစီးမှုကင်းဝေးစေပြီးကောင်းမွန်တဲ့ အိပ်စက်မှုကို ရစေနိုင်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သူတိုင်း တစ်ပတ်ကို ၃ ကြိမ်လောက် တရားထိုင်ပါ။ (၅)လေ့ကျင့်ခန်းလုပ်ပါ - တစ်နေ့တာမှာ ပုံမှန် […]


ဆေးစစ်ချက်များ

မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်း

ဒီအကြောင်းအရာဟာ အမေရိကန်CSI ဇာတ်လမ်းတွဲပရိသတ်တွေအတွက်တော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ရာဇဝတ်မှုတစ်ခုခုဖြစ်ပွားတဲ့အခါ DNA စစ်ဆေးခြင်းနည်းပညာကိုသုံးပြီး မှုခင်းဆေးပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ သိပ္ပံနည်းကျသက်သေတွေ ဖော်ထုတ်တဲ့နည်းပညာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်းအကြောင်းကို အကြမ်းဖျဉ်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ DNA ဆိုတာဘာလဲ DNA ဟာ Deoxyribose Nucleic Acid ရဲ့ အတိုကောက်စာလုံးဖြစ်ပြီး လူအပါအဝင် သက်ရှိအားလုံးရဲ့ မျိုးဗီဇသင်္ကေတ (genetic code) ပါဝင်တဲ့ မော်လီကျူးပဲ ဖြစ်ပါတယ်။ လူကိုယ်ခန္ဓါရဲ့ အသေးငယ်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဆဲလ်တွေထဲမှာမှ နူကလိယလို့ခေါ်တဲ့ အရာတည်ရှိပါတယ်။ အဲဒီနူကလိယကို ထပ်မံခွဲခြမ်းစိတ်ဖြာရင် မျိုးရိုးဗီဇဆက်ခံတဲ့ ခရိုမိုဆုမ်း ၂၂စုံနဲ့ ကျား/မကွဲပြားမှုကို ဆုံးဖြတ်ပေးတဲ့ ခရိုမိုဆုမ်းတစ်စုံ စုစုပေါင်း ၂၃စုံ ရှိပါတယ်။ ခရိုမိုဆုမ်းတွေကို ထပ်မံအနုစိတ်ကြည့်မယ်ဆိုရင် သေးငယ်တဲ့ကြိုးမျှင်ကလေးတွေမှာ ပုတီးစေ့လေးတွေသီထားသလိုပါဝင်ပြီး အခွေလိုက်တွေ့နိုင်ပါတယ်။ အဲဒီကြိုးမျှင်ဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမျိုးအစား A (Type A) ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များ၏ အမူအကျင့်များ

သင့်ပတ်ဝန်းကျင်မှာ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူတွေ၊ တော်တန်ရုံကို စိတ်မရှည်တတ်သူတွေကို တွေ့မိတဲ့အခါ အံ့သြကောင်း အံ့သြပါလိမ့်မယ်။ အများနဲ့ကွဲပြားနေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးကို သင်သတိထားကောင်းထားမိပါလိမ့်မယ်။ သူတို့ဟာ အမျိုးအစား A ကိုယ်ရည်ကိုယ်သွေး (Type A personality) ပိုင်ရှင်တွေ ဖြစ်နေနိုင်ပါတယ်။ သူတို့မှာဘယ်လိုအမူအကျင့်တွေရှိသလဲ ဆက်လက်လေ့လာကြည့်ရအောင်ပါ။ ၁။ စိတ်ကြီးခြင်း သူတို့ဟာ စိတ်ကြီးပါတယ်။ အောင်မြင်လိုစိတ်ကြီးမားပါတယ်။ မိမိကိုယ်ကိုရော ပတ်ဝန်းကျင်ကိုပါ မောင်းနှင်တတ်ပြီး မလိုမကျရင်လည်း ဆူပူကြိမ်းမောင်းဖို့ ဝန်မလေးပါဘူး။ ဒါပေမယ့် အဲဒီစိတ်ကြောင့်ပဲ အသီးအပွင့်တွေ ဖြစ်ထွန်းလာတတ်ပါတယ်။ ၂။ ယှဉ်ပြိုင်တတ်ခြင်း Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များရဲ့ နေ့စဉ်ဘဝလမ်းညွှန်ချက်ဟာ ယှဉ်ပြိုင်နေဖို့ပါပဲ။ ဦးတည်ချက်တစ်ခုထားပြီး မရောက်ရောက်အောင် သွားတတ်ပါတယ်။ သူတပါးကို မယှဉ်ပြိုင်ရင်တောင် မိမိကိုယ်မိမိ တိုးတက်လာခြင်း ရှိ၊မရှိ ယှဉ်ပြိုင်နေတတ်သူတွေ ဖြစ်ပါတယ်။ ၃။ ရည်မှန်းချက်ကြီးခြင်း ဒီအချက်ဟာ သူတို့ကိုယ်ရည်ကိုယ်သွေးမှာ အခရာကျတဲ့ မောင်းနှင်အား ဖြစ်ပါတယ်။ သူတို့စိတ်မှာ […]


ရောဂါလက္ခဏာများ

ရေဖျဉ်းရှိသူတွေအတွက် သတိထားသင့်တဲ့အချက်တွေ

ရေဖျဉ်းဆွဲတယ်ဆိုတာက ဝမ်းဗိုက်မှာအရည်တွေစုပုံလာတဲ့အခြေအနေတစ်ရပ်ပါ။ရောဂါအခြေအနေတစ်ရပ်ရပ်ရဲ့နောကဆက်တွဲအနေနဲ့ ခံစားရတဲ့ အနေအထားတစ်ရပ်ပေါ့။ အခုတစ်ခေါက်တော့ရေဖျဉ်းဆွဲတဲ့အခါ ဘယ်လိုနေထိုင်ရမလဲဆိုတာလေးကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ။ ဘာကြောင့်ရေဖျဉ်းဆွဲရတာလဲ....... ဒီအချက်တွေကြောင့်ရေဖျဉ်းဆွဲရတာပါ။ အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံထားရတာ အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံထားရတာ အရက်သောက်တာေကြာင့် အသည်းထိခိုက်ပျက်စီးနေတာတွေရဲ့နောက်ဆက်တွဲအနေနဲ့ရေဖျဉ်းဆွဲတာကို ခံစားရနိုင်ပါတယ်။ ရေဖျဉ်းဆွဲတာကိုမြင့်တက်စေနိုင်တဲ့အကြောင်းအရင်းတွေကဘာတွေများဖြစ်မလဲ........... ရေဖျဉ်းဆွဲခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ သားဥအိမ်ကင်ဆာရှိတာ ပန်ကရိယကင်ဆာရှိတာ အသည်းကင်ဆာရှိတာ သားအိမ်ကင်ဆာရှိတာ နှလုံးရောဂါရှိတာ ကျောက်ကပ်ရောဂါရှိတာ ပန်ကရိယ ရောင်ရမ်းနေတာ တီဘီရောဂါခံစားနေရတာ သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ရောဂါတွေခံစားနေရတာတွေကရေဖျဉ်းဖြစ်နိုင်ခြေကို များစေတဲ့အချက်တွေပါ။ ရေဖျဉ်းစွဲနေသူတွေသတိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံကဘာတွေဖြစ်မလဲ............ ရေဖျဉ်းစွဲနေသူအနေနဲ့ ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်။ ဆားလျှော့စားပါ ရေဖျဉ်းစွဲနေသူတစ်ယောက်အနေနဲ့ ဆားစားသုံးမှုကိုလျှော့ချသင့်ပါတယ်။ ဆားစားသုံးမှုများတာကရေတွေကိုပိုပြီး စုစေနိုင်တာကြောင့်ရေဖျဉ်းစွဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသောက်မှုမှာ ဆားကို တတ်နိုင်သမျှလျှော့စားပေးပါ။ အငန်ကဲတဲ့အစားအစာတွေကိုလျှော့စားဖို့လည်း မမေ့ပါနဲ့။ နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ ရေဖျဉ်းစွဲသူတစ်ယောက်အနေနဲ့ ပုံမှန်ထက်စားချင်စိတ်နည်းနေနိုင်ပါတယ်။ ဒါပေမယ့် အစားစားမှ အာဟာရပြည့်ဝမှာဖြစ်တာကြေင့် တစ်နေ့ကို နည်းနည်းချင်းစီနဲ့ ၇ ကြိမ်၈ ကြိမ်လောက် အစားစားပေးပါ။ ပရိုတင်းကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ […]


အခြေခံကျန်းမာရေး

Type A အမျိုးအစား ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များမှာဖြစ်တတ်သော ကျန်းမာရေးပြဿနာများ

Type A အမျိုးအစား ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်သူတွေ၊ ရည်မှန်းချက်ကြီးသူတွေ ဖြစ်ပါတယ်။ ဘဝမှာ ထိပ်တန်းကိုရောက်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ တစ်ဖက်မှာလည်း စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။ သုတေသီများဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ ကျန်းမာရေးအခြေအနေကြားက ဆက်စပ်မှုကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပါတယ်။ Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဟာ မိမိကိုယ်ကို ဆန္ဒပြင်းပြစွာ မောင်းနှင်တတ်ခြင်း၊ စိတ်မရှည်ခြင်းတို့ကြောင့် ထိရှလွယ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း၊ စိတ်ဖိစီးခြင်း စတဲ့ပြဿနာတွေ ကြုံနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပထမဦးစွာ မိမိကိုယ်ကို Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင် ဟုတ်မဟုတ် အောက်ပါမေးခွန်းတွေနဲ့ အကဲဖြတ်ကြည့်ပါ။ မကြာခဏဆိုသလို အလျင်စလို လုပ်တတ်ပါသလား။ ယှဉ်ပြိုင်လိုစိတ်ကြီးမားပါသလား။ လူအများစုထက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲ

အရက်က ကျန်းမာရေးအတွက်ကောင်းကျိုးလုံးဝမရှိဘူးဆိုတာကတော့ အထွေအထူးပြောနေစရာမလိုအောင် သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့်လည်း တစ်ခါတလေပါ၊ ဆေးဖြစ်ဝါးဖြစ်ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ဆက်သောက်မိနေသေးတယ် ဟုတ်။ ဒါဆိုရင်တော့ အရက်သောက်တာကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲဆိုတာ သိပြီးပြီလားလို့မေးရတော့ မှာပဲ။ မသိသေးလို့သောက်မိနေတာဆိုရင်တော့ အခုပဲဖတ်ကြည့်လိုက်တော့နော်။ အရက်နည်းနည်းပဲသောက်ရင် ခန္ဓါကိုယ် ထိခိုက်ပါ့မလား…………… အရက်ကို စသောက်တာနဲ့ ခန္ဓါကိုယ်က စပြီးထိခိုက်တာပါ။ အရက်ကြောင့် ခန္ဓါကိုယ်ထိခိုက်မှုက အရက်ပမာဏ နည်းတာ၊ များတာနဲ့ မသက်ဆိုင်ပါဘူး။ ဒါကြောင့် တစ်ခွက်လောက်သောက်တာ ဘာမှမဖြစ်လောက်ပါဘူး၊လို့ မတွေးစေချင်ပါဘူး။ အရက်က နည်းနည်းပဲသောက်သောက်၊ တစ်ခွက်ပဲသောက်သောက် ခန္ဓါကိုယ်ထဲကို ဝင်သွားပြီဆိုတာနဲ့ ထိခိုက်မှုက စတော့တာပါပဲ။ အရက်ကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်နိုင်လဲ…….. အရက်သောက်သုံးမှု ကြာလာတာနဲ့အမျှ ထိခိုက်နိုင်ခြေက များလာလေပါ။ အဆိုးဆုံးကတော့ အသက်သေဆုံး သည်အထိပြင်းထန်နိုင်တာပါ။ အသည်းထိခိုက်မယ် ဒါကတော့ အဖြစ်နိုင်ဆုံး ထိခိုက်မှုတစ်ရပ်ပါ။ အရက်ကို တာရှည်သောက်သုံးတဲ့အခါ အသည်းက ထိခိုက်လာပြီးနာတာရှည် အသည်းရောဂါတွေကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း