အအေးမိနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေကို ရှင်းလင်းဖို့အတွက် အစွမ်းအထက်ဆုံး နည်းလမ်းတစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အအေးမိတုပ်ကွေးကြောင့် အလုပ်ပျက်အကိုင်ပျက်တွေဖြစ်နေပြီလား။ နှာတွေချေ၊ချောင်းတွေဆိုး၊ခေါင်းမူးခေါင်းကိုက်ပြီး တစ်ကိုယ်လုံးမအီမသာနဲ့ ခံစားရခက်နေရပြီလား။ ဒီဝေဒနာတွေကို အမြန်ဆန်ဆုံးသက်သာပျောက်ကင်းသွားစေမယ့် အစွမ်းထက်နည်းလမ်းတစ်ခုတော့ရှိပါတယ်။

တစ်နေ့တာလှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာမျက်စိနဲ့အလွယ်တကူမမြင်တွေ့နိုင်တဲ့ ဘက်တီးရီးယားတွေကတော်တော်လေးများပါတယ်။ တစ်နေ့တာအတွင်းထိတွေ့နေတဲ့အရာတွေမှာရော အရေပြားနဲ့ လက်ချောင်းလေးတွေမှာတောင် မမြင်ရတဲ့ ပိုးမွှားတွေကတော်တော်များတာပါ။ ကိုယ်ခံအားကောင်းနေချိန်မှာ ဒီရောဂါပိုးတွေက ကျန်းမာရေးကို မထိခိုက်စေနိုင်ပေမယ့် ခန္ဓါကိုယ်မှာ အားနည်းလာတဲ့အခါ အအိပ်အစားမမှန်တဲ့အခါ အအေးမိဖျားနာတာတွေဖြစ်လာပါတော့တယ်။

အအေးမိဖျားနာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ရာသီဥတုနဲ့အခြားသောအကြောင်းအရင်းတွေကြောင့်မဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ အအေးမိဖျားနာဖြစ်တဲ့အခါ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့လိုအပ်ပါတယ်။

အအေးမိဝေဒနာဖြစ်စေနိုင်တဲ့ရောဂါပိုးမွှားတွေကို ဘယ်လိုဖြေရှင်းမလဲ

အအေးမိဝေဒနာဖြစ်တဲ့အခါ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ပဋိဇီဝဆေးတစ်ခုခုသောက်မှာလား၊ ဒါမှမဟုတ်၊ရေနွေးနဲ့ရေချိုးတာ၊ ပတ်ဝန်းကျင်မှာ အစိုဓါတ်ရှိအောင်လုပ်ပေးပြီး အဖျားသက်သာအောင်လုပ်မှာလား၊ အိပ်ရေးဝအောင်အိပ်ပြီး အာဟာရပြည့်ဝအောင်စားမှာလား စသဖြင့် အမျိုးမျိုးပေါ့။ ဒီထဲမှာမှ လူသိနည်းသေးတဲ့ အစွမ်းထက်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုက nasal spray အသုံးပြုတာပါ။

nasal spray ကနှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ မကြာသေးခင်ကလေ့လာမှုတွေအတွင်းnasal spray မှာ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။nasal spray အများစုက အအေးမိဖျားနာဝေဒနာကိုဖြစ်စေနိုင်တဲ့rhinovirus ကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်ဖျားနာနေတာကိုတိုက်ဖျက်ဖို့ဆိုရင် nasal spray ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါမယ်။

တကယ်လို့သင့်အနေနဲ့ အအေးမိတာကြောင့် နှာခေါင်းပိတ်တာမျိုးခံစားနေရမယ်ဆိုရင်တော့ သက်သာစေဖို့အတွက် nasal spray ကိုအသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ခံစားနေရတဲ့အနေအထားနဲ့ကိုက်ညီအောင် nasal spray ကိုသေသေချာချာရွေးချယ်ဖို့တော့လိုအပ်ပါမယ်။

Nasal Spray ကိုဘယ်လိုအသုံးပြုမလဲ

nasal spray ကိုသုံးချင်ပေမယ့် ဘယ်လိုအသုံးပြုရမှန်းမသိဖြစ်နေတဲ့သူတွေအတွက် အသုံးပြုနည်းပြည့်ပြည့်စုံစုံကိုပါ ဖော်ပြပေးလိုက်ပါတယ်။

nasal spray အသုံးမပြုခင်မှာ အရင်ဆုံးလုပ်ရမှာတစ်ခုက နှာခေါင်းအတွင်းမှာရှိနေတဲ့ ချွဲတွေကိုရှင်းထုတ်ဖို့ပါ။ လွယ်လွယ်ပြောရရင်တော့ နှပ်ညှစ်ထုတ်လိုက်ပါ။ပြီးရင် ဗူးကိုသေချာလှုပ်ပြီး ဗူးမှာပါတဲ့ဆေးညွှန်းအတိုင်း အသုံးပြုပေးလိုက်ပါ။

နောက်တဆင့်အနေနဲ့ကတော့ နှာခေါင်းတစ်ဖက်ကို လက်ညှိုးနဲ့ ခပ်ဖွဖွလေးပိတ်ထားပြီး အခြားတစ်ဖက်နဲ့ ဆေးရည်ကိုရှုပေးလိုက်ပါ။ တစ်ဖက်ချင်းစီလုပ်ပေးလိုက်ပါ။ သတိထားရမှာတစ်ချက်ကတော့ဆေးဗူးမှာပါတဲ့ အညွှန်းအတိုင်းပဲအသုံးပြုမိဖို့ပါ။ အလွန်အကျွံအသုံးပြုတာမျိုးမဖြစ်ဖို့တော့သတိပြုရပါမယ်။

ဘယ်သူတွေအသုံးမပြုသင့်ဘူးလဲ

nasal spray ကအအေးမိတာနဲ့ နှာခေါင်းပိတ်တာတွေကို သက်သာစေနိုင်တယ်။ ကလေးတွေမှာ တစ်နှစ်အထက်ဆိုရင် အသုံးပြုလို့ရပါတယ်။ ကလေးတွေကို nasal spray အသုံးပြုပေးမယ်ဆိုရင် ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့လိုအပ်သလို အညွှန်းကိုသေချာဖတ်ပြီးမှ ဂရုတစိုက်နဲ့ အသုံးပြုပေးဖို့လိုပါမယ်။

လေ့လာမှုတွေအရ nasal sprayတွေက ဗိုင်းရပ်စ်ပမာဏတွေကို ကျဆင်းစေရုံတင်မကဘဲ နှာခေါင်းပိတ်တာကိုပါ သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပေါ့။ nasal spray က အအေးမိတာနဲ့နှာခေါင်းပိတ်တာကို သက်သာစေနိုင်သလို အလွန်အကျွံအသုံးပြုမယ်ဆိုရင်တော့ နှာခေါင်းအတွင်းပိုင်းက တစ်ရှုးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် နာတာရှည်နှာခေါင်းပိတ်ဝေဒနာကိုပါခံစားရစေနိုင်ပါတယ်။ နှာခေါင်းသွေးလျှံတာမျိုးတွေ ခံစားရနိုင်တဲ့အတွက် ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်အတိုင်းသာ အသုံးပြုသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    မကြာခဏဆီးသွား နေတတ်သူများအတွက်

    မကြာခဏဆီးသွား နေတတ်သူများဟာ ကြာလာတဲ့အခါ ကျန်းမာရေးပြဿနာအပြင် လူမှုရေးပြဿနာတွေပါ ကြုံရတတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်များကို သေချာ လိုက်နာဖို့ လိုပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

    တစ်နေ့တစ်နေ့ လူနာစာရင်းထုတ်ပြန်ချက်ကို စောင့်ကြည့်လိုက်၊ ကြောက်လိုက်တာဆိုပြီး အိမ်ထဲနေလိုက်ရင်းနဲ့ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလာတဲ့ အရာရှိတယ်နော်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

    ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

    ကိုဗစ်ကြောင့် အိပ်မပျော်တာ ညတိုင်းလိုလို ဖြစ်လာပြီ။ ခေါင်းကလည်း မကြည်ဘူး။ အိပ်လို့ကလည်း မပျော်ဘူး ဖြစ်နေပြီလား။ ကိုဗစ်ကြောင့် အိပ်မပျော်တာကို သက်သာစေဖို့။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

    အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

    ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာမှ ရင်သားကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာဖြစ်ခဲပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 19, 2020 . 4 mins read

    သင့်အတွက် ရွေးချယ်ထားသည်

    အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ

    အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
    ခန္ဓာကိုယ် အပူချိန်ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ

    ခန္ဓာကိုယ် အပူချိန်ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
    COVID-19 ကာလ ရွေးကောက်ပွဲမှာ ဘေးကင်းရန်ကွာမဲပေးဖို့ဆိုရင်

    COVID-19 ကာလ ရွေးကောက်ပွဲမှာ ဘေးကင်းရန်ကွာမဲပေးဖို့ဆိုရင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 3 mins read
    စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

    စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read