ပင်ပန်းနွမ်းနယ်နေတာ ကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပင်ပန်းနွမ်းနယ်နေတာ ကို သက်သာစေဖို့

    ခေါင်းထဲကပဲ ကိုက်နေသလိုလို၊ ခြေလက်တွေပဲ ညောင်းကိုက်နေသလိုလို၊ မကြည်မလင်နဲ့ ညီးစီစီဖြစ်နေလို့ နေရထိုင်ရ မသက်မသာဖြစ်နေပြီလား။ ပင်ပန်းနွမ်းနယ်နေတာ တွေ ခံစားနေရပြီလား။ ခုကာလက တစ်ခုခုဆို ကိုဗစ်များလားဆိုပြီး စိုးရိမ်ရတာကလည်း မသေးနော်။

    ချောင်းဆိုးလည်း ကိုဗစ်၊ လည်ချောင်းနာလည်း ကိုဗစ်၊ မအီမသာ ဖျားချင်သလို ဖြစ်လည်း ကိုဗစ်လားဆိုပြီးလေ။ ဒီတော့ မအီမသာဖြစ်နေတဲ့အခါ သက်သာအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။

    ဘာတွေကြောင့် ပင်ပန်းနွမ်းနယ်နေတာ လဲ။

    လူတွေမှာ ခံစားရတဲ့ ပင်ပန်းနွမ်းနယ်မှု အတော်များများက စိတ်ဖိစီးတာအိပ်ရေးမဝတာ၊ အစား မမှန်တာတွေကနေ စလာတာပါ။ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့်ကတော့ အနားယူလိုက်ရင်ကို သက်သာသွားတတ် ကြပါတယ်။ ဒီတော့ ပင်ပန်းနွမ်းနယ်လာပြီဆိုရင်

    ရေသောက်ပါ

    တစ်ခါတလေ အရမ်းပင်ပန်းပြီး ခြေကုန်လက်ပမ်းကျလာပြီဆိုရင် ရေတစ်ခွက်သောက်ချလိုက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်ရင်လည်း လူက ပင်ပန်းနိုင်ပါတယ်။ ဒီတော့ တအား ပင်ပန်းလာရင် ငြိမ်ငြိမ်လေး ထိုင်ပြီး ရေတစ်ခွက်ကို သောက်လိုက်ပါ။

    အနားယူပါ

    ပင်ပန်းလွန်းတာ ခြေကုန်လက်ပမ်းကျတာက လုံလောက်တဲ့ အနားယူမှု မရှိတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အရမ်းပင်ပန်းပြီး မအီမသာဖြစ်လာပြီဆိုရင် သီချင်း နားထောင်တာ၊ ရယ်စရာ ရုပ်ရှင်တစ်ခုခုကို ကြည့်ပြီး အနားယူပေးပါ။

    စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

    စိတ်ဖိစီးမှု များရင်လည်း လူက ပင်ပန်းပြီး မအီမသာဖြစ်နိုင်ပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ ခွေးလေးတွေနဲ့ ဆော့တာလိုမျိုး အပန်းပြေစေမယ့် ကိစ္စလေးတွေ လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။

    အစားစားပါ

    အစားမစားဘဲ အလုပ်ကိုပဲ မဲလုပ်နေရင်းကလည်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး မအီမသာတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက် မအီမသာဖြစ်လာပြီဆိုရင် ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံတို့လိုမျိုး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေမယ့် အစားအစာလေးတွေကို စားပေးပါ။

    ကဖင်းလျှော့ပါ

    ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေက လူကို လန်းဆန်းစေတယ်ဆိုပေမယ့် ရေရှည်မှာ ခန္ဓာကိုယ်ကို အားအင်ကုန်ခမ်းပြီး ခြေကုန်လက်ပမ်း ကျစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းပါတာတွေကို လျှော့ပါ။

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

    အရမ်း ပင်ပန်းနေရင် ကိုယ်လက်လေ့ကျင့်ခန်း ထလုပ်လိုက်တာက ပင်ပန်းနွမ်းနယ်နေတာ ကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ လမ်းလျှောက်တာဖြစ်ဖြစ်၊ အကြောလျှော့တာဖြစ်ဖြစ် လုပ်ပေးလိုက်ရုံပါ။

    အိပ်ရေး ဝဝအိပ်ပါ

    အရမ်းပင်ပန်းလာရင် ဘာမှ မစဉ်းစားဘဲ အိပ်ပစ်လိုက်တာကလည်း ပင်ပန်းတာကို သက်သာစေပြီး လူကို လန်းဆန်းစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့် ပင်ပန်းပြီး ခြေကုန်လက်ပန်းကျလာပြီဆိုရင် အိပ်ရေး ဝဝသာ အိပ်လိုက်ပါ။

    ဒါတွေအပြင် အရက်ဖြတ်မယ်။ ဆေးလိပ်ဖြတ်မယ်။အစားကို အချိန်မှန်မှန် စားမယ်။ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများစားမယ်ဆိုရင်လည်း ခြေကုန်လက်ပန်းကျတာကို သက်သာစေနိုင်မှာပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement