Morning Sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 5, 2019 . 4 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Morning Sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း) ကဘာလဲ။

Morning sickness, သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း ဆိုတာအမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာ အဖြစ်များတဲ့ နေမကောင်းခြင်းတစ်မျိုးပါပဲ။ အများအားဖြင့်တော့ ကိုယ်ဝန်ဆောင်စဉ် ပထမ ၃ လ အတွင်းမှာ ဖြစ်တတ်ပေမဲ့ တစ်ချို့တွေကတော့ ဒုတိယ ၃ လ အထိ ခံစားကြရပြီး ကံမကောင်းတဲ့သူတွေကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်လုံး ပျို့အန်နေကြတတ်ပါတယ်။

အပြင်းအထန် ပျို့အန်လာပြီဆိုရင်တော့ Hyperemesis gravidarum (HG) လို့ခေါ်ဝေါ်ပြီးတော့ ကိုယ်ဝန်ဆောင် ၁၀၀၀ မှာ ၁ ယောက်လောက်ဖြစ်တတ်ကြပါတယ်။ HG ဆိုတာ သတိထားရမဲ့ အခြေနေဖြစ်ပြီးတော့ ကုသမှုမခံယူရင် ကလေးကိုထိခိုက်တတ်ပါတယ်။

Morning Sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်တရာကို အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဝက်လောက်က ပျို့အန်တတ်ကြပြီး ၈၀% အထက် သော အမျိုးသမီးတွေကတော့ မူးဝေတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးအားလုံးကတော့ ပထမ ၃ လအတွင်းမှာ Morning sickness ကို အတိုင်းအတာတစ်ခုထိခံစားကြရပါတယ်။ ဖြစ်တတ်တဲ့အကြောင်းတရားတွေကို ရှောင်လိုက်ရင် Morning sickness ခံစားရမှုလည်း သက်သာသွားနိုင်ပါတယ်။ ရောဂါလက္ခဏအသေးစိတ်အတွက် သင့်ရဲ့ ဆရာဝန်နဲ့ ဆွေးနွေးပါ။

လက္ခဏာများ

Morning Sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness)ရဲ့လက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • မူးဝေခြင်း
  • အစားအသောက်ပျက်ခြင်း
  • အန်ခြင်း
  • စိတ်ဓါတ်ကျခြင်း၊ဒေါသဖြစ်ခြင်းစတဲ့ စိတ်ဝေဒနာခံစားရခြင်း

ကိုယ်ဝန်ဆောင်စဉ် အလွန်အမင်းအန်ခြင်း(Hyperemesis gravidarum) ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

  • ခနာကိုယ်အတွင်း သွေးတွင်းဓါတ်မညီမျှုဖြစ်ခြင်း
  • အလွန်အမင်းစိတ်ဓါတ်ကျခြင်းနှင့်ဒေါသဖြစ်ခြင်း
  • သနေသား အာဟာရမပြည့်ဝခြင်း
  • အသည်း၊နှလုံး၊ကျောက်ကပ်နှင့် ဦးနှောက်ကဲ့သို့ အရေးကြီးကိုယ်တွင်းအင်္ဂါများအပေါ် ဝန်ပိခြင်း။

ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness)ဟာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပြီးတော့ မိခင်ကို ကဏအသီးသီးမှာ အားနည်းစေနိုင်ပါတယ်။ ဒေါသဖြစ်ခြင်းနှင့် စိတ်ကျခြင်းစတဲ့ စိတ်ဝေဒနာတွေဖြစ်တာကြောင့် အလုပ်မသွားနိုင်၊ တခြားကလေးတွေကိုလည်း သေချာဂရုမစိုက်နိုင်တာမျိုးတွေထိဖြစ်နိုင်ပါတယ်။

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တစ်ချို့အမျိုးသမီးတွေက အန်ရင် ကလေးကိုထိနိုင်တယ်လို့ စိုးရိမ်တတ်ကြပါပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ကလေးကို ထုတ်ထားတဲ့ ရေမွာအိတ်က ကူရှင်လိုမျိုးထောက်ကန်ပေးထားတယ်။ အန်ခြင်းနဲ့ မူးဝေခြင်းက အစာလမ်းကြောင်းကို ထိခိုက်စေပါတယ်။ ကလေးကိုတော့ မထိခိုက်စေပါဘူး။ ကိုက်ခဲခြင်းနဲ့ လည်ချောင်းနာခြင်းကတော့ နည်းနည်း စိတ်ညစ်စရာကောင်းပါလိမ့်မယ်။

အချက်ကျကျပြောရမယ်ဆိုရင် သင် ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness) ဖြစ်တတ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ချေတော်တော်နည်းသွားပါပြီ။ ဒါပေမဲ့ မအန်ရုံနဲ့လည်း ကိုယ်ဝန်ပျက်ကျနိုင်ချေများတယ်လို့ပြောလို့မရပါဘူး။ သိထားရမှာကတော့ ခဏခဏရက်ရှည်ပြီး အန်နေရင်တော့ ရေဓါတ်နဲ့ အာဟာရဓါတ်ဆုံးရှုံးနိုင်တယ်ဆိုတာကိုပါပဲ။ သင်အာဟာရဓါတ်ဆုံးရှုံးသလို ကလေးလည်း အာဟာရဓါတ်ဆုံးရှုံးပြီးတော့ ပေါင်မပြည့်တာမျိုးဖြစ်သွားနိုင်ပါတယ်။ အန်တာနဲ့အတူ အောက်ပါလက္ခဏာများပါဖြစ်တယ်ဆိုရင်တော့ ဆရာဝန်ကိုဆက်သွယ်လိုက်ပါ-

  • ဆီးရောင်အရမ်းရင့်ပြီး ၈ နာရီအထက် ဆီးမသွားခဲ့လျှင်
  • ၂၄ နာရီအတွင်း အစာနဲ့ရေမဝင်နိုင်အောင်ထိ အန်ခဲ့လျှင်
  • နှုံးချိ၊ မူးမော၊ မတ်တပ်ရပ်ရင် မိုက်ခနဲ ဖြစ်ခဲ့လျှင်
  • ဗိုက်အောင့်ခဲ့လျှင်
  • ၃၈ ဒီဂရီ ဆဲဆီးယပ် အထက်ဖျားခဲ့လျှင်
  • သွေးအန်ခဲ့လျှင်

အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Morning Sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မိခင်လောင်းရဲ့ ကြောက်စိတ်နဲ့ဒေါသကြောင့် ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness) ဖြစ်တယ်လို့ လူအချို့ကထင်ကြတယ်။ သို့သော်ငြားလည်း ဒါကိုအတည်ပြုဖို့ သုတေသနပြုထားတာမျိုးတော့မရှိပါဘူး။

အချို့တွေကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness)ဖြစ်တယ်လို့ အကြံပြုကြတယ်။ ဘာတွေပါဝင်လဲ ဆိုတော့

  • Oestrogen ခေါ် မဟော်မုန်း များလာခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • ကာဗိုဟိုက်ဒရိုက် အသုံးပြုမှုပြောင်းလဲခြင်း
  • ရုပ်ပိုင်းဆိုင်ရာနှင့် ဓါတ်ပိုင်းဆိုင်ရာ ဖိစီးခြင်း

ဖြစ်နိုင်ခြေများ

Morning Sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness) အန္တရာယ်မြင့်မားစေတဲ့ အချက်အများကြီးရှိပါတယ်။ ဥပမာ

  • ယခင်ကိုယ်ဝန်များတွင် ပျို့အန်မူးဝေခဲ့ခြင်း
  • ကိုယ်ဝန်ဆောင်စဉ်ပျို့အန်မူးဝေတက်သော မျိုးရိုးရှိခြင်း
  • ကားမူးတတ်သောအကျင့်ရှိခြင်း
  • မ ဟော်မုန်း (oestrogen) ပါသော သနေတားဆေး သောက်သုံးလျှင် မူးဝေတတ်ခြင်း
  • အဝလွန်ခြင်း – BMI ၃၀ နှင့်အထက်
  • စိတ်ဖိစီးခြင်း
  • ၂ မွာပူး ၃ မွာပူး ကိုယ်ဝန်ဆောင်ရခြင်း
  • သားဦးကိုယ်ဝန်ဆောင်ခြင်း

ထိုအချက်အလက်များနဲ့ ပတ်သတ်ပြီး သိချင်သည်များရှိပါက ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Morning Sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆေးရုံဆေးခန်းမှာ ကိုယ်ဝန်သွားအပ်တဲ့အခါ ဆရာဝန်က ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness) ဝေဒနာခံစားရသလား ဟုမေးပါလိမ့်မယ်။ သင့်ရဲ့ ကိုယ်အလေးချိန်ကိုတိုင်းပြီး ကလေးပုံစံမှန်မမှန်နဲ့ ပျက်ကျနိုင်ချေရှိမရှိ အထရာဆောင်းဓါတ်မှန်ရိုက်ပြီးစစ်ဆေးပါလိမ့်မယ်။

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Morning Sickness (ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness) ဟာပြင်းထန်ခဲ့မယ်ဆိုရင် ဆရာဝန်က ရောဂါလက္ခဏာတွေသက်သာစေဖို့အတွက် အအန်ပျောက်ဆေးတိုက်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်တွေအတွက်ဆရာဝန်တွေက အများအားဖြင့် anti-histamine(အလက်ဂျစ်ကဲ့သို့ ဓါတ်မတည့်ရာတွင်သုံးဆေး) လို့ခေါ်တဲ့ ဆေးက ကိုယ်ဝန်ဆောင်အတွက် ဘေးကင်းတဲ့အတွက် ဆေးပေးပါလိမ့်မယ်။ အနားကောင်းကောင်းယူဖို့လိုပါတယ်။ ပင်ပန်းခြင်းဟာ မူးဝေခြင်းကို ပိုဆိုးစေပါတယ်။

  • ရေဖြစ်ဖြစ်အရည်ဖြစ်ဖြစ်များများသောက်ပါ။ တစ်ကြိမ်တည်းအများကြီးသောက်ခြင်းထက် နည်းနည်းနဲ့ အကြိမ်များများသောက်ခြင်းဖြင့် အန်ခြင်းမဖြစ်စေနိုင်ပါဘူး
  • အနံ့ပြင်းတဲ့ အပူစာတွေထက် အနံ့မစူးတဲ့ အအေးစာတွေစားပေးပါ။ အနံ့ပြင်းတဲ့ အပူစာတွေက နေမကောင်းတာကို ပိုဆိုးစေပါလိမ့်မယ်။
  • အရသာစူး၊အေးပြီးတော့၊ ချိုလွန်းတဲ့ အရည်တွေကိုရှောင်ပါ။
  • နီးစပ်သူတွေကို အကူအညီတောင်းပေးပါ။ ချက်ပြုတ်ဖို့ တခြားသူကိုခိုင်းပါ။ ခိုင်းမဲ့သူမရှိရင် ပျစ်ချွဲမှုနည်းပြီးချေထားတဲ့ အာလူးဖုတ်နဲ့ ကြပ်တိုက်ထားတဲ့ အီတလီခေါက်ဆွဲလိုမျိုးပြင်ရလွယ်တာလေးတွေစားပေးပါ။
  • အန်တာအပေါ်မှာ အာရုံသိပ်မထားပါနဲ့။ အန်တဲ့အကြောင်းပဲတွေးနေရင် မူးဝေပြီးအန်ချင်လာပါလိမ့်မယ်။
  • ခါးစည်းချောင်ချောင် အဝတ်အစားပွပွတွေကို ဝတ်ပေးပါ။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ

ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness) ကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း(Morning sickness) ကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

  • ဆရာဝန်ညွန်ကြားချက်မပါပဲ ဆေးမသောက်ပါနှင့်။
  • အန်ခြင်းကိုသက်သာစေနိုင်ဖို့ မနက်ပိုင်းမှာ ပလိန်းခရက်ကာမုန့်နဲ့ ပေါင်မုန့်ကိုစားပေးပါ။
  • အိပ်ယာထလျှင်ဖြည်းဖြည်းထပြီး ဆတ်ခနဲ မလှုပ်ရှားပါနှင့်။
  • မူးဝေစေနိုင်သော အနံ့ပြင်းပြီး အဆီများသောအစာများကိုမစားပါနှင့်
  • အစားလျော့စရာမလိုပါ။ မပျို့အောင် နည်းနည်းနဲ့ အကြိမ်များများစားပါ။
  • ရေလုံလောက်စွာသောက်ပါ။ သံပရာရည်၊ အသီးဖျော်ရည်ကျဲကျဲ၊ ရေနွေးကြမ်းပေါ့ပေါ့၊ ဂျင်းရေနွေးကြမ်း၊ ဟင်းရည်ကြည် နှင့် အမဲသားပြုတ်ရည်တို့သောက်သုံးနိုင်ပါတယ်။
  • လက်ကောက်ဝတ်မှာ အပ်စိုက်ကုထုံးကိုလည်း စဉ်းစားလို့ရပါတယ်။
  • ဗိုက်ချောင်ချောင် အဝတ်တွေကို ဝတ်ပေးပါ။
  • သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးသော ရောဂါပိုးကူးစက်ခြင်းများ

    အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး စတာတွေဟာ မျိုးစုံရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin

    အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း

    စားသောက်ပြီးချိန်မှာ ဗိုက်ထဲမကောင်းတာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိခြင်းကနေ အစာအဆိပ်သင့်ခြင်းအထိ မျိုးစုံဖြစ်နိုင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin

    ကျောက်ကပ်မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ

    ကျောက်ကပ်များဟာ သင့်သွေးထဲမှာ အရည်ဓာတ်တွေ ပိုနေတာမဖြစ်အောင်၊ အဆိပ်အတောက်တွေ စုဝေးမနေအောင် စစ်ထုတ်သန့်စင်ပေးတဲ့တာဝန် ထမ်းဆောင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin

    ကီတို Diet နဲ့ ပတ်သက်ပြီး လုပ်သင့်၊ မလုပ်သင့် တွေဝေနေပြီလား

    ကီတို Diet ဝိတ်ချ ကိုယ်အလေးချိန် အစားအသောက် အဆီ ကြွက်သား လေ့ကျင့်ခန်း အသီအရွက် သကြား အချို အငန် အရသာ အစာမကြေ ဝမ်းပျက်ဝမ်းလျှော

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    အစာအိမ်ကြွက်သားများအားနည်းခြင်း

    အစာအိမ်ကြွက်သားများအားနည်းခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
    အစာရေမျိုအနာဖြစ်ခြင်း

    အစာရေမျိုအနာဖြစ်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
    အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

    အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
    ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

    ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read