backup og meta

သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင်

    သံဓာတ်က စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရ တစ်မျိုးပါ။ သွေးအားနည်းတာမျိုး မဖြစ်စေဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ သံဓာတ် ပြည့်ဝအောင် ဂရုစိုက် စားသုံးဖို့ လိုပါမယ်။ သံဓာတ်က သွေးအားနဲ့တိုက်ရိုက် ဆက်စပ်နေပြီး ရာသီသွေးဆင်းများတာ၊ ကိုယ်ဝန်ဆောင်တာ အပါအဝင် သွေးအားဆုံးရှုံးစေနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်လည်း သံဓာတ် ဆုံးရှုံးနိုင်ပါတယ်။ 

    သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့အခါ သွေးအားကောင်းပြီး ကျန်းမာစေဖို့ သံဓာတ် အားဖြည့်ဆေးကို သောက်ကြပါတယ်။ ဒီလို သံဓာတ် အားဖြည့်ဆေးသောက်တဲ့အခါ ဝမ်းချုပ်တယ်ဆိုတာကလည်း ရှိတာကိုး။ အခုတစ်ခေါက်မှာတော့ သံဓာတ် အားဖြည့်ဆေး သောက်သူတွေအနေနဲ့ သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင် ဘာတွေ လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ 

    ခန္ဓာကိုယ်မှာ သံဓာတ်ဘယ်လောက် လိုအပ်မလဲ!

    ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝမှ သွေးနီဥဆဲလ်တွေထဲမှာ ရှိတဲ့ ဟီမိုဂလိုဘင်တွေကလိုအပ်တဲ့ အောက်ဆီဂျင်တွေကို ပို့ဆောင်ပေးနိုင်မှာပါ။ အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို သံဓာတ် ၈ mg နဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ဆိုရင် သံဓာတ်က ၁၈ mg လိုအပ်မှာ ဖြစ်ပါတယ်။ 

    အချို့သော ကျန်းမာရေး အခြေအနေတွေမှာလည်း သံဓာတ်လိုအပ်ချက် မြင့်တာမျိုး ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတာမျိုး၊ ကိုယ်ဝန်ဆောင်နေချိန်မျိုး ဖြစ်မယ်၊ ရာသီသွေးဆင်းများတာမျိုး ဖြစ်မယ်ဆိုရင်တော့ သံဓာတ်လိုအပ်ချက်က ပိုမြင့်နိုင်ပါတယ်။ 

    သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင်

    သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ 

    • ရေများများ သောက်ပါ

    သံဓာတ်ပြည့်ဝစေဖို့ သံဓာတ်အားဖြည့်ဆေး သောက်ချိန်မှာ သံဓာတ်အားဖြည့်ဆေးကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ ရေကို တတ်နိုင်သမျှ များများလေး သောက်ပေးပါ။ ဒီလို သောက်ပေးတာက သံဓာတ်ကြောင့် ဝမ်းချုပ်တာမျိုး  မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် သံဓာတ်အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင် ရေများများ သောက်ပါ။

  • အသီးအရွက် များများစားပါ
  • အသီးအရွက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သံဓာတ် အားဖြည့်ဆေး သောက်ပြီးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့ နေ့စဉ် စားသုံးမှုမှာ အသီးအရွက် များများ စားပေးပါ။ 

    • ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ

    သံဓာတ်အားဖြည့်ဆေး သောက်ပြီးလို့ ဝမ်းချုပ်တာကို သက်သာစေဖို့ လမ်းလျှောက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုလေးတွေကို လုပ်ပေးတာကလည်း သံဓာတ်အားဆေး သောက်နေချိန်မှာ ဝမ်းချုပ်တာကို သက်သာစေနိုင်မှာပါ။ တစ်နေ့ကို မိနစ် ၂၀ လောက် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးပါ။ 

    • ဆေးကို ဆေးညွှန်း မှန်မှန်သောက်ပါ

    သံဓာတ် အားဖြည့်ဆေး သောက်တဲ့အခါ တစ်နေ့ကို တစ်လုံးဆို တစ်လုံးလောက်ပဲ သောက်ပေးတာမျိုးပါ။ ဆေးကို  အများကြီး သောက်လို့ အကျိုးထူးမသွားပါဘူး။ ဒါကြောင့် သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့အတွက် ဆေးကို အညွှန်းအတိုင်း မှန်မှန်လေး သောက်ပေးပါ။

    သံဓာတ် အားဖြည့်ဆေး သောက်ပြီးချိန်မှာ ဝမ်းက အမည်းရောင်သွားတာက ပုံမှန်ပါပဲ။ တကယ်လို့ ဝမ်းချုပ်တာက ကိုယ့်ရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းတာ၊ ဆေးရပ်ပြီး တခြားနည်းနဲ့ ကုသတာတွေ လုပ်လို့ ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးကို မရပ်လိုက်ဘဲ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့တော့ လိုပါတယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement