နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

လည်ချောင်းပြဿနာများ

အာသီးရောင်ရင် ဘာဆေးသောက် ရမလဲ။

အာသီးရောင်ပြီဆိုရင် ဆေးခန်း ဒါမှမဟုတ် ဆေးဆိုင်ကို သွားပြီး ပိုးသတ်ဆေးလေးပေးပါ။ အမောက်ဆေးလေး ပေးပါဆိုပြီး ဝယ်သောက်ကြတတ်ပါတယ်။ အာသီးရောင်တိုင်းမှာ ပိုးသတ်ဆေးသောက်ဖို့ လိုသလား။ မလိုဘဲ သောက်ရင် ဘာဖြစ်တတ်သလဲ။ အာသီးရောင်ရင် ဘာဆေးသောက် ရမလဲဆိုတာကို ရှင်းပြပေးချင်ပါတယ်။ အာသီးဘာကြောင့် ရောင်သလဲ။ အာသီးရောင်ရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် နှစ်ခုပဲရှိပါတယ်။ (၁) ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့်ရယ် (၂) ဘက်တီးရီးယားပိုး (အရပ်အခေါ် လေးဖက်နာပိုး) ဝင်တာကြောင့်ရယ်ပါ။ အဲ့နှစ်ခုမှာ အဖြစ်အများဆုံးက ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့်ပါပဲ။ ခံတွင်းရဲ့ ဟိုဘက် ဒီဘက်မှာ ရှိနေတဲ့ အာသီးက တကယ်တော့ ခုခံအားတစ်ရှူးပါ။ ဒါကြောင့် ပြင်ပကနေ ပိုးဝင်လာတဲ့အခါ ခုခံအားက တုံ့ပြန်တာကြောင့် ရောင်တာ ဖြစ်ပါတယ်။ အရပ်ထဲမှာ ပြောသလို ‌ရေခဲရေသောက်လို့ အာသီးရောင်တယ်ဆိုတာ မဟုတ်ပါဘူး။ ပိုးဝင်ကူးစက်တာကြောင့်ပဲ ဖြစ်ပါတယ်။ https://hellosayarwon.com/ent/throat-conditions/relieve-tonsillitis/ အာသီးရောင်ရင် ဘာဆေးသောက် ရမလဲ။ အာသီးရောင်တာ အများစုက […]


နားပြဿနာများ

နားမှိုစွဲရောဂါ အကြောင်း သိကောင်းစရာ

နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosisလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှိုနှစ်မျိုးပဲ ဖြစ်ပါတယ်။ အဲ့ဒီမှာမှ နားမှိုစွဲတာရဲ့ ၁၀ယောက်မှာ ၉ယောက်က Aspergillus မှိုကြောင့်လို့ ဆိုကြပါတယ်။ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ နေ့စဉ်ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်ရတဲ့ မှိုပိုးတွေနဲ့ ထိတွေ့နေရပေမယ့် လူတိုင်း နားမှိုစွဲရောဂါ မဖြစ်ကြပါဘူး။ ဒါပေမဲ့ ဒီအချက်တွေ ရှိရင်တော့ သတိထားဖို့ လိုပါတယ်။ […]


နှာခေါင်းပြဿနာများ

နှာစေးနှာပိတ်သူများအတွက် အိပ်စက်နည်းပုံစံ

နှာစေးနှာပိတ်တဲ့အခါ အိပ်ရတာ အင်မတန်ခက်ပါတယ်။ တချို့တွေမှာ အိပ်ရေးပျက်တဲ့အထိ ပြင်းထန်ပါတယ်။ တရှုံ့ရှုံ့နဲ့ နှာရည်ကျနေလို့၊ နှာခေါင်းပိတ်ပြီး အသက်ရှူရကျပ်နေလို့ အိပ်မရတာကို လူတိုင်းကြုံဖူးမှာပါ။ ဒီတော့ နှာစေးနှာပိတ်သူများအတွက် အိပ်စက်နည်းပုံစံကို မျှဝေပေးချင်ပါတယ်။ မအိပ်ခင်မှာ ဘာတွေလုပ်မလဲ။ ဘယ်လိုပုံစံနဲ့ အိပ်ကြမလဲဆိုတာကို လေ့လာကြည့်ရအောင်။ နှာစေးနှာပိတ်သူများအတွက်မအိပ်ခင်မှာ ဆောင်ရန် ရှောင်ရန် နှာစေးနှာပိတ်တဲ့သူတွေက ကောင်းကောင်းအိပ်ပျော်စေဖို့ မအိပ်ခင်မှာ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ မအိပ်ခင်မှာ ဆေးကြိုသောက်ပါ။ နှာစေးတယ်ဆိုရင် Antihistamineပါတဲ့ဆေး၊ နှာပိတ်တယ်ဆိုရင် decongestant နှာပွင့်ဆေးတွေကို မအိပ်ခင်မှာ သောက်ပေးပါ။ အထူးသဖြင့် Antihistamineတွေက အိပ်ငိုက်တတ်ပါတယ်။ ဒါကြောင့် အိပ်ခါနီးသောက်လိုက်ရင်  ငိုက်ပြီး အလုပ်မလုပ်နိုင်မှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒီဆေးတွေက အအေးမိဖျားနာပျောက်ဆေးတွေမှာ တွဲပြီးပါတတ်ပါတယ််။ ဆေးတစ်မျိုးသောက်လိုက်တာနဲ့ နှာရည်ယိုတာရော၊ နှာပိတ်တာရော သက်သာစေပါတယ်။ အထူးသဖြင့် အအေးမိတာကြောင့် နှာရည်ယို နှာပိတ်တာဆိုရင် ဒီလိုဆေးမျိုးတွေက […]


နားပြဿနာများ

နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့

ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေကစားရင်းဖြစ်ဖြစ် အခန့်မသင့်တဲ့အခါ နားထဲကို ရေဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို နားထဲ ရေဝင်တာက နားပြည်ယိုတာ အပါအဝင် နားနာတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နားထဲရေဝင်ရင် ဘာဖြစ်မလဲ ........... နားထဲ ရေဝင်တာက ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် နားထဲရေဝင်တာက အချိန်ကြာမြင့်လာတဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး နားပိုးဝင်တာ နားထဲက နာတာ နားထဲက ယားသလိုလိုဖြစ်တာ နားထဲက ပြည်ထွက်တာ နားအူတာ အသံကို ကောင်းကောင်းမကြားရတာ စတဲ့ အကြားအာရုံပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲ ရေမဝင်အောင် ဘယ်လို ကာကွယ်ကြမလဲ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ […]


နှာခေါင်းပြဿနာများ

အအေးမိလို့ နှာမွှန်တာကို သက်သာစေဖို့

နှာမွှန်တာက ပြောတော့သာ ဘာမှမဟုတ်သလိုပါ။ တကယ်ကတော့ အတော်လေး ခံစားရခက်ပါတယ်။ နှာမွှန်တာက မြန်မြန် သက်သာအောင် လုပ်ဖို့ လိုမယ့် ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ နှာမွှန်တာကို တာရှည်မွေးထားတာက ရေရှည်မှာ ထိပ်ကပ်နာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှာမွှန်တာကြောင့် စိတ်ညစ်မခံဘဲ မြန်မြန်သက်သာအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားမှာမို့ အတူတူ ကြည့်လိုက်ရအောင်လား ......... https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/home-remedies-for-smell-loss/ နှာမွှန်တယ်ဆိုတာ နှာမွှန်တယ်ဆိုတာက နှာခေါင်းထဲမှာ ချွဲတွေ ပိတ်ဆို့နေသလို ခံစားရပြီး နှာရည်ကျတာ၊ နှာခဏခဏ ချေတာကို ခံစားရတာမျိုးပါ။ အကြောင်းကတော့ နှာခေါင်းအတွင်းမှာရှိတဲ့ သွေးကြောတွေ ရောင်ရမ်းတာကြောင့် နှာခေါင်းက အသက်ရှူလို့ မကောင်းဘဲ နှာခေါင်းပိတ်သလို ခံစားရတာပါ။ ဘာကြောင့် နှာမွှန်ရတာလဲ။ နှာမွှန်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အအေးမိတာ တုပ်ကွေးဖြစ်တာ ဓာတ်မတည့်တာ လေထုညစ်ညမ်းတာ လေထု ခြောက်သွေ့တာကြောင့်လည်း နှာမွှန်နိုင်ပါတယ်။ အအေးမိလို့ […]


နားပြဿနာများ

သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့ အစိတ်အပိုင်းလေး တစ်ခု

နေ့စဉ် ရေချိုးတာ၊ မျက်နှာသစ်တာတွေ လုပ်တယ်။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်ကနေ ၂ ကြိမ်၊ ၃ကြိမ်လောက်ထိ ခေါင်းလျှော်တာတွေကို လုပ်ပေမယ့် နေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်တဲ့အခါ သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့ အစိတ်အပိုင်းလေး တစ်ခု ရှိနေပါတယ်။ ဒါကတော့ နားရွက် အနောက်ဖက်ပိုင်းလေးပါ။ နားထဲက နားဖာချေးတွေကို သန့်ရှင်းဖို့ သတိရတတ်ကြပေမယ့် နားရွက်နောက်ဖက်ပိုင်းက ဖုန်မှုန့်တွေ၊ ချေးတွေကိုတော့ သန့်ရှင်းဖို့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ နားရွက်နောက်ဖက်ပိုင်းကလည်း သေချာလေး သန့်ရှင်းဖို့ လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုပါ။ နားရွက်နောက်ဖက်ကို ဘာကြောင့် သန့်ရှင်း သင့်တာလဲ ...... နားအတွင်းပိုင်းကို သေချာလေး သန့်ရှင်းဖို့ လိုသလို နားရွက် နောက်ဖက်ပိုင်းကိုလည်း သေချာလေး သန့်ရှင်းပေးဖို့ လိုပါမယ်။ နေ့စဉ် လှုပ်ရှားမှုတွေကြောင့် နားရွက်နောက်ဖက်ပိုင်းမှာ ဖုန်မှုန့်တွေ၊ ချေးတွေ […]


နှာခေါင်းပြဿနာများ

ရှူသောလေတိုင်း ရောဂါပိုး ကင်းစေဖို့

ရှင်သန်ဖို့အတွက် ရေ၊ လေ၊ အစာအာဟာရတွေ ရရှိဖို့ လိုအပ်ပါမယ်။ ဒီလိုအပ်ချက်တိုင်းက ရေဆိုလည်း ရေဖြစ်ရင် ပြီးရော မရသလို လေဆိုလည်း ရှူလိုက်ပြီးတာပဲဆိုတာမျိုး မရပါဘူး။ အစာအာဟာရဆိုလည်း ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုပြန်ပါတယ်။ အခုလို ကိုဗစ်တွေ ဖြစ်နေတဲ့ ကာလမှာဆို အသက်ရှူစနစ်ရဲ့ အစဆုံး အစိတ်အပိုင်းဖြစ်တဲ့ နှာခေါင်း ထဲမှာ ရောဂါပိုးတွေ ကင်းနေဖို့က အတော်လေး အရေးကြီးပါတယ်။ ရှူလိုက်တဲ့ လေထုမှာ ရောဂါပိုးတွေ ကင်းစင်မှ အဆုတ်လေး ကျန်းမာပြီး ရောဂါတွေ ကင်းမှာပါ။ ဒီတော့ ရှင်သန်ဖို့အတွက် အရေးပါတဲ့ လေကို ရှူသွင်းလိုက်တိုင်းမှာ ရောဂါပိုး ကင်းနေစေဖို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ရှင်းလင်းဖို့ထက် အရေးတကြီး ရှင်းလင်းဖို့လိုမယ့် အရာလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ကို အဓိက […]


လည်ချောင်းပြဿနာများ

အာသီးကျောက်တည်တာကို ဘယ်လို ဖယ်ရှားမလဲ.......

သွားနဲ့ သွားဖုံးတွေကြောင့် မဟုတ်ဘဲ ခံတွင်းနံ့ ဆိုးစေတဲ့ ပြဿနာကို ဖြစ်စေတာကတော့ အခုပြောပြမယ့် အာသီးကျောက် တွေပါ။ ဒီတစ်ခေါက်တော့ ခံတွင်းနံ့ကို ဆိုးစေတဲ့ အာသီးကျောက်တည်တာကို ဘယ်လို ဖယ်ရှားမလဲ....... ဆိုတာကို ပြောပြပေးသွားပါမယ်။ အာသီးကျောက်တည်တယ် ဆိုတာ အာသီးကျောက် ဆိုတာက  အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အစိလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ ဒါတွေက အာသီးလေးမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။ အာသီးကျောက် ဘယ်လိုဖြစ် အာသီးလေးတွေက တွင်းလို အပေါက်လိုလေးတွေဖြစ်ပြီး အဲ့အပေါက်လေးတွေထဲမှာ ဆဲလ်သေတွေ၊ ချွဲတွေအပါအဝင် ဘက်တီးရီးယားတွေနဲ့ အခြားသောအရာတွေက ပြည့်နှက်နေတာပါ။ ဒီလို အစားအစာအကြွင်းအကျန်တွေ၊ အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေက အာသီးထဲမှာရှိတဲ့ အပေါက်လေးတွေထဲမှာစုပြီး အာသီးကျောက်တွေ […]


လည်ချောင်းပြဿနာများ

အာသီးကျောက်တည်တယ် ဆိုတာ ဘာလဲ.......

သွားတိုက်ရင်းဖြစ်ဖြစ် ချွဲခပ်ထုတ်ရင်း ဖြစ်ဖြစ် အာခေါင်နောက်ဖက်ကနေ ထွက်လာတတ်တဲ့ အဖြူရောင်အခဲလေးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီအခဲလေးတွေက သေးသေးလေးတွေ ဆိုပေမယ့် အနံ့အရမ်းဆိုးပါတယ်။ ဒါလေးတွေက ဘာတွေလဲ။ ဘာကြောင့် ဖြစ်ရတာလဲ။ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အာသီးကျောက်တည်တယ် ဆိုတာ အာသီးကျောက်တည်တယ် ဆိုတာ က အပေါ်မှာ ပြောခဲ့သလို အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အခဲလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ အကြောင်းကတော့ ဒါတွေက အာသီးလေးမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။ အာသီးက လည်ချောင်းနောက်ဘက်မှာ ရှိတဲ့ ဂလင်းလိုမျိုး အစိတ်အပိုင်းလေးတွေပါ။ လည်ပင်း တစ်ဖက်တစ်ချက်စီမှာ ရှိပါတယ်။  အာသီးတွေကို ပြန်ရည်ကျိတ်တွေ၊ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီဆဲလ်တွေက ကူးစက်နိုင်တဲ့ […]


နားပြဿနာများ

နားအူတာ သက်သာစေမယ့် နည်းလမ်းကောင်းများ

နားအူတာ က နားထဲမှာ တစီစီနဲ့ တော်တော် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာပါ။ တိတ်ဆိတ်နေတဲ့အချိန်ဆို ပိုဆိုးပါတယ်။ နားအူတာက အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲလည်း ဖြစ်နိုင်ပါတယ်။ တချို့က တစ်ခါတလေပဲ ဖြစ်ပြီး တချို့က ဆက်တိုက် ဖြစ်နေတာပါ။ အကောင်းဆုံးကတော့ နားအူစေတဲ့ အကြောင်းရင်းကို ရှာပြီး ကုသတာပါပဲ။ ဒီလို ကုသနေတုန်းမှာ ဖြစ်ဖြစ်၊ လတ်တလောမှာ ဆေးခန်း မသွားနိုင်သေးလို့ ဖြစ်ဖြစ် အောက်ပါ နည်းလမ်းတွေကို စမ်းကြည့်နိုင်ပါတယ်။ နားအူတာ သက်သာစေမယ့် နည်းလမ်းကောင်းများ ဘယ်အရာတွေက နားအူတာကို ပိုဆိုးစေတာလဲ။ တချို့တွေက တစ်ခုခု စားလိုက်ရင်၊ သောက်လိုက်ရင်၊ ဆေးသောက်လိုက်ရင် နားအူတာ ပိုဆိုးလာတယ်လို့ ပြောကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူချင်မှ တူမှာပါ။ ကိုယ့်ကို ပိုဆိုးစေတဲ့အရာတွေကို ရှာကြည့်ပါ။ ဥပမာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း