နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

နား၊ နှာခေါင်း၊ လည်ချောင်း

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ .....နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတွေက အများကြီးရှိပြီး ခံစားရတဲ့ လက္ခဏာတွေလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဒီထဲကမှ အဖြစ်များပြီး တွေ့ရလေ့ရှိတဲ့ ရောဂါတွေကို ပြောပြပေးသွားပါ့မယ်။ ဒါမှ ဘယ်ရောဂါဆို ဘယ်ဆရာဝန်ဆီ သွားရမလဲဆိုတာ ကွဲကွဲပြားပြား သိမှာပါ။ အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက နားပြည်ယိုတာ နားပြဿနာတွေထဲမှာတော့ ကလေး၊ လူကြီး အရွယ်စုံမှာတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ နားထဲမှာရှိတဲ့ Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေးက ပါးစပ်အနောက်ဘက် လည်ချောင်းထဲမှာ လာပွင့်ပါတယ်။ ဒါကြောင့် တော်ရုံဆို ရောဂါပိုးမွှားတွေက လည်ချောင်းကနေတဆင့် အပြင်ကို ပြန်ရောက်သွားပါတယ်။ […]


နား၊ နှာခေါင်း၊ လည်ချောင်း

အသံတွေ ဘယ်လိုကြား၊ အနံ့တွေ ဘယ်လိုရ

အသံတွေ ဘယ်လိုကြား၊ အနံ့တွေ ဘယ်လိုရ ........ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က အင်မတန်မှ ထူးဆန်းပါတယ်။ တစ်ခါတလေများ ကျွန်တော်တို့တွေ အနံ့တွေ ဘာကြောင့်ရတာလဲ၊ အသံတွေ ဘာကြောင့်ကြားနေရတာလဲဆိုတာ စဉ်းစားကြည့်ဖူးရဲ့လား။ ဒီတိုင်း ကြားရုံ၊ အနံ့ရရုံတင်မကဘဲ ခွဲခြားပြီးတောင် မှတ်ထားလိုက်သေးတယ်။ ဒါကတော့ မွှေးလိုက်တာ၊ ဒါကတော့ အမှိုက်ပုံက အနံ့ကြီး၊ ဒါကတော့ ဘယ်သူ့အသံ၊ ဒီအသံကတော့ဖြင့် ငှက်ဆိုးထိုးသံ စသဖြင့် ခွဲမှတ်ထားလိုက်ပါသေးတယ်။ မျက်လုံးမမြင်ရ၊ လက်နဲ့ကိုင်လို့ မရတဲ့ ဒီအသံတွေ၊ အနံ့တွေကို ဘယ်လိုများ ခံစားတာပါလိမ့်။ အသံတွေ ဘယ်လိုကြား၊ အနံ့တွေ ဘယ်လိုရ ကဲ ..... ဒီတော့ အသံတွေ ဘယ်လိုကြား၊ အနံ့တွေ ဘယ်လိုရ လဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။ အသံတွေ ဘယ်လိုကြားရတာလဲ။ အသံကြားဖို့ဆိုရင် နားအပြင်ဘက် နားရွက်က စရပါလိမ့်မယ်။ အပြင်တစ်နေရာကနေ အသံတစ်ခုခု […]


နား၊ နှာခေါင်း၊ လည်ချောင်း

နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။

နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုတာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ ဦးခေါင်းထဲက အစိတ်အပိုင်းတွေပါ။ ဒါကြောင့် ဒီနေရာတွေမှာ ရောဂါဖြစ်လို့ သွားကုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တို့၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့ဆီ သွားရတာပါ။ ဒီအင်္ဂါတွေမှာ ဘာတွေပါလဲ၊ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ကြည့်ကြည့်ရအောင်။ နား၊ နှာခေါင်း၊ လည်ချောင်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းများ နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ ဆိုတော့ နား နားကို အကြမ်းအားဖြင့် နားအပြင်ပိုင်း၊ နားစည်၊ နားအလယ်ပိုင်းနဲ့ နားအတွင်းပိုင်းဆိုပြီး ထပ်ခွဲထားပါတယ်။ နားအပြင်ပိုင်း နားအပြင်ပိုင်းမှာ နားရွက်ရယ်၊ External auditory canal or tubeလို့ ခေါ်တဲ့ နားအပြင်ဘက်နဲ့ အတွင်းဘက်ကို […]


နှာခေါင်းပြဿနာများ

နှာခေါင်း တွေပိတ်နေလို့ အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

ချမ်းစိမ့်စိမ့် ဆောင်းရာသီတောင် ဘာလိုလိုနဲ့ ရောက်လာပြန်ပြီနော်။ မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းအချမ်းဓာတ်က တခြားနိုင်ငံတွေလောက် မပြင်းတာတောင် ညဘက်ဆို စိတ်အညစ်ရဆုံးက နှာစေး၊ နှာပိတ်ပြီး ဘယ်လိုမှ အိပ်မရတော့တာပါပဲ။ နှာစေးတာကမှ ဖြေသာနိုင်သေးတယ်။ နှာခေါင်း ပိတ်တဲ့ ပြဿနာက လေရှူသွင်း၊ ရှူထုတ်တဲ့နေရာမှာ အခက်အခဲဖြစ်စေတော့ အိပ်ခါနီးလူတစ်ယောက်က ဒီပြဿနာကိုပဲ စိတ်ထဲစွဲပြီး ဘယ်လိုမှ အိပ်ရနိုင်တော့မှာမဟုတ်ပါဘူး။ အိပ်ခါနီးအချိန်မှာ နှာခေါင်း ပိတ်ရင် ဘာလုပ်ကြမလဲ။ ၁။ ခေါင်းအုံးအနေအထားကို ပြင်ပေးပါ။ များသောအားဖြင့် ခေါင်းအုံးတစ်လုံးတည်း အိပ်တဲ့အခါ၊ ကိုယ်အိပ်တဲ့ ခေါင်းအုံးကလည်း မှို့တွေနည်းပြီး ပြားနေတဲ့အခါ ဦးခေါင်းရဲ့အနောက်မှာ ထောက်ပံ့မှုများများစားစားမရှိတော့ဘဲ နှာခေါင်းပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမျိုးမှာ ခေါင်းအုံးအသေးလေးတစ်လုံးကို အောက်မှာခံပေးတာ၊ ခေါင်းအုံးကို ထပ်ခြမ်းခေါက်ပြီး အိပ်တာ၊ စောင်ကို လုံးချေပြီး ခေါင်းအုံးမှာခုထားတာမျိုး လုပ်ပေးလို့ရပါတယ်။ လည်ပင်းက အမြင့်နေရာကို ရောက်နေတဲ့အခါ […]


နှာခေါင်းပြဿနာများ

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

တန်ဆောင်မုန်း လပြည့်နဲ့ မယ်ဇလီပင်ဟာ ခွဲလို့ မရစကောင်းတဲ့ အရာပါ။ လပြည့်ကျော် တစ်ရက်နေ့ နက္ခတ်စုံညီတဲ့နေ့မှာ နွယ်မြက်သစ်ပင်တွေအားလုံး ဆေးဖက်ဝင်ပြီး မယ်ဇလီဖူးသုပ်ကို စားရင် ဆေးပေါင်းခ၊ ရောဂါတွေပျောက်တယ်လို့ အားလုံးကြားဖူးပြီး ဖြစ်မှာပါ။ ဒါဆိုရင် တကယ်တမ်း သိပ္ပံနည်းကျရော မယ်ဇလီဖူး၊ မယ်ဇလီရွက်၊ မယ်ဇလီပင်က ဆေးဖက်ဝင်ရဲ့လား။ မယ်ဇလီပင်ဟာ ဝမ်းချုပ်ခြင်းကို အဓိက ပျောက်ကင်းသက်သာစေပါတယ်။ ဒီ သဘာဝ ကုထုံးဟာ ကိုယ်ဝန်သည်တွေနဲ့ ကလေးတွေအတွက်ပါ အသုံးပြုလို့ ရနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ မယ်ဇလီဖူး (မယ်ဇလီစေ့ပေါ်က အဖူး) ကို ရေထဲ စိမ်ထားပြီး တစ်ညသိပ်ထားပါ။ ပြီးတော့ အရည်စစ်ချပြီး သကြားနဲ့ သောက်လို့ ရပါတယ်။ နောက်ပြီး မယ်ဇလီရွက် ကို အခြောက်လှမ်းပြီး ရေနွေးကြမ်းအဖြစ် သောက်တာက အစာကြေစေပြီး အူလမ်းကြောင်းကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ […]


နားပြဿနာများ

နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

နားဖောက်ချိန်မှာ နားဖောက်လိုသူရော ဖောက်ပေးသူပါ ရောဂါပိုးကာကွယ်နိုင်ဖို့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုပါတယ်။ ပစ္စည်းကိရိယာများကိုလည်း ပိုးသတ်သန့်ရှင်းထားဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ရောဂါပိုးဝင်ရောက်ကူးစက်ပြီး နောက်ဆက်တွဲပြဿနာတွေ ဝင်လာနိုင်ပါတယ်။ အခုတစ်ခေါက်တော့ လူတိုင်း သတိထားမိနိုင်စေဖို့အတွက် နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း အကြောင်းလေးပြောပြပေးချင်ပါတယ်။ နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း နားဖောက်ခြင်းတိုင်းမှာ အနာဖြစ်စေပြီး ပုံမှန်အားဖြင့် သေချာအနာကျက်ဖို့ တစ်လခွဲခန့်ထိ ကြာနိုင်ပါတယ်။ နားရဲ့ အရိုးနုလို မာတဲ့နေရာကိုဖောက်မယ်ဆိုရင် အနာကျက်ဖို့ ပိုပြီးကြာနိုင်ပါတယ်။ အနာကျက်ဖို့ အချိန်ကြာလေ ရောဂါပိုးဝင်နိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ နားပေါက်ကနေ နည်းမျိုးစုံနဲ့ ရောဂါပိုး ဝင်နိုင်ပါတယ်။ နားပေါက်အနာမကျက်ခင်မှာ ညစ်ပေတဲ့လက်နဲ့ ကိုင်မိရင်ဖြစ်စေ၊ နားဖောက်စဉ် အသုံးပြုတဲ့ကိရိယာ ညစ်ညမ်းရင်ဖြစ်စေ ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ နားဖောက်တဲ့ကိရိယာများဟာ ပိုးသန့်စင်ထားတဲ့ ကိရိယာတွေ ဖြစ်ရပါမယ်။ ပစ္စည်းကိရိယာများမသန့်ရှင်းဘဲ လက်အိတ်မဝတ်ဘဲ ကိုင်တွယ်ရင် ပိုးဝင်နိုင်ခြေ […]


နားပြဿနာများ

နားကိုက် တာ သက်သာစေဖို့ အိမ်တွင်းနည်းလမ်းများ

နားကိုက် တာ သွားကိုက်သလိုပါပဲ။ ကိုက်ကလည်းကိုက် ကုတ်မရ ဖဲ့မရ၊ အတွင်းထဲကဆို ပိုဆိုး ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိပါဘူး။ လတ်တလောမှာ ဆေးခန်းမသွားဖြစ်ရင်တောင် ကိုယ်သိထားတဲ့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ထားနိုင်ရင် အကိုက်သက်သာတာပေါ့။ ဒါပေမယ့် အိမ်တွင်းနည်းလမ်းတွေနဲ့ မသက်သာရင် ဆရာဝန်သွားပြဖို့ မမေ့ပါနဲ့နော်။ ပြီးတော့ နားကိုက်ရတဲ့ အကြောင်းရင်းတွေကို ရှာပြီး ကုရဦးမယ်မဟုတ်လား။ နားကိုက် တာ သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ သောက်ဆေးများ ဆေးဆိုင်မှာ ဆရာဝန်ဆေးစာ မလိုဘဲ ဝယ်လို့ရတဲ့ over the counterအကိုက်အခဲပျောက်ဆေးတွေ ဝယ်သောက်လို့ရပါတယ်။ ဥပမာပြောရရင် ပါရာစီတမောတို့၊ ibuprofenတို့၊ အက်စပရင်တို့ပေါ့။ ကလေးငယ်တွေဆိုရင်တော့ အက်စပရင် မတိုက်ပါနဲ့။ အသက်၂နှစ်အောင် ကလေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ဘာဆေးမှ မတိုက်တာ အကောင်းဆုံးပါပဲ။ လူကြီးတွေအနေနဲ့လည်း အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲမသောက်ဖို့ […]


နားပြဿနာများ

သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

နားကိုက်တာကို တော်တော်များများ ခံစားဖူးကြမယ် ထင်ပါတယ်။ နားကိုက်တာကို ဘယ်လိုအရာတွေက နားကိုက်စေနိုင်လဲ ဆိုတာကိုရော သိပြီးပြီးလား! ဒါဆိုရင်တော့ သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘာတွေကြောင့်လဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။ နားကိုက် တယ်ဆိုတာ သိပ်ကို ခံရခက်တဲ့ ရောဂါပါ။ ဘာကြောင့်ကိုက်လဲဆိုတာ ထားဦး။ လက်ရှိကိုက်နေတဲ့ အနေအထားကနေ အမြန်သက်သာချင်တာ လူနာတိုင်းရဲ့ ဆန္ဒပါပဲ။ နားကိုက်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ တစ်ဖက်တည်း ကိုက်နိုင်သလို နှစ်ဖက်လုံးကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ နားကိုက်တာက ကြာနေပြီဆိုရင် ဒီတိုင်း ပစ်မထားသင့်ပါဘူး။ ကြာလာရင် နားမကြားတော့တာ ဖြစ်လာနိုင်လို့ အကြောင်းရင်းကို ရှာပြီး ကုသရမှာပါ။ နားပိုးဝင်တာကြောင့်ဆို ပိုဆိုးပါတယ်။ ဒီတိုင်းထားလိုက်ရာက ပိုးက ဦးနှောက်ထဲရောက်ပြီး ဦးနှောက်အမြှေးရောင်တာအထိ ဖြစ်နိုင်လို့ပါ။ နားကိုက် ရတဲ့ အကြောင်းရင်းတွေ နားကို […]


နားပြဿနာများ

နားဖောက် ထားတဲ့သူတွေ ဂရုစိုက်ဖို့ လိုအပ်တဲ့အချက်များ

ဒီလို တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ နားကပ်လှလှလေးတွေ တပ်ဖို့ မိန်းကလေးအတော်များများက နားဖောက် လာကြပါတယ်။ နောက်ပိုင်း မိန်းကလေးတွေတင်မကဘဲ ယောကျ်ားလေးတွေမှာလည်း နားဖောက်တာက ပိုပြီးခေတ်စားလာတာ၊ trend တစ်ခုဖြစ်လာတာကို တွေ့ရပါတယ်။ နားဖောက်တဲ့အခါမှာလည်း ပုံမှန်ဖောက်တဲ့ နားဆံသီး (earlobe) တွေမှာတင်မကဘဲ အခြား အရိုးနုရှိတဲ့ နားရွက်ပတ်ပတ်လည်နေရာတွေမှာပါ အလှဖောက်လာကြပါတယ်။ ဒီလို နားဖောက်တာဟာ များသောအားဖြင့်တော့ ပိုးသတ်ထားပြီး သန့်စင်တဲ့နေရာမှာ ကျွမ်းကျင်သူတွေနဲ့ ဖောက်မယ်ဆိုရင် ပြသနာမရှိပါဘူး။ ဒါပေမယ့် ဖောက်ပြီးတဲ့အခါမှာလည်း ကိုယ်တိုင်က ဂရုမစိုက်မိရင် ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း၊ ပြည်တည်ခြင်း၊ ပိုးဝင်ခြင်းစတဲ့ ပြသနာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် နားဖောက်တဲ့အခါမှာ ပိုးသေချာသန့်စင်ထားပြီး ကျွမ်းကျင်တဲ့သူဖောက်ပေးတဲ့ နေရာကို ရွေးချယ်သင့်တဲ့အပြင် ကိုယ်တိုင်လည်း အိမ်မှာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နားဖောက်ပြီးတဲ့အခါ အိမ်မှာ ဘယ်လို […]


နားပြဿနာများ

Motion sickness (ကားမူးခြင်း )

Motion sickness ဆိုတာဟာ တစ်နည်းအားဖြင့် ရွေ့လျားမှုကြောင့် ဖြစ်တဲ့ နေထိုင်မကောင်းဖြစ်ခြင်း တစ်မျိုးပါပဲ။ ဥပမာ- ကားမူးတာ၊ လှိုင်းမူးတာ၊ လေယာဉ်စီးရင်မူးတာ စသဖြင့်ပေါ့။ အချို့သူတွေမှာ အဲ့ဒီလို Motion sickness ဖြစ်လေ့ရှိပြီး ဖြစ်လာတဲ့အခါမှာ မူးတာအပြင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ မောလာခြင်း၊ ချွေးစေးပြန်လာခြင်း၊ အသားအရောင်ဖြူဖျော့လာခြင်း စတဲ့ လက္ခဏာတွေပါ ဖြစ်လေ့ရှိပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ နဲ့ အချို့သော ဆေးတွေ(ဥပမာ- စိတ်ကျခြင်းကို ကုသတဲ့ဆေးတွေ၊ ပိုးသတ်ဆေးအချို့၊ နဲ့ ပန်းနာရင်ကျပ်ဆေးတွေ) သောက်နေတဲ့ သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဓိကအားဖြင့် motion sickness တွေဖြစ်လာတဲ့အခါမှာ ဘယ်လို သက်သာအောင် လုပ်ကြမယ်၊ နောက်ထပ် မဖြစ်အောင် ဘယ်လို […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်