backup og meta

အာသီးကျောက်တည်တယ် ဆိုတာ ဘာလဲ.......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာသီးကျောက်တည်တယ် ဆိုတာ ဘာလဲ.......
    သွားတိုက်ရင်းဖြစ်ဖြစ် ချွဲခပ်ထုတ်ရင်း ဖြစ်ဖြစ် အာခေါင်နောက်ဖက်ကနေ ထွက်လာတတ်တဲ့ အဖြူရောင်အခဲလေးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီအခဲလေးတွေက သေးသေးလေးတွေ ဆိုပေမယ့် အနံ့အရမ်းဆိုးပါတယ်။ ဒါလေးတွေက ဘာတွေလဲ။ ဘာကြောင့် ဖြစ်ရတာလဲ။ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    အာသီးကျောက်တည်တယ် ဆိုတာ က အပေါ်မှာ ပြောခဲ့သလို အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အခဲလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ အကြောင်းကတော့ ဒါတွေက အာသီးလေးမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။

    အာသီးက လည်ချောင်းနောက်ဘက်မှာ ရှိတဲ့ ဂလင်းလိုမျိုး အစိတ်အပိုင်းလေးတွေပါ။ လည်ပင်း တစ်ဖက်တစ်ချက်စီမှာ ရှိပါတယ်။  အာသီးတွေကို ပြန်ရည်ကျိတ်တွေ၊ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီဆဲလ်တွေက ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ခုခံမှုတွေ လုပ်ဆောင်ပေးပါတယ်။

    ဒါပေမယ့် အာသီးလေးတွေက အမြဲလိုလိုတော့ သူတို့ရဲ့ တာဝန်တွေကို အကောင်းမွန်ဆုံး မလုပ်ဆောင်နိုင်ပါဘူး။ အချို့သူတွေမှာတော့ အာသီးတွေက ကူညီမပေးဘဲ ထိခိုက်စေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်လည်း အာသီးတွေကို ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်မှုကနေ ကာကွယ်ဖို့အတွက် အာသီးတွေကို ဖယ်ထုတ်ထားတာမျိုးတွေ လုပ်ဆောင်ထားကြပါ။

    ဘာကြောင့် အာသီးကျောက်တည်တာ ဖြစ်ရတာလဲ…….

    အာသီးလေးတွေက တွင်းလို အပေါက်လိုလေးတွေဖြစ်ပြီး အဲ့အပေါက်လေးတွေထဲမှာ ဆဲလ်သေတွေ၊ ချွဲတွေအပါအဝင် ဘက်တီးရီးယားတွေနဲ့ အခြားသောအရာတွေက ပြည့်နှက်နေတာပါ။ ဒီလို အစားအစာအကြွင်းအကျန်တွေ၊ အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေက အာသီးထဲမှာရှိတဲ့ အပေါက်လေးတွေထဲမှာစုပြီး အာသီးကျောက်တွေ ဖြစ်လာတာပါ။ခံတွင်းသန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး အာသီးကျောက်တွေ ဖြစ်လာနိုင်ပါတယ်။ အာသီးကျောက်တွေ က တဖြည်းဖြည်း မာလာတဲ့အခါ ရေရှည်မှာ အာသီးရောင်တာ၊ ခဏခဏ အာသီးရောင်တာတွေကို ခံစားလာရနိုင်ပါတယ်။

    အာသီးကျောက် ရှိနေရင် ဘယ်လို လက္ခဏာတွေ ရှိလဲ……..

    အာသီးကျောက်တွေ ဆိုတဲ့နေရာမှာ ခပ်သေးသေးဆိုရင် လက္ခဏာရယ်လို့ တိတိကျကျ မသိရပေမယ့် အရမ်းကြီးလာပြီဆိုရင်တော့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

  • ခံတွင်းနံ့ဆိုးမယ် 
  • အာသီးကျောက်တွေ ရဲ့ အမြင်သာဆုံး လက္ခဏာတစ်ခုကတော့ ခံတွင်းနံ့ဆိုးတာပါ။ ခံတွင်းနံ့ အတော်လေးဆိုးတာက အာသီးကျောက်တွေ ရှိနေတာပါ။ ဒီလို ရှိနေတာနဲ့အတူ အာသီးမှာ ပိုးဝင်နေတာပါ။

    အာသီးကျောက်တွေက မာလာမယ် အရမ်းများလာမယ်ဆိုရင် လည်ချောင်းနာတာကို ခံစားရနိုင်ပါတယ်။ အာသီးကျောက်တွေ ရှိနေတာက လည်ချောင်းကို သက်သောင့်သက်သာ မဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

    အာသီးကျောက်တွေက လည်ချောင်းမှာ ကသိကအောင့် ဖြစ်စေတာကြောင့် ချောင်းဆိုးတာမျိုး ခံစားရနိုင်ပါတယ်။

  • အဖြူရောင် အဖတ်လေးတွေ ထွက်မယ်
  • အဖြူရောင် အခဲလေးတွေ ထွက်တာကလည်း အာသီးကျောက်တွေ ရှိနေတယ်ဆိုတဲ့ လက္ခဏာ တစ်ရပ်ပါ။

    အာသီးကျောက်တွေ ရှိနေတဲ့နေရာ၊ အရွယ်အစားတွေကို လိုက်ပြီးဖြစ်ဖြစ် အာသီးကျောက်တွေ က မာနေရင်ဖြစ်ဖြစ် လည်ချောင်းထဲမှာ အစာ မျိုချရခက်တာမျိုး ခံစားရနိုင်ပါတယ်။

  • နားနာမယ်
  • အာသီးကျောက်တွေက ဘယ်နေရာမှာ မဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာရုံကြောလမ်းကြောင်းပေါ်မှာ ဖြစ်မယ်ဆိုရင်တော့ နားနာတာမျိုး ခံစားရနိုင်ပါတယ်။

    အာသီးကျောက်တွေ များလာတာက ရောင်ရမ်းတာ၊ ပိုးဝင်တာတွေ ဖြစ်ပြီး အာသီးရောင်တာကို ခံစားရစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement