ဒီလို လုပ်ပေးမှ နားရေဝင်တာကြောင့် ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နားကို အတွင်းပိုင်းထဲမှာ သန့်ရှင်းခြောက်သွေ့နေအောင် ထားပေးပါ။
နားဖာချေးတွေက နားထဲကို ပိုးမဝင်အောင် ကာကွယ်ပေးတယ်ဆိုပေမယ့် နားဖာချေးတွေ အရမ်းများလွန်းရင် မကောင်းသလို အရမ်းနည်းလွန်းရင်လည်း မကောင်းပါဘူး။ နားထဲမှာ နားဖာချေးတွေ ဖယ်ရှားထားတာက ရေဝပ်နိုင်ခြေ နည်းစေပြီး နားထိခိုက်မှု နည်းစေမှာပါ။
ဒါကြောင့် နည်းမှန်လမ်းမှန်နဲ့ နားဖာချေးတွေကို ဖယ်ရှားတာကလည်း နားထဲရေဝင်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။ နားထဲမှာ နားဖာချေးနဲ့ ရေပေါင်းမိတာက နားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ နားအတွင်းထဲကို နားကျပ်တံနဲ့ အတင်းထိုးတာကို ရှောင်ပြီး အပေါက်ဝလေးတင် သန့်စင်ပေးပါ။
နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေထဲက အကောင်းဆုံး နည်းလမ်းတစ်ရပ်က နားထဲကို ရေမဝင်အောင် ကာကွယ်တာပါပဲ။
ရေကူးတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ရေကစားတာ၊ ခေါင်းလျှော်တာတွေ လုပ်တော့မယ်ဆိုရင် နားကို ရေမဝင်အောင် ဆို့လို့ ရတဲ့ အဆို့လေး တပ်ပေးပါ။ အဆို့လေး မရှိဘူးဆိုရင် ဂွမ်းလုံးလေးနဲ့ ဖြစ်ဖြစ် ဆို့ထားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။