ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဆောင်းရာသီလိုမျိုး ခြောက်သွေ့အေးစက်တဲ့ ကာလဆိုတာ ရောဂါပိုးမွှားတွေ ပျံ့နှံ့ပေါက်ဖွားဖို့ အရမ်းလွယ်ကူတဲ့ အချိန်ကာလပါ။ အဲ့ဒါကြောင့်လည်း ဒီလိုမျိုး အေးတဲ့အချိန်ဆို ခဏခဏ ဖျားနာတာ၊ နှာစေးအအေးမိ၊ လည်ချောင်းနာနေကြတာပေါ့။ ဒါ့အပြင် ပါးစပ်ကို လက်ကိုင်ပဝါနဲ့ မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမျိုးမှာဆို သူတို့ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးမွှားပေါင်းများစွာက လေထဲကို အလွယ်တကူ ပျံ့နှံ့သွားပြီး တခြားသူတွေဆီကို ကူးစက်ဖို့ ပိုလွယ်တာပေါ့။

လည်ချောင်းနာတယ်ဆိုတာ ပုံမှန် ရိုးရိုးဖျားနာတာ၊ ရာသီအပြောင်းအလဲကြောင့် ဓာတ်မတည့်ဖြစ်တာ စတဲ့ကျန်းမာရေးပြဿနာအနေနဲ့ ရင်ဆိုင်ရတဲ့အခါ တွေ့နေကျ လူတွေနဲ့လည်း သိပ်မစိမ်းတော့တဲ့ လက္ခဏာတစ်မျိုးပါပဲ။ အရမ်းကြီး စိုးရိမ်စရာမဟုတ်ပေမဲ့ လည်ချောင်းနာတဲ့ ဝေဒနာကြီးကို ဒီအတိုင်းနေရင်လည်း ခံစားနေရတယ်။ အစာစားလိုက်တဲ့အချိန်၊ ရေသောက်လိုက်တဲ့အချိန်ဆိုရင်လည်း လည်ချောင်းက ပူစပ်ပူလောင်နဲ့ နာနေတော့ နေရတာ အဆင်မပြေတော့ဘူးပေါ့။

ဒါဆို ဘာကြောင့် လည်ချောင်းနာတာလည်း။

• ရိုးရိုး အအေးမိဖျားနာတာ
• ဗိုင်းရပ်စ်ပိုးဝင်ပြီး လည်ချောင်း၊ လေပြွန်ရောင်ရမ်းခြင်း
• ရေကျောက်၊ ဝက်သက်ပေါက်ခြင်း
• လေထဲမှာရှိတဲ့ ဖုန်တွေ၊ အမှုန်အမွှားတွေနဲ့ ဓာတ်မတည့်ဖြစ်ခြင်း
• ကျနေတဲ့ နှာရည်တွေကို အထဲပြန်ရှူသွင်းပြီး မျိုချခြင်း
• ပါးစပ်ဖွင့်ပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ခြင်း
• ရင်ပူခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။

အဓိကကတော့ လူများလွန်းတဲ့ နေရာတွေကို သွားတာ၊ ရောဂါပိုးရှိတဲ့လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်အုပ်တာ၊ ဘာကိုင်ကိုင် ကိုင်ပြီးတိုင်း လက်မဆေးတာတွေကြောင့်လည်း ရောဂါပိုးတွေ ပျံ့နှံ့ဖို့ ပိုလွယ်ကူသွားတာပါပဲ။

ဒါဆို လည်ချောင်းမနာရအောင် ဘယ်လိုကာကွယ်လို့ ရမလဲ။

လည်ချောင်းနာတာကို ရာနှုန်းပြည့် ကာကွယ်လို့မရပေမယ့် တတ်နိုင်သလောက် ဖျားနာခြင်းနည်းစေဖို့အတွက် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်ကြည့်လို့ရပါတယ်။ ဘာတွေပြုပြင်ဖို့ လိုအပ်သလဲဆိုရင်

၁။ အပြင်ကနေ ပြန်လာရင်၊ အိမ်သာတက်ပြီးတိုင်း၊ အစာမစားခင်၊ အစာစားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုပါတယ်။

၂။ အပြင်မှာ လက်ဆေးဖို့ နေရာမရှိရင် လက်သန့်စင်ဆေးရည် ဆောင်ထားပါ။ လိုသလောက် ပမာဏကို လက်ဖဝါးပေါ်ထည့်ပြီး လက်နေရာအနှံ့ကို လိမ်းပေးပါ။

၃။ လက်မဆေးဘဲ မျက်နှာ၊ ပါးစပ်၊ နှာခေါင်းကို မပွတ်ပါနဲ့။

၄။ ချောင်းဆိုး၊ နှာချေတော့မယ်ဆိုရင် ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ပါ။ တခြားသူတွေ စည်းမဲ့ကမ်းမဲ့ နှာချေချောင်းဆိုးနေရင်လည်း ကိုယ့်နှာခေါင်းကို တစ်ခုခုနဲ့ လုံအောင်အုပ်ထားပါ။

၅။ ရေများများသောက်ပါ။ အေးနေတဲ့အချိန်ဆိုရင် ရေသောက်ဖို့ တော်တော်များများ ပျင်းတတ်ကြပါတယ်။ ဒီလိုအချိန်တွေဆိုရင် ကိုယ်ခန္ဓာက ရေဓာတ်ခမ်းခြောက်လွယ်တဲ့အတွက် လွယ်လွယ်နဲ့ ဖျားနာနိုင်ပါတယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၃လီတာထက်မနည်း သောက်ပေးဖို့လိုပါတယ်။

၆။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများစားပေးပါ။

၇။ မနက်ပိုင်းမှာ ဗီတာမင် စီ အားဆေးတစ်လုံး သောက်ပေးပါ။

၈။ ညအိပ်ချိန် တစ်နေ့ ၈နာရီရှိအောင် အိပ်ပေးပါ။ ပိတ်ရက်တွေမှာ ပိုအိပ်စက်အနားယူပါ။

၉။ ဖျားနာနေတယ်လို့ သံသယရှိတဲ့သူနဲ့ ဝေးဝေးမှာနေပါ။ အဲ့ဒီလူရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ထိတွေ့မိရင် လက်ကို ဆပ်ပြာနဲ့ ပြောင်စင်အောင် ဆေးပေးပါ။

ခုပြောပြခဲ့တဲ့ နည်းလမ်းတွေနဲ့ လည်ချောင်းမနာအောင်၊ အလွယ်တကူ မဖျားနာအောင် လိုက်နာကြည့်ဖို့ ထပ်မံအကြံပေးလိုက်တယ်နော်။ ကိုယ့်ရဲ့ ကျန်းမာရေးကောင်းခြင်း၊ မကောင်းခြင်းသည် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အများကြီးဆက်နွယ်နေတာကြောင့် သတိလက်လွတ်မနေဖို့ သေချာ ဂရုစိုက်ပေးပါ။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

မျှစ် ချဉ်ပြုံးပြုံးအရသာ ငါး ငရုတ်သီး ကျန်းမာရေး သတ္တုဓာတ် ကယ်လ်ဆီယမ် အာဟာရဓာတ် ဗီတာမင် C သံဓာတ် ဗီတာမင် A ချဉ်ပေါင်ရွက် ဆေးဖက်ဝင် အအေးမိ၊ ဖျားနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

နို့တိုက်မိခင် ရင်သွေး အကျိုးကျေးဇူး မိခင်နို့ရည် ရာသီစက်ဝန်း nipple shield ကိုယ်အလေးချိန် နို့ဘူး ရင်သား နို့ရည် နို့ထွက်အောင် ရောဂါပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

တစ်ဆင့်ခံ ဆေးလိပ်ငွေ့၏ နောက်ဆက်တွဲပြဿနာများ

ဆေးလိပ် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ စီးကရက် ကိုယ်ဝန်ဆောင် အလုပ်ခွင် အများပိုင်နေရာ မွေးကင်းစ ချောင်းဆိုး ကလေးငယ်တွေ ကင်ဆာရောဂါ ဆေးလိပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

COVID-19 ကမ္ဘာ့ကပ်ရောဂါ အသက်ရှူလမ်းကြောင်း ကိုရိုနာ ဗိုင်းရပ်စ် Quarantine လူစုလူဝေး အသက်ရှူကြပ်ခြင်း လက်ဆေး ရောဂါကူးစက်ခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
COVID-19နဲ့ Hydroxychloroquine အရှုပ်တော်ပုံ

COVID-19နဲ့ Hydroxychloroquine အရှုပ်တော်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
အိမ်မှာနေရင်း COVID-19ကို တိုက်ခိုက်ရအောင်။

အိမ်မှာနေရင်း COVID-19ကို တိုက်ခိုက်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020