backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အအေးမိလို့ နှာမွှန်တာကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အအေးမိလို့ နှာမွှန်တာကို သက်သာစေဖို့

နှာမွှန်တာက ပြောတော့သာ ဘာမှမဟုတ်သလိုပါ။ တကယ်ကတော့ အတော်လေး ခံစားရခက်ပါတယ်။ နှာမွှန်တာက မြန်မြန် သက်သာအောင် လုပ်ဖို့ လိုမယ့် ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ နှာမွှန်တာကို တာရှည်မွေးထားတာက ရေရှည်မှာ ထိပ်ကပ်နာ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် နှာမွှန်တာကြောင့် စိတ်ညစ်မခံဘဲ မြန်မြန်သက်သာအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားမှာမို့ အတူတူ ကြည့်လိုက်ရအောင်လား ………

နှာမွှန်တယ်ဆိုတာ

နှာမွှန်တယ်ဆိုတာက နှာခေါင်းထဲမှာ ချွဲတွေ ပိတ်ဆို့နေသလို ခံစားရပြီး နှာရည်ကျတာနှာခဏခဏ ချေတာကို ခံစားရတာမျိုးပါ။ အကြောင်းကတော့ နှာခေါင်းအတွင်းမှာရှိတဲ့ သွေးကြောတွေ ရောင်ရမ်းတာကြောင့် နှာခေါင်းက အသက်ရှူလို့ မကောင်းဘဲ နှာခေါင်းပိတ်သလို ခံစားရတာပါ။

ဘာကြောင့် နှာမွှန်ရတာလဲ။

နှာမွှန်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။

အအေးမိလို့ နှာမွှန်တာကို သက်သာစေဖို့

အအေးမိလို့ နှာမွှန်တာကို သက်သာစေဖို့

အအေးမိလို့ နှာမွှန်တာကိုသက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

အစိုဓာတ်ထိန်းစက် ဖွင့်ထားပါ။

အိမ်ထဲမှာဖြစ်ဖြစ် ရုံးခန်းမှာ ဖြစ်ဖြစ်၊ နေထိုင်ရာ အခန်းထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်ထားတာက နှာစေးနှာမွှန်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။ လေထုထဲမှာ အစိုဓာတ် ရှိတာက နှာခေါင်းထဲက တစ်ရှူးတွေကို သက်သောင့်သက်သာ ဖြစ်စေပြီး Sinus ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ချွဲတွေကို လျော့ပါးစေနိုင်ပါတယ်။

သတိထားရမှာ တစ်ခုက အစိုထိန်းစက်ကို မဖွင့်ခင်မှာ ရေကို ပုံမှန် လဲပေးပါ။

ရေနွေးနဲ့ ရေချိုးပါ။

နှာပိတ်တဲ့အခါ ရေနွေးနဲ့ ချိုးပါ။ ရေခပ်နွေးနွေးလေးနဲ့ ချိုးတာက နှာစေးနှာပိတ်တာကို သက်သာစေနိုင်ပြီး နှာမွှန်တာကိုလည်း သက်သာစေပါတယ်။

နောက်ထပ်လုပ်လို့ရတာ တစ်ခုကတော့ အဝကျယ် ဇလုံထဲမှာ ရေနွေးနွေးကို ထည့်ပြီး ရေနွေးငွေ့ရှူပေးတာကလည်း နှာခေါင်းပိတ်တာနဲ့ နှာမွှန်တာကို သက်သာစေနိုင်မယ့် နည်းလမ်းတစ်ရပ်ပါ။

ရေနွေးဝတ် ကပ်ပါ

ရေနွေးနွေးကို တဘက်စလေးမှာ ဆွတ်ပေးပြီး နှာခေါင်းပေါ်မှာ အုပ်ပေးတာကလည်း နှာမွှန်တာကို သက်သာစေနိုင်ပါတယ်။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ နှာခေါင်းကို ရေနွေးအိတ် ကပ်ပေးတာပါ။ အရမ်းပူတဲ့အထိ မကပ်ဘဲ ခပ်နွေးနွေး အနေအထားမှာ ထပ်ပေးတာက အကောင်းဆုံးပါ။

ရေများများသောက်ပါ

ရေအပါအဝင် အယ်လ်ကိုဟောမပါဝင်တဲ့ သောက်စရာတွေကို သောက်ပေးတာက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်စေပြီး နှာခေါင်းထဲက ချွဲတွေကို ပျော်စေနိုင်သလို နှာမွှန်တာ၊ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။

ရေနွေးနွေးလေး သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေခဲရေ မဟုတ်တဲ့ ရိုးရိုးရေသောက်တာ၊ သစ်သီးဖျော်ရည်တွေ သောက်တာမျိုးလည်း သောက်ပေးလို့ ရပါတယ်။

ခေါင်းအုံး မြင့်မြင့် အုံးပါ

နှာခေါင်းပိတ်တာ၊ နှာမွှန်တာကိုသက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက အိပ်တဲ့အခါ ခေါင်းအုံး မြင့်မြင့်အုံးပေးတာပါ။ ဒီလို အုံးပေးတာက နှာခေါင်းထဲက ချွဲတွေကို အနောက်ကို စီးကျစေတာကြောင့် အိပ်မရတာကို သက်သာစေနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ

နှာမွှန်တာကို သက်သာစေမယ့် နည်းလမ်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာ ပြင်းပြင်းထန်ထန် မဟုတ်ရင်တောင် လမ်းလျှောက်တာ၊ ခပ်ရွရွလေး ပြေးတာမျိုးပါ။ ယောဂလိုမျိုး လေ့ကျင့်ခန်းတွေလည်း လုပ်ပေးလို့ ရပါတယ်။

ကဲ ….. နှာမွှန်တာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement