အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ့်မနက်ခင်းတိုင်း လှပနေစေဖို့။

အင်တာနက်ေခတ်၊ မိုဘိုင်းဖုန်းထဲ ဂိမ်းလေး အလွယ်ဆော့နိုင်တဲ့ ခေတ်ဆိုတော့ ညပိုင်းတွေ ဆို မျက်လုံးတွေက ပြူးကျယ်နေတတ်ပြီး မနက်ဆို လုံးဝမဖွင့်ချင်ကြတဲ့ လူတွေချည်းပါပဲ။ ဆယ်ကျော်သက် တွေနဲ့ သက်လတ်ပိုင်းသမားတွေ ပိုဆိုးတာပေါ့။ အလုပ်တွေ ကျောင်းတွေကလည်း ရှိသေးတယ်မလား။ ညညဆို မအိပ်နိုင် မနက်ဆို မထနိုင်နဲ့ ကျောင်းနောက်ကျ ရုံးနောက်ကျတာတွေဖြစ်ကုန်ရော။ နောက်ကျရင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ်မလား။ ဒီတော့ မနက်စောစောထဖြစ်ပြီး ရုံးတို့ ကျောင်းတို့ အေးဆေးသွားနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါလေးတွေ လုပ်ကြည့်ပါလား။ ( ၁ ) alarm ကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားပါ။ ဖုန်းနဲ့ ဖြစ်ဖြစ် နာရီနဲ့ပဲဖြစ်ဖြစ် နှိုးစက်နဲ့ဖြစ်ဖြစ် alarm ပေးထားတဲ့အခါ အားလုံးကို ကိုယ့်အိပ်ရာနဲ့ မမှီနိုင်တဲ့နေရာမှာထားပါ။ alarm ရဲ့ ringtone က ကိုယ်မကြိုက်တဲ့ တီးလုံးသံလေးဖြစ်ရင်ပိုကောင်းပါလိမ့်မယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

အသည်းအစားထိုး ကုသခြင်းအကြောင်း သိကောင်းစရာများ ။ ။

ကိုယ့်အသည်းက ခြောက်နေလို့၊ အသည်းကင်ဆြာဖစ်နေလို့၊ အသည်းအလုပ်မလုပ်တော့လို့ဆိုတဲ့ ပြင်းထန်ရောဂါတွေ အကြောင်းကြားဖူးကြမှာပါ။ ရှေးတုန်းကဆို ဒီလို ရောဂါတွေဖြစ်ရင် ခဏလေးနဲ့ အသက်ဆုံးရှုံကြပေမယ့် ခုနောက်ပိုင်း ဆေးပညာတွေတိုးတက်လာတော့ အသည်းအစားထိုးတဲ့ ခွဲစိတ်မှုကြီးကို လူတိုင်းကြားဖူးကြမှာပါ။ ကြားသာကြားဖူးတယ်ဘာလဲဆိုတာ သေချာသိချင်တဲ့သူတွေနဲ့ အသည်းအစားထိုးဖို့လိုအပ်တဲ့လူနာတွေအတွက် အသည်းအစားထိုးတော့မယ်ဆိုရင် ဘာတွေသိသင့်သလဲဆိုတဲ့အကြောင်း ပြောပြပေးတော့မှာပါ။ ။ ဘယ်သူတွေက အသည်းအစားထိုးဖို့လိုအပ်လဲ ။ ။ နာတာရှည်အသည်းရောင် ရောဂါဖြစ်ပြီး အသည်းခြောက်သွားတဲ့အခါ သည်းခြေလမ်းကြောင်း ကျဉ်းတဲ့အခါ အရက်စွဲနေပြီးအသည်းမကောင်းတော့တဲ့အခါ အသည်းကင်ဆာ ဖြစ်တဲ့သူတွေနဲ့ အသည်းလုံးဝအ လုပ်မလုပ်နိုင်တော့တဲ့သူတွေ ဟာ အသည်းအစားထိုးဖို့လိုအပ်တဲ့သူတွေပါ။ အသည်းအစားထိုးတယ်ဆိုတာဘယ်လိုမျိုးလဲ။ ။ အသည်းအစားထိုးတယ်ဆိုတဲ့နေရာမှာ အလှူရှင်နဲ့ လက်ခံသူရှိရပါမယ်။ အလှူရှင်ရဲ့ အသည်းတစ်ခြမ်းကို လှီးပြီး လက်ခံသူကို အဲဒီ တစ်ခြမ်းအစားထိုးပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ သက်ရှိအလှူရှင်ဆီက အသည်း အစားထိုးခြင်းနဲ့ သေဆုံးပြီး အလှူရှင်ဆီက အသည်းအစားထိုးခြင်း ဆိုပြီး၂ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။

အားဆေး မဖြစ်မနေသောက်ပေးမှ ကျန်းမာရေး ကောင်းမှာလား ဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ရှိတတ်ကြမှာပါ။ ကိုယ်ကလည်း စားလို့ကောင်း သောက်လို့ကောင်းတဲ့ အရွယ်၊ ကျန်းမာရေး ကလည်း ကောင်းနေတယ် ဆိုရင် အားဆေး မသောက်လို့ ရလား။ သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။ အမှန်က အားဆေး ဆိုတာ အာဟာရဓာတ်တွေ ချို့တဲ့နေတဲ့ သူတွေ ရှိတာကြောင့် သူ့တို့ကို ပြန်ပြီး အာဟာရ ဖြည့်ပေးဖို့ အတွက် ပေါ်လာရတာပါ။ ဒါပေမယ့် စားလို့ကောင်း သောက်လို့ကောင်းတဲ့ သူတွေလည်း တချို့အခြေအနေတွေမှာ အားဆေးသောက်ပေးဖို့ လိုနိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးလည်း ဆိုတော့ ကိုယ်က အစားရွေးလွန်းတယ်။ သက်သတ်လွတ်စားနေတယ်။ စားတော့စားတယ် အစားနည်းတယ်။ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားအရွယ်တွေ၊ ရောဂါအခံတွေ ရှိတဲ့ အခြေအနေမျိုးမှာပေါ့။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ရောဂါ ၁၀ မျိုး။ ။

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ ဟိုးအရင်တုန်းက တကယ်ကိုကြောက်ခဲ့ရတဲ့ ပိုလီယို ရောဂါတို့၊ ကျောက်ကြီးရောဂါဆိုတာတွေကို ခုခေတ်ကလေးတွေ ကြားတောင်မကြားတော့တာ ကာကွယ်ဆေးတွေကို ကျေးဇူးတင်ရမှာပါ။ ဒီတော့ ကာကွယ်ဆေးတွေရဲ့ အရေးပါပုံကို ခန့်မှန်းမိကြတော့လောက်ပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ ရောဂါ ၁၀ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ (၁ ) ဝက်သက်ရောဂါ။ ။ ဝက်သက်ကာကွယ်ဆေးဆိုပြီး ကလေးအသက် ၉ လ မှာတစ်ကြိမ် ၁နှစ်ခွဲမှာတစ်ကြိမ် ထိုးပေးကြတာ ကြားဖူးကြမှာပါ။ လေထဲက တစ်ဆင့်ကူးစက်ပြီး အဆုတ်ပွ၊ အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးပါးရောင်တာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ဒီဝက်သက်ရောဂါဟာ ကာကွယ်ဆေးထိုးထားလိုက်ရင် ဖြစ်နိုင်ချေနည်းသွားမယ့် ရောဂါတစ်ခုပါ။ ( ၂ ) ရက်တစ်ရာချောင်း ကြက်ညှာချောင်း Diptheria pertussis ဆိုတဲ့ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တဲ့ ဒီ အဆုတ်ရောဂါဟာ နာတာရှည်ချောင်းဆိုးခြင်းကို အဓိကဖြစ်စေတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့

လူတွေရဲ့ စည်းကမ်းမဲ့မှုနဲ့အတူ ကမ္ဘာကြီး ပူနွေးလာပြီး ရေခဲမြစ်တွေ အရည်ပျော်တာ၊ သစ်တောတွေ ပြုန်းတီးမှုရဲ့ အကျိုးဆက်အနေနဲ့ မိုးတွင်း ရောက်လာတိုင်း ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး ရေကြီး ရေနစ်မြုပ်တဲ့ အဆင့်ကို ရောက်ရှိလာနေပါတယ်။ တစ်နှစ်ထက် တစ်နှစ် ရေကြီးမှုတွေ က ပိုများလာသလို ပိုပြီးလည်း ပြင်းထန်လာနေပါတယ်။ ဒီတစ်ခေါက်တော့ မိုးတွင်းမှာ မျှော်လင့်မထားတဲ့ ရေကြီးမှုတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဒီ ဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ လိုက်နာစရာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ ရေကြီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ရေမကြီးခင် ဘာတွေပြင်ဆင်ရမလဲ ရေကြီး လာနိုင်တဲ့ အလားအလာတွေ ရှိနေမယ်၊ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ။

ဗီတာမင်ချို့တဲ့ နေလို့ပဲဖြစ်ဖြစ်၊ အားဆေး သောက်သင့်တယ်ဆိုလို့ သူများပြောလို့ပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် အားဆေးသောက်ချင်လို့ဖြစ်ဖြစ် အားဆေးဝယ်တော့မယ်ဆိုရင် သင်ပထမဆုံး ဘာကို စဉ်းစားပါသလဲ။ အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ ဖြည့်စွက်အားဆေးတွေ ဆိုတာ ရေတွက်လို့မရနိုင်လိုက်အောင် များပြားတဲ့အတွက် အားဆေးဝယ်တော့မယ်ဆိုရင် ဘယ်အားဆေးက ယုံကြည်စိတ်ချရလဲ၊ အရည်အသွေးပိုကောင်းလဲ ဆိုတဲ့ မေးခွန်း ခေါင်းထဲ အရင်ဆုံး ရောက်လာတယ်မဟုတ်လား။ လူတော်တော်များများက အားဆေးကို ကြော်ငြာအားကောင်းလို့၊ လူပြောများနေလို့ ဆေးဆိုင်တွေမှာ တင်ထားတာတွေ့လို့ဆိုပြီး ဝယ်လာကြတာများပါတယ်။ အကောင်းဆုံး အားဆေးတစ်ခုမှာ ဘယ်လို အချက်တွေ ပါသင့်လဲ၊ ဘာလို့ ဒီအားဆေးကို ဝယ်သောက်သင့်လဲ ဆိုတဲ့ အကြောင်းတွေကို များများစားစား မသိကြပါဘူး။ တွေ့ကရာ အားဆေးတွေဝယ်လာတာထက်စာရင် အားဆေးတစ်ခုကို ဘယ်လို အချက်တွေနဲ့ စိစစ်ရွေးချယ်ပြီး ဝယ်ယူရမလဲဆိုတာ သိထားရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးတွင်းဆိုဒီယမ်ဓါတ်နည်းခြင်း ဆိုတာ ဘာလဲ

ဆိုဒီယမ်ဓါတ်နည်းရင် ဘာဖြစ်မလဲဆိုတာ မပြောခင် ဆိုဒီယမ်ဓါတ်ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြပေးချင်ပါတယ်။ ဆိုဒီယမ်ဓါတ်သည် ရေနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်တွေရဲ့ မျှခြေကိုထိန်းသိမ်းပေးတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ သွေးပေါင်ချိန်ကိုလည်း ငြိမ်အောင် ထိန်းပေးထားနိုင်ပါတယ်။ ဒီလို ဆိုဒီယမ်ဓါတ်က သွေးထဲမှာ နည်းသွားတဲ့အခြေအနေကို Hyponatremia လို့ခေါ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ရေကို တစ်နေ့တာလိုအပ်တဲ့ ပမာဏထက် ပိုပြီးသောက်မိတဲ့အခါ ကိုယ်ခန္ဓါထဲကမျှခြေပျက်ယွင်းသွားပြီး ဆိုဒီယမ်ဓါတ်တွေက သွေးထဲမှာ အရမ်းနည်းသွားတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ သွေးတွင်းဆိုဒီယမ်ပမာဏသည် ၁၃၅ မှ ၁၄၅ mEq/L ရှိပြီး ၁၃၅ အောက်ရောက်သွားပြီဆိုမှ ဆိုဒီယမ်ဓါတ်နည်းသွားတာကို ဆိုလိုပါတယ်။ ရေကို တစ်နေ့တာ ၅လီတာနဲ့အထက် သောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ သွေးတွင်းဆိုဒီယမ်နည်းနေပြီဆိုရင် ဘယ်လိုသိနိုင်မလဲ။ သွေးထဲမှာ ဆိုဒီယမ်ဓါတ်နည်းလာတဲ့အခါ အားမရှိသလို ပျော့ခွေနေမယ် မောပန်းနေမယ် ခေါင်းကိုက်နေမယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း

ကျွန်တော်တို့လူသားများရဲ့ ကျန်းမာရေးကိစ္စအ၀၀ကို ကြိုးကိုင်ထားတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းဟာ ကျန်းမာရေးကဏ္ဍကို ဘယ်လိုလွှမ်းမိုးသက်ရောက်မှုရှိသလဲဆိုတာ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ ရာသီဥတုပြောင်းလဲခြင်းဆိုတာကတော့ ရေရှည်ပုံစံနဲ့ ကမ္ဘာ့အပူချိန်ပြောင်းလဲလာခြင်း၊ ရာသီဥတုပုံစံများ ပြောင်းလဲလာခြင်း စတာတွေ ဖြစ်ပါတယ်။ အပူချိန်ြမင့်တက်လာခဲ့ရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းခြေဒေသရဲ့ ဂေဟစနစ်တွေ ပျက်စီးလာပါလိမ့်မယ်။ အရေးကြီးတဲ့ တိရစ္ဆာန်မျိုးစိတ်နဲ့ အပင်မျိုးစိတ်တွေ ပျက်စီးရင် အဲဒီအပေါ်မှီခိုနေတဲ့ လူသားတွေကိုပါ ထိခိုက်မှု ဖြစ်လာပါတယ်။ ဖြစ်ပွားရသည့်အကြောင်းအရင်း လူသားတွေ စက်မှုလုပ်ငန်းတိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်အပေါ် စွန့်ပစ်ပစ္စည်းတွေ အများအပြား စွန့်ထုတ်လာပါတယ်။ လောင်စာများ ပိုမိုလောင်ကျွမ်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်အပါအဝင် မှန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေတဲ့ တခြားဓါတ်ငွေ့တွေ ပိုမိုထွက်ရှိလာပါတယ်။ အဲဒီအခါ ကမ္ဘာ့အောက်ခြေလေထုဟာ ယခင်ထက်ပူနွေးပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ လူသားတို့အပေါ် အကျိုးသက်ရောက်မှု လေထုညစ်ညမ်းခြင်း၊ သောက်သုံးရေမသန့်ရှင်းခြင်း၊ ဘေးကင်းစိတ်ချရသော […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား

လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား ...... မာကင်ရာနဲ့ ပတ်သက်ပြီး အရွယ်ရောက်ပြီးသူတိုင်း ကောင်းကောင်းသိထားကြမယ်ထင်ပါတယ်။ နမ်းနေတဲ့အချိန် အမှတ်တရအဖြစ်နဲ့ ကိုယ်ချစ်ရတဲ့သူရဲ့ အသားလေးကို ငုံပြီးခဲထားလိုက်တာ၊ ကြမ်းကြမ်းစုပ်ယူလိုက်တဲ့အခါမှာ အရေပြားပေါ်မှာကျန်ခဲ့တဲ့ အနီကွက်လေးကို မာကင်ရာလို့ ခေါ်ပါတယ်။ ကိုယ်ကတော့ ချစ်လို့လုပ်လိုက်တယ်ဆိုပေမယ့်လည်း လည်ပင်းလို၊ လက်လို လူမြင်တဲ့နေရာတွေမှာ မာကင်ရာအကွက်ကြီးနဲ့ကျ အပေးခံရတဲ့သူအနေနဲ့ စိတ်ထဲအနည်းငယ်တော့ ရှက်နေမိမှာပါ။ ပတ်ဝန်းကျင်အနေနဲ့လည်း အနည်းငယ် ဝေဖန်ချင်စရာ ဖြစ်တာပေါ့။ ဒီတော့ လူငယ်တော်တော်များများ သိချင်နေကြတဲ့ မာကင်ရာကို အမြန်ဆုံးပျောက်အောင်လုပ်လို့ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးလိုက်တယ်နော်။ လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား ..... ဒါဆိုရင်တော့ ဒီနည်းလမ်းတွေက အဆင်ပြေစေမှာပါ။ ၁။ ဇွန်းကို အအေးခံပြီး ကပ်ထားမယ်။ ဒါကတော့ အလွယ်ဆုံးနည်းလမ်းပေါ့။ ချစ်သူက ပူပူနွေးနွေး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ

ရာသီဥတု အေးအေး၊ ပူပူ အသားက အမြဲ ပူနွေး နေတတ်သူတွေ ရှိပါတယ်။ ဘယ်အချိန် မဆို အသားချင်း ထိကြည့်လိုက် အမြဲတမ်း ပူနွေးနေတာပဲ။ သူ ဖျားနေတာတော့ မဟုတ်ဘူး။ ဒါဆို ဘာဖြစ်လို့ များလဲ။ ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ ။ ဘယ်လို အကြောင်းရင်းတွေ ဖြစ်နိုင်လဲဆိုတာ ဆက်ပြီး ကြည့်ကြရအောင်နော်။ ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ ဆိုတော့ သိုင်းရွိုက်ဟော်မုန်းများ လည်ပင်းကြီးရောဂါ သိုင်းရွိုက်ဂလင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီ အခြေအနေမှာ ဂလင်းက ဟော်မုန်း ထုတ်လုပ်မှု လွန်ကဲနေလို့ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း များခြင်းကြောင့် ခန္ဓာကိုယ်မှာ လောင်စာတွေကို ခွန်အား အဖြစ် ပြောင်းလဲမှုနှုန်းကို မြန်စေလို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း