backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရောဂါရှာဖွေဖို့ CT Scan နဲ့ MRI ဘယ်ဟာကို ရွေးကြမလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရောဂါရှာဖွေဖို့ CT Scan နဲ့ MRI  ဘယ်ဟာကို ရွေးကြမလဲ ။ ။

CT တို့ MRI တို့ဆိုတာ ခုနောက်ပိုင် းအရမ်းကို ခေတ်စားပြီး အသုံးဝင်တဲ့ပုံရိပ်ဖော် ရောဂါ ရှာဖွေရေးနည်းပညာတွေဖြစ်ပါတယ်။ သာမန် ဓါတ်မှန် အာထရာဆောင်းတို့ထက် သာလွန်ရတဲ့ အကြောင်းအရင်းကတော့ သူတို့နှစ်ခုလုံးက တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လို့ရတဲ့အပြင် ရလာတဲ့အဖြေတွေကလည် းတိကျသေချာမှုရှိတာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ကဆေးခန်းသွားလို့ CT ရိုက်မလား MRI ရိုက်မလာ ရွေးရတော့မယ်ဆိုရင် ဘာကို ရွေးမလဲ။ သူတို့နှစ်ခုက ဘယ်လိုခြားနားချက်တွေရှိလဲ ။ ။

CT ဆိုတာဘာလဲ။ MRI ဆိုတာဘာလဲ ။

Computed tomography ခေါ်တဲ့ CT scan ဟာ ကိုယ်တွင်းက ကလီစာတွေ၊ အရိုးဖွဲ့စည်းပုံတွေနဲ့ တစ်ရှူးတွေကို ဓါတ်ရောင်ခြည်နဲ့ ကွန်ပျူတာနည်းပညာပေါ်ပေါင်းစပ်အခြေခံပြီး ပုံရိပ်ဖော်တဲ့ နည်းပညာဖြစ်ပါတယ်။

MRI ရဲ့ အရှည်ကောက်ကတော့ Magnetic resonanceimaging ဖြစ်ပြီး သံလိုက်စက်ကွင်း ရေဒီယိုလှိုင်းတွေ အသုံးပြုပြီး ကွန်ပျူနည်းပညာနဲ့ ပေါင်းစပ်က ပုံရိပ်ဖော်တဲ့နည်းပညာ ဖြစ်ပါတယ်။

MRI ထက်စာရင် CT ကတော့ လူသုံးများပြီး အကုန်အကျလည်းသက်သာတဲ့ ရောဂါရှာဖွေနည်းပညာတစ်ခုပါ။ ဒါပေမယ့် တိကျမှုအပိုင်းမှာတော့ MRI က CT ထက်ပိုပြီး သာလွန်နေတတ်ပါတယ်။ သူတို့နှစ်ခုရဲ့အဓိက ခြားနားချက်ကတော့ CT့က ဓါတ်ရောင်ခြည် တွေသုံးပြီး ပုံရိပ်ဖော်ပေမယ့် MRI ကတော့ ဓါတ်ရောင်ခြည့်မဟုတ်ဘဲ သံလိုက်စက်ကွင်းကိုသာ အသုံးပြုတာပါ။

ဒါ့အပြင် သူတို့နှစ်ခုမှာ ခြားနားချက်တွေ အများကြီးရှိနေပါသေးတယ်။ ရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ ဆိုးကျိုးတွေလည်း မတူကြပါဘူး။ ဒီအချက်တွေက CT နဲ့ MRI နှစ်ခုမှာ ဘယ်တစ်ခုကို ရွေးရမလဲဆိုတဲ့နေရာမှာ အသုံးဝင်လာနိုင်ပါတယ်။

ရရှိနိုင်တဲ့ ဆိုးကျိုးတွေကတော့

CT scan

  • ကိုယ်ဝန်သည် တွေ CT ရိုက်ရင် ဗိုက်ထဲက ရင်သွေးလေးထိခိုက်နိုင်ပါတယ်။
  • ဓါတ်ရောင်ခြည်ကို အသုံးပြုဖြစ်တာကြောင့် ရောင်ခြည့်သင့်တဲ့ ဒဏ်တွေခံရတတ်ပါတယ်။
  • ဆေးထိုးပြီး CT ရိုက်တဲ့အခါမှာလည်း contrast material လို့ခေါ်တဲ့ ပုံရိမ်ဖော်ဆေးတွေကြောင့် ဓါတ်မတည့် ြပင်းထန် တုန့်ပြန်မှုတွေ ဖြစ်တတ်ပါသေးတယ်။

MRI

  • သံလိုက်အသုံးပြုမှုကြောင့် metals သတ္တုဓါတ်တွေနဲ့ ဓါတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။
  • MRI စက်ကြီးကနေ ထွက်လာတဲ့ ဆူညံသံတွေကြောင့် အကြားပိုင်းဆိုင်ရာ ပြဿနာတွေရှိလာနိုင်ပါတယ်။
  • MRI အကြာကြီးရိုက်ရင် ကိုယ်တွင်း အပူချိန် မြင့်လာနိုင်ပါတယ်။
  • Claustrophobia လို့ခေါ်တဲ့ MRI စစ်ဆေးတဲ့နေရာကို ကြောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုလည်း ကပ်ပါလာနိုင်ပါသေးတယ်။

ဆရာဝန်ကို ကြိုပြောသင့်တဲ့အချက်တွေ ။

CT scan မရိုက်ခင် ဆရာဝန်ကို ကြိုပြောထားရမှာကတော့

  • ကိုယ်ဝန်ရှိနေတာ
  • ဆေး အစားအစာတစ်ခုခုနဲ့ ဓါတ်မတည့်မှုတွေ ရှိနေတာနဲ့
  • ဆီးချိုဆေးတွေ သောက်နေတာတွေပဲ ဖြစ်ပါတယ်။

MRI မရိုက်ခင် ဆရာဝန်ကို ကြိုပြောရမှာတွေကတော့

  • အရိုးထဲမှာ စတီးချောင်းထည့်ထားတာတွေ
  • မျက်လုံးအစားထိုးထည့်ထားတာတွေ
  • သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း လေးထည့်ထားတာတွေ
  • နှလုံးခုန်စက် Pacemaker ထည့်ထားတာတွေရှိခဲ့ရင် MRI မရိုက်ခင် ဆရာဝန်ကို ကြိုပြောပြရမှာပဲ ဖြစ်ပါတယ်။

ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

  • CT ရော MRI ရော က ကိုယ်တွင်းကလီစာတွေကို တိတိကျကျပုံရိပ်ဖော်ပေးနိုင်တဲ့ နည်းပညာတွေပါ။
  • CT scan က MRIထက် ပုံရိပ်ဖော်တာမြန်ပြီး တစ်ရှူးတွေ ကလီစာတွေနဲ့ အရိုးဖွဲ့စည်းမှုတွေကို ပိုမြန်မြန် ပုံဖော်ပေးနိုင်ပါတယ်။
  • MRI ကျတော့ ပုံရိပ်ဖော်တာ CT ထက်နှေးပေမယ့် ပိုပြီးတိကျတဲ့အပြင် ဓါတ်ရောင်ခြည်ဒဏ်ကိုလည်း မခံရတတ်ပါဘူး။

ဒါဆို CT ကိုရွေးမလား။ MRI ကို ရွေးမလား။

တစ်ချို့ဆေးခန်းတွေကျ ကိုယ့်ဘာသာရွေးရသလို တစ်ချို့ဆေးခန်းတွေမှာကျ ဆရာဝန်က ကိုယ်နဲ့သင့်တော်တာရွေးပေးလေ့ရှိပါတယ်။

  • မြန်မြန်သိချင်တယ် ဈေးလည်းသက်သာချင်တယ်ဆိုရင်တော့ CT ကိုရွေးသင့်ပြီး
  • ပိုပြီးတိတိကျကျသိချင်တယ် ဓါတ်ရောင်ခြည်ဒဏ်လည်း မခံရဘူးဆိုရင်တော့ MRI ကိုရွေးဖို့ အကြံပေးချင်ပါတယ်။
  • MRI အသုံးပြုသင့်တဲ့ရောဂါတွေကတော့ ခါးဆစ်ရိုးကျွံတဲ့ပြဿနာ၊ အရွတ်တွဲ စုတ်ပြဲတဲ့ ပြဿနာနဲ့ တစ်ရှူးပြဿနာတွေပဲ ဖြစ်ပါတယ်။
  • အရိုးအက်တာ၊ ခေါင်းမှာထိခိုက်ဒဏ်ရာရာတာနဲ့ ကိုယ်တွင်းကလီစာတွေမှာ ဖြစ်နေတဲ့ ပြဿနာကို အဖြေရှာချင်ရင်တော့ CT က ပိုပြီးသင့်တော်ပါတယ်။

တစ်ခုသိထားရမှာက CT ရော MRI ရောက ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုပေမယ့် သူတို့ဆီက ရနိုင်တဲ့ ဆိုးကျိုး တကယ်ကို နည်းလွန်းပါတယ်။ နောက်ပြီး နှစ်ခုလုံးကလည်း ရောဂါ အဖြေရှာကုသတဲ့နေရာမှာ တိကျတဲ့ အဖြေတွေကိုထုတ်ပေးနိုင်တဲ့အတွက် CT MRI ဘယ်ဟာကို ရွေးရမလဲဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်တယ်နော် ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement