backup og meta

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!

အနံ့ဆိုး တော်တော်များများက ပါးစပ်ကပဲ ဖြစ်တယ်လို့ လူသိများကြပေမယ့် တစ်ခါတလေမှာ နှာခေါင်းထဲမှာလည်း အနံ့ဆိုးတွေ ဖြစ်တာမျိုး ရှိနိုင်ပါတယ်။ ဒီလို ဖြစ်တတ်လား။ နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ! ဆိုတာကို ပြောပြပေးသွားမှာမို့ အတူတူ ကြည့် လိုက်ရအောင်နော်။

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!

အချို့သူတွေမှာ နှာခေါင်းထဲမှာ ပုံမှန် မဟုတ်တဲ့ အနံ့တွေကို ရနေတာမျိုး၊ အနံ့ ဆိုးဆိုးတွေကို ရနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်ေစတဲ့ အကြောင်းရင်းတွေက တစ်ခု မကဘူးပေါ့။

အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ ထိပ်ကပ်နာဖြစ်တာ၊ နှာခေါင်းတွင်းမှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိတာနဲ့ ခံတွင်းမှာ ကျန်းမာရေးကိစ္စ တစ်ခုခုရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

ပြင်းထန်တဲ့ နာတာရှည် ထိပ်ကပ်နာ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာက နှာခေါင်းအတွင်းက လေအိတ်တွေထဲမှာ ပိုးဝင် ကူးစက်မှု တစ်ခုခု ရှိနေတာကြောင့်ပါ။ ပြင်းထန်တဲ့ ထိပ်ကပ်နာနဲ့ နာတာရှည် ထိပ်ကပ်နာကို ခံစားနေရတာကြောင့် လေအိတ်ထဲမှာ ရောင်ရမ်းပြီး ပြည်ပုပ်တွေ စုနေတတ်ပါတယ်။ ဒါကြောင့် နှာခေါင်းပိတ်တာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်သလို နှာခေါင်းက အနံ့ကို ကောင်းကောင်း မရတာမျိုးလည်း ခံစားရနိုင်ပါတယ်။

ဒါ့ပြင် နှာရည်တွေကို နှာခေါင်းနောက်ဖက် လည်ချောင်းဆီကို ပြန်စီးဆင်းသွားပြီး ချောင်းဆိုးတာ၊ နှာခေါင်းထဲမှာ အနံ့ဆိုးဖြစ်တာကို ခံစားရနိုင်ပါတယ်။

သွားနဲ့ ခံတွင်းပြဿနာ ရှိနေတာ

သွားမှာ သွားပေါက်တွေ ရှိနေတာက ဘက်တီးရီးယားတွေ ခိုအောင်းဖို့ နေရာရစေပြီး မကောင်းတဲ့ အနံ့တွေ ထွက်လာစေနိုင်ပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောင်တာနဲ့ သွားဖုံးရောဂါ ရှိသူတွေမှာလည်း နှာခေါင်း ကနေ အနံ့ဆိုး ဖြစ်တာကို ခံစားရနိုင်ပါတယ်။

ခံတွင်းထဲက အနံ့ဆိုးတွေက နှာခေါင်းဆီ ရောက်ရှိတာာကြောင့် နှာခေါင်းထဲမှာ အနံ့ဆိုး ရလာတာပါ။

အချို့သော အစားအစာတွေနဲ့ ဆေးဝါးတွေ

အချို့သော အစားအစာတွေနဲ့ ဆေးဝါးတွေက ပါးစပ်ထဲမှာ အနံ့ဆိုး ဖြစ်စေသလိူ ပါးစပ်နဲ့ နှာခေါင်းကို ဆက်သွယ်ထားတဲ့ အပေါက်ငယ်လေးကတဆင့် နှာခေါင်းထဲကို အနံ့ဆိုး ရောက်ရှိသွားပြီး နှာခေါင်းထဲမှာ အနံ့ဆိုး ဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကော်ဖီ၊ အစပ်ကဲတဲ့ အစားအစာတွေ နဲ့ ဆူးပုတ်၊ တညင်းသီးလိုမျိုး အစားအစာတွေက ခံတွင်းရော နှာခေါင်းထဲမှာပါ အနံ့ဆိုး ဖြစ်စေသလို အချို့သော ဆေးဝါးတွေကလည်း နှာခေါင်းထဲမှာ အနံ့ဆိုးဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ခံတွင်းခြောက်တာ

ခံတွင်းခြောက်တာက တံထွေးလုံလောက်မှု မရှိတာကြောင့်ပါ။ ခံတွင်းခြောက်တာကို အမြဲလိုလို ခံစားနေရတာက နှာခေါင်းအတွင်းသားတွေကိုပါ ခြောက်သွေ့စေပါတယ်။

ခံတွင်းခြောက်တော့ တံထွေးမထွက်၊ တံထွေး မထွက်တော့ ပါးစပ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ မဖြစ်နိုင်ဘဲ ခံတွင်း အနံ့ဆိုးစေပြီး နှာခေါင်းထဲမှာပါ အနံ့ဆိုး ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာက သွားနဲ့ သွားဖုံးတွေကို ပျက်စီးစေနိုင်သလို သွားပျက်စီးတာ သွားဖုံးရောင်တာတွေကို လည်း ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ဆေးလိပ်တွေကို အမြဲလိုလို သောက်နေတာက ခံတွင်းနံ့ဆိုးစေနိုင်သလို နှာခေါင်းထဲမှာ အနံ့ဆိုးဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်း မကောင်းတာ

အက်ဆစ်ရည် ပြန်ဆန်တက်တာလိုမျိုး အစာအိမ်အူလမ်းကြောင်း ပြဿနာတွေက ခံတွင်းနံ့ ဆိုးစေနိုင်သလို နှာခေါင်းထဲမှာလည်း အနံ့ဆိုး ဖြစ်စေနိုင်ပါတယ်။

မရှိတဲ့ အနံ့တွေ ရနေတာ

ဒါကို Phantosmiaလို့ ခေါ်ပါတယ်။ အပြင်မှာ တကယ်မရှိတဲ့ အနံ့တွေကို ရနေတာမျိုးပေါ့။ ဥပမာ အပြင်မှာ ဘာမှမရှိဘဲ ညှော်နံ့တွေ၊ အပုပ်နံ့‌တွေ ရတယ်လို့ ပြောတတ်ကြပါတယ်။ အအေးမိဖျားနာ၊ ထိပ်ကပ်နာကနေ ပြန်ကောင်းစအချိန်တွေမှာ ဖြစ်တတ်သလို ခေါင်းတစ်ခြမ်းကိုက် မိုက်ဂရင်းရောဂါ၊ အတက်ရောဂါ၊ ဦးခေါင်းထိခိုက်ထားတာ၊ အယ်ဇိုင်းမား၊ ပါကင်ဆန်လိုမျိုး ဦးနှောက်နဲ့ အာရုံကြောရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။

ဒါတွေအပြင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ ဆီးချိုရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေ ခံစားနေရမယ်ဆိုရင်လည်း ခံတွင်း အနံ့ဆိုး ဖြစ်တာ၊ နှာခေါင်းထဲမှာ အနံ့ဆိုး ဖြစ်တာမျိုး ခံစားရစေနိုင်ပါတယ်။

အမှာစကား

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာက ပုံမှန်အားဖြင့်တော့ အသက်အန္တရာယ် မရှိနိုင်ဘူး ဆိုပေမယ့် အရမ်းကို ပြင်းထန်လာမယ်။ နာတာရှည် ဖြစ်လာမယ်ဆိုရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ဆေးဝါးကုသမှုကို ခံယူဖို့ လိုပါမယ်။

# ဒါတွေများ မှားသိထားသေးလား!

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Halitosis or bad breath https://www.betterhealth.vic.gov.au/health/conditionsandtreatments/halitosis-or-bad-breath Accessed Date 12 September 2023

Bad Breath (Halitosis) https://my.clevelandclinic.org/health/symptoms/17771-bad-breath-halitosis Accessed Date 12 September 2023

Smell and Taste Disorders in Primary Care https://www.aafp.org/pubs/afp/issues/2013/1215/p852.html Accessed Date 12 September 2023

Halitosis (Bad Breath) https://www.hopkinsmedicine.org/health/conditions-and-diseases/halitosis-bad-breath Accessed Date 12 September 2023

Smell disorders https://www.nidcd.nih.gov/health/smell-disorders#3 Accessed Date 12 September 2023

ယခုပုံစံ

21/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement