CT က ခုနောက်ပိုင်း ဘာ့ကြောင့် အရမ်းအသုံးများလာတာလဲ ။ ။
တိကျပြီး လုပ်ဆောင်ရတာလွယ်ကူတဲ့အပြင် နာကျင်ခြင်းလည်း မရှိတာကြောင့် ခုနောက်ပိုင်း CT scanက ခေတ်စားလာတာဖြစ်ပါတယ်။
- CT scanဖတ်ပြီး အရိုးအဆစ်တွေမှာဖြစ်နေတဲ့ ကွဲအက်မှုတွေ ကင်ဆာ တွေကို အချိန်ခဏလေးအတွင် းသိနိုငိပါတယ်။
- ကင်ဆာ၊ နှလုံးရောဂါနဲ့ အဆုတ်ပြဿနာ၊ အသည်းပြဿနာတွေ ရှိတဲ့အခါမျိုးမှာလည်း CT scanက ဘယ်နေရာနားလောက်မှာ ဖြစ်နေတာ အတိအကျနဲ့ ဘယ်အဆင့်လောက်ရောက်နေပြီလဲဆိုတာ တိတိကျကျ ပြောနိုင်ပါတယ်။
- ကား အက်ဆီးဒင့်တွေကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းသွေးယိုမှု၊ အတွင်းဒဏ်ရာထိခိုက်မှုတွေကို သေချာ ပုံရိပ်ဖော်ပေးနိုင်ပါတယ်။
- ကင်ဆာ၊ သွေးခဲ၊ အရည်စုတာနဲ့ ပိုးဝင်ခြင်းပြဿနာတွေရှိခဲ့ရင် ဘယ်နေရာမှာ ဖြစ်နေလဲဆိုတာ CT scanက ကူညီ အဖြေရှာပေးနိုင်ပါတယ်။
- ကုသထားတဲ့ ဆေးကုသမှုကြောင့် ရောဂါအခြေအနေ တိုးတက်မှု ရှိရဲ့လားဆိုတာကိုလည်း CT scanရိုက်ပြီး အဖြေရှာလို့ရတာကြောင့် ခုနောက်ပိုင်း CT scan ကလူသုံးများလာတာဖြစ်ပါတယ်။
CT Scan with Contrast( CT scanကို ဆေးရည်ထိုးပြီးရိုက်တယ် ဆိုတာဘာလဲ)
သိပ်သည်းဆများတဲ့ အရိုးလို ကိုယ်တွင်းကလီစာက CT scan ဖတ်လိုက်ရင် ပေါ်ဖို့လွယ်ကူပေမယ့် တစ်ရှူး တွေနဲ့ ဖွဲ့စည်းထားတဲ့ အခြားကိုယ်တွင်းကလီစာတွေက CT scanပေါ်မှာ ပြတ်ပြတ်သားသားမြင်ရဖို့ သိပ်မလွယ်ကူပါဘူး။ ဒါ့ကြောင့် contrast material လို့ခေါ်တဲ့ ဆေးရည်အကူအညီယူပြီး တစ်ရှူးတွေရဲ့ ပုံရိပ်ကို ထင်ထင်ရှားရှားမြင်ရအောင်လုပ်တဲ့ နည်းကို CT Scan with Contrast လို့ခေါ်ပါတယ်။
contrast material ဆေးရည်တွေဟာ iodine ( ဒါမှမဟုတ်) barium sulfate နဲ့လုပ်ထားတာဖြစ်ပြီး သွေးကြောထဲ ထိုးသွင်းတာ၊ ပါးစပ်ကနေသောက်တာနဲ့ စအိုကနေထည့်တာ စတဲ့ နည်းသုံးနည်းနဲ့ ကိုယ်တွင်းထဲဆေးရည်ထည့်လေ့ရှိပါတယ်။ တစ်ခုမှတ်ထားရမှာက ဆေးရည်သုံးပြီး CT ရိုက်ဖြစ်တယ်ဆိုရင် ဒီဆေးရည်တွေကို ဖယ်ဖို့ ရေများများ ပြန်သောက်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှ ကျောက်ကပ်က ဆေးရည်တွေမကျန်ခဲ့အောင် အကုန်စွန့်ပစ်နိုင်မှာလေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။