နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

နှာခေါင်းပြဿနာများ

နှာခေါင်း အကြောင်း သောင်းပြောင်းထွေလာ စိတ်ဝင်စားစရာ

နှာခေါင်း ဆိုတာ အသက်ရှူဖို့ သက်သက်ပဲ မဟုတ်ပါဘူးနော်။ ဒါဆို အလှအပ အတွက်လား။ နှာခေါင်း၊  နှာတံ အစိတ်အပိုင်းတွေဟာ သွင်ပြင်ပုံသဏ္ဍာန်အတွက် အရေးပါသလို အောက်ဆီဂျင်ရရှိဖို့၊ ရောဂါပိုးတွေ ကာကွယ်ဖို့၊ အနံ့ခံနိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေ အများကြီးကို တာဝန်ယူထားပါတယ်။ အခု ဒီနှာခေါင်းနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းလေးတွေကို ပြောပြချင်ပါတယ်။ ဒါတွေ သင်သိပါသလား - (၁) နှာခေါင်း ပုံစံ အမျိုးအစား အနည်းဆုံး ၁၄ မျိုး ရှိတယ် လူ့နှာခေါင်းပုံစံတွေက ၁၄ မျိုး အနည်းဆုံး ရှိတယ်လို့ Journal of Craniofacial Surgery မှာ ဖော်ပြခဲ့တဲ့ သုတေသနစစ်တမ်း က ဆိုပါတယ်။ ဒါပေမယ့် ပညာရှင်အတော်များများကတော့ ဒီဖော်ပြချက်က နှာခေါင်းပုံစံ အမျိုးအစား အားလုံးကို အကုန်မပါလောက်ဘူးလို့ […]


နား၊ နှာခေါင်း၊ လည်ချောင်း

နား သွေးခြည်ဥခြင်း

တချို့သော အားကစားသမားတွေ၊ လက်ဝှေ့ထိုးတဲ့ သူတွေရဲ့ နား ကို သတိထားကြည့်ဖူးပါသလား။ ထူပိန်းပိန်းလေးနဲ့ နည်းနည်းလေး ပုံပျက်နေတယ်လေ။ ဒါအရင်က နားကို ထိခိုက်ဒဏ်ရာ ရဖူးလို့ ဒဏ်ဖြစ်သွားတာပါ။ ဆေးပညာ အရ Haematoma auris လို့ ခေါ်ပါတယ်။ နားက ပန်းဂေါ်ဖီပွင့်လို ကားထွက်နေလို့ Cauliflower ear လို့လည်း ခေါ်ပါတယ်။ အသက်အန္တရာယ်တော့ မရှိပေမယ့် သေချာမကုရင် ခဏခဏပြန်ဖြစ်တာ၊ အရှင်း မပျောက်တာ ဖြစ်တတ်ပါတယ်။ ဒီတော့ နားက ပုံပျက်နေတာပေါ့။ ဒါက ဘာကြောင့် ဖြစ်ရတာလဲ။ မတော်တဆများ ကိုယ်ကြုံခဲ့ရင် ဘာလုပ်နိုင်လဲဆိုတာကို ပြောပြပေးပါ့မယ်။ ဘာကြောင့် နား သွေးခြည်ဥရတာလဲ။ အဓိက အကြောင်းရင်းကတော့ နားကို တစ်ခုခုနဲ့ ရိုက်မိ ခိုက်မိလို့ပါပဲ။ အထူးသဖြင့် ထပ်ခါထပ်ခါ ထိခိုက်မိရင် […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတာ အမြန်သက်သာဖို့ ငုံဆေးသကြားလုံးကို သတိရပါ

လည်ချောင်းနာတယ်ဆိုတာ ရာသီဥတု၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရမ်းကြီးစိုးရိမ်စရာမဟုတ်ဘူးဆိုပေမဲ့ ဝေဒနာခံစားရတဲ့သူအတွက်တော့ တော်တော်လေးကို စိတ်ကသိကအောက်နိုင်စရာကိစ္စပါပဲ။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ လည်ချောင်းနာနေပါစေ၊ ဒီဝေဒနာကို အမြန်ဆုံးသက်သာသွားစေနိုင်မယ့် နည်းလမ်းကတော့ ငုံဆေးသကြားလုံးပါပဲ။ ငုံဆေးသကြားလုံးဆိုလို့ ပုံမှန်အချိုကဲတဲ့ ချောင်းဆိုးစေလောက်တဲ့ သကြားလုံးတော့ မဟုတ်ပါဘူးနော်။ အရသာအမျိုးမျိုးနဲ့ ကိုယ့်ရဲ့လည်ချောင်းမှာ နီရဲရောင်ရမ်းနေတာကို အရောင်ကျသွားစေတယ်။ လည်ချောင်းထဲမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကိုလည်း ပျော်ကျစေတယ်။ ဘက်တီးရီးယားပိုးတွေကို ရှင်းပေးလို့ ခံတွင်းအနံ့ဆိုးဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်ထပ်အားသာချက်ကတော့ တခြားအိမ်တွင်းနည်းလမ်းတွေလိုမဟုတ်ဘဲ ဘယ်သွားသွား ငုံဆေးသကြားလုံးထုပ်လေး ဆောင်ထားလို့ရပြီး လည်ချောင်းနာတာနဲ့ သောက်လိုက်ရုံပဲဆိုတော့ အလုပ်လည်း မရှုပ်တော့ဘူးပေါ့။ ငုံဆေးသကြားလုံးမှာ ဘယ်လိုအရသာတွေ ရှိလဲ။ များသောအားဖြင့် လူတိုင်းကြိုက်နှစ်သက်ပြီး ခံတွင်းအေးစေလောက်မယ့် အရသာမျိုးနဲ့သာ ငုံဆေးသကြားလုံးကို ထုတ်လုပ်တတ်ကြပါတယ်။ ဒီအရသာတွေထဲမှာ ဘာတွေပါတတ်လဲဆိုရင် ၁။ ယူကလစ်ဆီ (Eucalyptus Oil) လည်ချောင်းနာတဲ့ အချိန်တွေတင်မကဘဲ ချောင်းဆိုးတာ၊ […]


နားပြဿနာများ

အကြားအာရုံ ကျန်းမာစေမယ့် သဘာဝဓာတ်စာများ

အကြားအာရုံဆိုတာ အာရုံ ၅ ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပြီးတော့ လူတိုင်းအတွက် အစားထိုးဖို့ခက်ခဲတဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ ဒီနားအကြားအာရုံ ထိခိုက်မိပြီဆိုရင် အလုံးစုံပြန်လည်ကောင်းမွန်လာအောင် ကုသဖို့ ခက်ခဲပါတယ်။ လူအချင်းချင်း ဆက်သွယ်ကြရာမှာ နားနဲ့ အကြားအာရုံဟာ အဓိကအကျဆုံး ကြားခံအရာတစ်ခုဖြစ်ပေမယ့် တခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလောက်တော့ ဂရုစိုက်ခြင်း ခံရလေ့မရှိပါဘူး။ အကြားအာရုံ ဆုံးရှုံးသွားသူတွေအနေနဲ့ မူလအတိုင်း ပြန်လည်ကောင်းမွန်လာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီလိုတန်ဖိုးရှိလှတဲ့ နားအကြားစွမ်းရည်ကို ဂရုတစိုက် ထိမ်းသိမ်းဖို့ လိုအပ်သလို အစဉ်အမြဲ ကျန်းမာအောင် စောင့်ရှောက်ပေးနေဖို့လည်း အရေးကြီးပါတယ်။ ခုဆောင်းပါးမှာတော့ လူတစ်ဦးချင်းစီရဲ့ နားအကြားအာရုံကို ပိုမိုကျန်းမာစေပြီး ရေရှည် ကောင်းမွန်နေအောင် ပံ့ပိုးပေးနိုင်မယ့် အာဟာရဓာတ်တွေနဲ့ အစားအစာတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သဘာဝတရားကြီးဟာ လူ့ခန္တာကိုယ်က အစိတ်အပိုင်းတွေတိုင်းကို ပံ့ပိုးပေးနိုင်တဲ့ အာဟာရဓာတ်တွေကို သဘာဝထွက်ကုန်တွေထဲမှာ ဖြည့်ဆည်းပေးထားပြီးသားပါ။ အဲ့ဒီ လိုအပ်တဲ့ အာဟာရဓာတ်တွေကို နည်းမှန်လမ်းမှန်နဲ့ သုံးစွဲဖြည့်ဆည်းပေးဖို့သာ […]


နှာခေါင်းပြဿနာများ

ထိပ်ကပ်နာ

နှာခေါင်းရဲ့တစ်ဖက်တစ်ချက်ဆီမှာရှိတဲ့ မျက်နှာအရိုးလေးတွေကြားမှာ နေရာလွတ်လေးတွေ ရှိပါတယ်။ ဒါကို Sinusလို့ခေါ်ပါတယ်။ သူကပုံမှန်တော့ လေနဲ့ပြည့်နေတာပါ။  ဒီနေရာလေးတွေပိတ်ပြီး အရည်လေးတွေစုလာရင် ပိုးဝင်လာနိုင်ပါတယ်။ ဒီကနေမှတစ်ဆင့် Sinusနဲ့ အနားသားလေးတွေ ရောင်ရမ်းတာဖြစ်လာတဲ့အခါ Sinisitis (ထိပ်ကပ်နာ)ဆိုတာဖြစ်လာတာပါ။ ထိပ်ကပ်နာဖြစ်လာခဲ့ရင် လူနာအနေနဲ့လည်း ခံရခက်သလို တစ်ခါတစ်လေနှာခေါင်းက အနံ့ဆိုးထွက်တာကြောင့် လူကြားထဲ သွားလာရခက်နိုင်ပါတယ်။ ဒါကြောင့် ထိပ်ကပ်နာပတ်သတ်ပြီးဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုတွေခံစားရမှာလဲ။ ကုသနည်းတွေကို ဆက်လက်လေ့လာကြည့်ရအောင်။ ထိပ်ကပ်နာ ဘာကြောင့်ဖြစ်တာလဲ ထိပ်ကပ်နာ ဖြစ်ရတဲ့အကြောင်းရင်းကတော့ အများကြီးပါပဲ။ ဒါပေမယ့် နောက်ခံအကြောင်းရင်းကို ပြန်ကြည့်ရင် sinusထဲမှာ အရည်တွေပိတ်နေလို့ ပိုးဝင်တာပါပဲ။ ဘာပိုးတွေလည်းဆိုတော့ ဗိုင်းရပ်စ် : ထိပ်ကပ်နာရဲ့ ၉၀ရာခိုင်နှုန်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဘက်တီးရီးယား : ထိပ်ကပ်နာ၁၀ယောက်ဖြစ်ရင် ၁ယောက်က ဘက်တီးရီးယားကြောင့်ပါ။ လေထုအညစ်အကြေးတွေ : လေထုထဲမှာရှိတဲ့ အမှုန်အမွှားတွေကြောင့်လည်း sinusထဲမှာ အချွဲတွေစုနိုင်ပါတယ်။ […]


နားပြဿနာများ

ပုန်းကွယ်နေတဲ့ ရောဂါဆိုး Hidden Hearing Loss

Hidden Hearing Loss (မသိမသာ အကြားအာရုံ ဆုံးရှုံးခြင်း) ဟာ ရှုပ်ထွေးပြီး ဆန်းကျယ်တဲ့ အကြားအာရုံချို့ယွင်းမှု ရောဂါတစ်မျိုးဖြစ်ပါတယ်။ သာမန် အကြားအာရုံချို့ယွင်းမှု ရှာဖွေစစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ စမ်းသပ်စစ်ဆေးချိန်တွေမှာ ရှာဖွေတွေ့ရှိဖို့ မလွယ်ကူနိုင်ပါဘူး။ ဒီရောဂါကို လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက အကြားအာရုံအထူးကုဆရာဝန်တွေက သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ တစ်ချို့လူနာတွေဟာ Audiogram လို့ခေါ်တဲ့ ပုံမှန်အကြားအာရုံစစ်ဆေးမှုတွေမှာ ရောဂါလက္ခဏာမပြခဲ့ပဲ သီးသန့်ကြိမ်နှုန်းတွေနဲ့ စမ်းသပ်မှုပြုလုပ်ကြည့်မှသာ အနိမ့်သံတွေကို နားထောင်ရ ခက်ခဲနေကြကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ တချို့လူတွေဟာ သူတို့အနေနဲ့ အကြားအာရုံဆိုင်ရာ ပြဿနာရှိနေတယ်လို့ ခံစားမိနေပေမယ့် စမ်းသပ်စစ်ဆေးမှုတွေမှာ ပုံမှန်ရလဒ်တွေသာ ပြသနေတတ်တာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုပြဿနာမျိုးတွေ များပြားလာချိန်မှာ နည်းလမ်းတကျ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်လာခဲ့ပြီး Hidden Hearing Loss အကြောင်းကို သိရှိလာရတာဖြစ်ပါတယ်။ Hidden Hearing Loss အကြားအာရုံချို့ယွင်းနေတဲ့ […]


နားပြဿနာများ

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။

မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။ အိုးထိန်းစက်ထဲထည့်လှည့်သလို ဘယ်နေရာကိုကြည့်ကြည့် ချာချာလည်နေပြီလား။ ဒါကို ချာချာလည်အောင် မူးတယ်။ ဆေးပညာအရ vertigo (ဗာတိုင်ဂို)လို့ခေါ်ပါတယ်။ ဒါကဘာကြောင့်ဖြစ်ရတာလဲ။ အသက်အန္တရာယ်ရှိလား။ ကုလို့ရပါ့မလားဆိုတာ ဆက်ဆွေးနွေးပေးပါမယ်။ မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။ ဘာလို့ဒီလိုမူးတာလဲ။ ဒီအကြောင်းကို မပြောခင် အရင်ဆုံး ခန္ဓာကိုယ်ရဲ့ ဟန်ချက် အကြောင်း ပြောပြပါမယ်။ နားအတွင်းပိုင်းမှာ ခရုခွေလေးတွေ ရှိပြီး အဲ့ထဲမှာ အရည်လေးတွေ ရှိပါတယ်။ ဒါကို labyrinthလို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားတဲ့ အခါ မမူးအောင်၊ ဟန်ချက် မပျက်အောင်လို့ သူက ဦးနှောက်ကို သတင်းပို့ပြီး ချိတ်ဆက်ပေးပါတယ်။ ဒါက ပုံမှန်ပါ။ ဒါကြောင့် နားအတွင်းပိုင်းမှာ ပြဿနာ တစ်ခုခုရှိရင် ဒီစနစ်ပျက်ပြီး ဟန်ချက် မထိန်းနိုင်ဘဲ မူးလာပါတယ်။ အဖြစ်များတဲ့ ရောဂါတွေကတော့ (၁)BPPV […]


နားပြဿနာများ

နားကြပ်လည်း သုံးမယ်၊ အကြားအာရုံလည်း မထိခိုက်ချင်ဘူးဆိုရင်

ဒီကနေ့ခေတ်မှာ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေကို လူတိုင်းနီးပါး ပိုင်ဆိုင်ထားကြပါတယ်။ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ဖုန်းပြောတာနဲ့ ဂိမ်းဆော့တဲ့အချိန်တွေမှာ အဆိုပါ ပစ္စည်းတွေကို အချိန်အတော်ကြာအောင် အသုံးပြုကြလေ့လည်းရှိပါတယ်။ တကယ်တော့ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေဟာ သင့်ရဲ့ အကြားအာရုံကို ဆိုးဆိုးရွားရွား ချို့ယွင်းသွားလောက်တဲ့အထိ အန္တရာယ် ပေးနိုင်ပါတယ်။ တကယ်ကို ဂရုတစိုက် အသုံးပြုသင့်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ နားရဲ့အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်လေးတွေဟာ အရမ်းကို နူးညံ့ပြီး ထိခိုက်လွယ်ကြပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ဆဲလ်လေးတွေဟာ ထိခိုက်ပျက်ဆီးသွားပြီဆိုရင် ပြန်လည်ကောင်းမွန်လာခြင်းမရှိတော့ပဲ လုံးဝပျက်စီးသွားတတ်တယ်လို့ ဆိုပါတယ်။ ဒီကနေ့ကမ္ဘာပေါ်မှာ အကြားအာရုံချို့ယွင်းတဲ့ လူငယ်အရေအတွက် တိုးပွားလာနေပြီး ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ဝန်းကျင်ကနဲ့ နှိုင်းစာရင် ၃ ပုံ တစ်ပုံလောက် တိုးပွားလာတာဖြစ်တယ်လို့ Journal of […]


နားပြဿနာများ

နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား

နားကြပ်တံလေးတွေ တချို့တွေ အိတ်ထဲ ဆောင်ထားကြတာ တွေ့ဖူးပါတယ်။ နားသန့်ရှင်းရေး အဖြစ်နဲ့ မကြာခဏ သုံးတတ်ကြတယ်ပေါ့။ နားဖာကလော်လေးတွေ သော့ချိတ်မှာ ချိတ်ထားတာက ရှိသေးတယ်။ ဒီပစ္စည်းတွေနဲ့ မကြာမကြာ နားဖာချေး သန့်ရှင်းရေး မလုပ်ပေးရင်ဘဲ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိသူလိုလို ဆက်ဆံခံရတတ်တာ သေချာတာပေါ့။ တကယ်ပဲ နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား ဆိုတော့ ဒီလို အယူအဆမျိုးကို ဆေးပညာ ကတော့ နိုးပါ တဲ့။ နား အတွင်းပိုင်းဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်း ရှိသလို ထူးထူးခြားခြား သန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများ လုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေးကတော့ နားဖာချေးတွေကို […]


နှာခေါင်းပြဿနာများ

ထိပ်ကပ်နာအကြောင်း သိသင့်သမျှ

ထိပ်ကပ်နာအကြောင်း သိသင့်သမျှ လေးတွေကို ပြောပြပေးသွားဖို့ ရှိပါတယ်။ ထိပ်ကပ်နာအကြောင်း သိသင့်သမျှ ထိပ်ကပ်နာအကြောင်း သိသင့်သမျှ တွေကတော့ ထိပ်ကပ်နာ ဆိုတာဘာလဲ ထိပ်ကပ်နာဆိုတာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုပိုးတို့ကြောင့်ဖြစ်လာတဲ့ ဆိုင်းနပ်စ်ရောင်ရမ်းမှုဖြစ်ပါတယ်။ ဓာတ်မတည့်မှုများ၊ နှာခေါင်းအသားပို၊ သွားနှင့်ခံတွင်းပိုးဝင်ခြင်း၊ နှာရိုးအကန့်စောင်းနေခြင်းတို့ကလည်း ထိပ်ကပ်နာဖြစ်စေနိုင်ပါတယ်။ ထိပ်ကပ်နာကို ရောဂါလက္ခဏာကာမြင့်ချိန်ပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ် - Acute sinusitis (ရက်တိုအတွင်းဖြစ်တတ်တဲ့ထိပ်ကပ်နာ) က အများဆုံး ၄ပတ်အထိသာ ဖြစ်နိုင်ပြီး အအေးမိတာ၊ ဓာတ်မတည့်တာတွေနဲ့ရောပြီးဖြစ်တတ်ပါတယ်။ Subacute sinusitis (ရက်ရှည်ထိပ်ကပ်နာ)က ၄ ပတ်ကနေ ၁၂ ပတ်အထိကြာနိုင်ပါတယ်။ Acute sinusitis နဲ့လက္ခဏာချင်းဆင်တူပေမယ့် ရောဂါအရှိန်တော့ပျော့ပါတယ်။ Chronic sinus infections (နာတာရှည် ဆိုင်းနပ်စ်ပိုးဝင်ခြင်း)ကတော့ ရောဂါပိုးဝင်ခြင်း၊ နှာခေါင်းအသားပိုနဲ့ နှာခေါင်းအကန့်စောင်းနေတာ တို့ကြောင့်ဖြစ်လာတာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အနည်းဆုံး ၁၂ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်