ရေထဲမှာ ကလိုရင်း( chlorine) ခတ်တယ်ဆိုတာ ၂၀ ရာစုနောက်ပိုင်းမှာ ခေတ်စားလာတဲ့အရာတစ်ခုဖြစ်ပြီး ၂၁ ရာစုမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်တဲ့ အရာတစ်ခုပါ။ ရေထဲမှာ ကလိုရင်း ခတ်တဲ့ ဓလေ့က ကောင်းကျိုူးတွေကိုရစေဖို့ မျှော်ကိုးပြီး လုပ်တာဖြစ်ပေမယ့် သူ့မှာ အခြား ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလိုရင်းခတ်ခြင်းကြောင့် ရနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
ကလိုရင်းခတ်ထားတဲ့ ရေကိုသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ ။ ။
- ကလိုရင်းဟာ oxidizing agent ( ဓါတ်တိုးဆန့်ကျင် ပစ္စည်း) ဖြစ်တာကြောင့် ရေထဲမှာရှိတဲ့ ဘက်တီးရီးယားတော်တော်များများကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။
- ကလိုရင်းက ဘက်တီးရီးယားပဲ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်တွေကိုပါ သတ်နိုင်စွမ်းရှိပါတယ်။
- ကလိုရင်းခတ်ထားတဲ့ ရေကူးကန်ထဲ ဘယ်ပိုးမှ ဝင်နေလို့မရတာကြောင့် ရေကူးကန်ကနေ ရနိုင်တဲ့ ကူးစက်ရောဂါ တွေ အကုန်လုံးကို ကာကွယ်ပြီးသားဖြစ်မှာပါ။
- ဒါ့အ့ပြင် ကလိုရင်းက အလွယ်တကူ ဝယ်လို့ရပြီး ဈေးလည်း သက်သာတာကြောင့် လူတိုင်း သုံးနိုင်တဲ့ အရာတစ်ခုပါ။
- ကလိုရင်း ကို ရေထဲခတ်ဖို့အတွက် ရှုပ်ထွေးနေတဲ့ နည်းနာတွေ ဘာမှ မရှိလောက်အောင် အင်မတန်မှ ရိုးရှင်းပါတယ်။
- ကလိုရင်းခတ်ထားတဲ့ ရေထဲမှာဆို ခြင်မတွေဥချထားတဲ့ ခြင်ဥတွေ အကုန်ပျက်စီးသွားမှာ ဖြစ်တာကြောင့် ခြင်တွေ ပွားတာကနေလည်း သူက ကာကွယ်ပေးဦးမှာပါ။
- ကလိုရင်းက ရေထဲမှာ ပျော်ဝင်နေတဲ့ အိုင်းယွန်း ဓါတ်တွေကို ဓါတ်တိုးပြီး မပျော်ဝင်နိုင်တဲ့ အိုင်းယွန်းဓါတ်အဖြစ်ပြောင်းလဲပေးလို့ အိုင်းယွန်းဓါတ် အရမ်းများနေတဲ့ ရေတွေ အတွက် ကလိုရင်းက မရှိမဖြစ်ပါ။
အချုပ်ပြောရရင်တော့ ရေထဲ ကလိုရင်းခတ်တာက ဈေးသက်သာပြီး လုပ်ရတာလွယ်ကူတဲ့အပြင် ရေထဲကနေ ရနိုင်တဲ့ ကူးစက်ရောဂါတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်လို့ လူတိုင်းအတွက် အကျိုးရှိတဲ့ အရာတစ်ခုပါ။
ကလိုရင်း ခတ်ထားတဲ့ ရေကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုးတွေ ။ ။
အရာရာတိုင်းက ကောင်းတာတွေချည်းပဲ ပြည့်စုံနေတာမျိုး မရှိပါဘူး။ အကောင်းနဲ့ အဆိုးဆိုတာ အမြဲ ဒွန်တွဲနေတဲ့ အရာတွေပါ။ ဒီလိုပဲ ကလိုရင်းခတ်ထားတဲ့ ရေကနေ ကောင်းကျိုးတွေ ရနိုင်သလို သူ့မှာ ဆိုးကျိုးတွေ လည်းရှိပါတယ်။
- ကလိုရင်းခတ်ထားတဲ့ရေဟာ အနံ့ပြင်းပြီး အရသာ ဆိုးတတ်ပါတယ်။
- ဒါ့ပြင် humic compound တွေ ပါနေတဲ့ ရေကို ကလိုရင်း ခတ်လိုက်မိရင် သူတို့နှစ်ခု ဓါတ်ပြူပြီး trihalomethanes ( THMs ) ဖြစ်တဲ့ ဓါတုပစ္စည်းတွေ ရေထဲပျံ့ကုန်တတ်ပါတယ်။ humic compound ဆိုတာ အသီးအရွက်တွေ ၊ တိရိစ္ဆာန် အညစ်အကြေးတွေ ပုပ်သွေးဆွေးမြေ့ခြင်းဖြစ်စဉ်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ trihalomethanes ( THMs ) ဝ.၁၀ မီလီဂရမ်လောက်ပါဝင်နေတဲ့ ရေကို နှစ်ရှည်လများ သောက်လိုက်မိရင် ကင်ဆာရောဂြါဖစ်နိုင်ချေရှိပါတယ်။ ဒါကြောင့် ကိုယ်သောက်တဲ့ရေထဲ trihalomethanes ( THMs ) ကိုဖယ်ချင်ရင်တော့ Activated carbon filter ကို သုံးပေးလို့ရပါတယ်။ Activated carbon filter ဆိုတာ သေးငယ်တဲ့ carbon အမှုန်လေးတွေနဲ့ လုပ်ထားတဲ့ filter ရေစစ်တဲ့ အပြားဖြစ်ပါတယ်။
- ကလိုရင်းက ရေထဲက iron တွေ၊ မဂ္ဂနှီဆီယမ်တွေကို ဖယ်ရှားပေးပေမယ့် လူတွေ အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ nitrate ကိုတော့ မဖယ်ရှားပေးနိုင်ပါဘူး။
- ကလိုရင်းခတ်ထားတဲ့ေရကူးကန်က ကန်ထဲက ရေအတွက်တော့ အကျိုးရှိပေမယ့် ရေလားကူးတဲ့ လူတွေအတွက်တော့ မျက်လုံးထဲရေဝင်သွားတဲ့အခါ စပ်တာမျိုးတွေ ၊ အသားပိုမဲတာမျိုးတွေကိုဖြစ်စေတတ်ပါတယ်။ ဒ့ါအပြင် ကလိုရင်းမှာအရောင်ချွတ်တဲ့အာနိသင်ရှိတာကြောင့် သင့်ဆံပင် ဆံသားကို ခြောက်သွားစေပြီး ဆံပင် အရောင်ကို ပြောင်းစေပါတယ်။
ဒါတွေကတော့ ကလိုရင်းခတ်ထားတဲ့ ရေကြောင့် ရနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ပဲ ဖြစ်ပါတယ်။ သောက်တဲ့လူတွေ အတွက်ကတော့ အရသာဆိုးပြီး အနံ့ပြင်းပေမယ့် ရေကူးတဲ့သူတွေ အတွက်ဆိုရင်တော့ ရေကူးကန်ကနေ ရနိုင်တဲ့ ရောဂါပိုးတော်တော်များများကို ကလိုရင်းက ကာကွယ်ပေးတာကြောင့် ရေထဲကလိုရင်းခတ်ခြင်းက ကောင်းတာတွေလည်းရှိသလို ဆိုးတာတွေလည်းရှိတဲ့ အရာတစ်ခုပါ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]