MRI စစ်ဆေးမှု ခံယူတော့မယ် ဆို ဆရာဝန်ကို ဘာတွေ ကြိုပြောထားသင့်လဲ။
MRI နဲ့ စစ်ဆေးမှု မခံယူခင် ဆရာဝန်ကို ကြိုပြောပြထားသင့်တာတွေက
- ကျောက်ကပ်ရောဂါ ၊ အသည်းရောဂါ ရှိမရှိ
- လောလောလတ်လတ် ခွဲစိတ်မှု ခံယူထားတာ ရှိမရှိ
- ပန်းနာရင်ကြပ်ရောဂါနဲ့ အခြား ဆေး အစားအစာတွေနဲ့ ဓါတ်မတည့်တဲ့ ပြဿနာတွေ ရှိမရှိ
- ကိုယ်ဝန် ရှိမရှိ ဆိုတာတွေကို ကြိုပြောပြာထားရမှာပဲ ဖြစ်ပါတယ်။
နောက်ပြီး MRI က သံလိုက်စက်ကွင်းနဲ့ ပုံရိပ်ဖော်တာဖြစ်တဲ့အတွက်ကြောင့် သံလိုက်စက်ကွင်းကို နှောင့်ယှက်နိုင်မယ့် သတ္တုတွေ ( လက်ဝတ်ရတနာ၊ လက်ပတ်နာရီ၊ ခါးပတ်) စတာတွေကို လုံးဝဝတ်ဆင်လို့ မရတဲ့အပြင် ဆဲလ်ဖုန်းကိုလည်း အခန်းထဲ ယူသွားလို့မရပါဘူး။ တစ်ချို့ Tattoo ဆေးမှင်ရည်တွေမှာ သတ္တုဓါတ်တွေပါနိုင်တာကြောင့် ကိုယ်ပေါ်မှာ တက်တူးထိုးထားရင်လည်း ဆရာဝန်ကို ကြိုပြောပါ။
ကိုယ်တွင်းမှာ စတီးချောင်းထည့်ထားတာ၊ နှလုံးအဆို့ရှင်ထည့်ထားတာ၊ သွားမှာ ရွေတပ်ထားတာ၊ နှလုံးခုန်စက်Pacemaker ထည့်ထားတာ၊ အရိုးကို screw စုပ်ထားတာတွေက MRI ရဲ့ သံလိုက်စက်ကွင်းကို နှောင့်ယှက်နိုင်တဲ့ အရာတွေပါ။ ဒါ့ကြောင့် ကိုယ့်မှာ ဒါတွေရှိခဲ့ရင် ဆရာဝန်ကို ကြိုပြောပြပါ။
MRI နဲ့ ဘယ်လို စစ်ဆေးကြလဲ။
MRI တစ်ခါ ရိုက်ရင် အနည်းဆုံးမိနစ် ၂၀ ကနေ အများဆုံး မိနစ် ၉၀ အထိကြာတတ်ပါတယ်။
လူနာအနေနဲ့ ကိုယ်ပေါ်မှာ ရှိသမျှ လက်ဝတ်လက်စားတွေ နဲ့ အခြား သတ္တုပါတဲ့ အရာအားလုံးကိုချွတ်ပြီးပေါ့ပါးတဲ့ အဝတ်ကို ဝတ်သွားရမှာ ဖြစ်ပါတယ်။ စစ်ဆေးရမယ့်အချိန်ရောက်ရင်တော့ ဆေးရုံကပေးတဲ့ ဝတ်ရုံကြီးကို ဝတ်ပြီး အခန်းထဲ ဝင်သွားရမှာပါ။
အခန်းထဲရောက်ရင် ကိုယ့်ပုံရိပ်ဖော်ချင်တဲ့နေရာပေါ်မူတည်ပြီး gadolinium လို့ခေါ်တဲ့ဆိုးဆေးတစ်မျိုးကို လက်မောင်းက သွေးပြန်ကြောထဲ ထိုးသွင်းပါလိမ့်မယ်။ အဲဒီ ဆေးထိုးလိုက်တဲအခါ ပါးစပ်ထဲ ဖန်သွတ်သွတ်အရသာ ခံစားရတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။