backup og meta

ရှူသောလေတိုင်း ရောဂါပိုး ကင်းစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 10/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရှူသောလေတိုင်း ရောဂါပိုး ကင်းစေဖို့

    ရှင်သန်ဖို့အတွက် ရေ၊ လေ၊ အစာအာဟာရတွေ ရရှိဖို့ လိုအပ်ပါမယ်။ ဒီလိုအပ်ချက်တိုင်းက ရေဆိုလည်း ရေဖြစ်ရင် ပြီးရော မရသလို လေဆိုလည်း ရှူလိုက်ပြီးတာပဲဆိုတာမျိုး မရပါဘူး။ အစာအာဟာရဆိုလည်း ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုပြန်ပါတယ်။ အခုလို ကိုဗစ်တွေ ဖြစ်နေတဲ့ ကာလမှာဆို အသက်ရှူစနစ်ရဲ့ အစဆုံး အစိတ်အပိုင်းဖြစ်တဲ့ နှာခေါင်း ထဲမှာ ရောဂါပိုးတွေ ကင်းနေဖို့က အတော်လေး အရေးကြီးပါတယ်။

    ရှူလိုက်တဲ့ လေထုမှာ ရောဂါပိုးတွေ ကင်းစင်မှ အဆုတ်လေး ကျန်းမာပြီး ရောဂါတွေ ကင်းမှာပါ။ ဒီတော့ ရှင်သန်ဖို့အတွက် အရေးပါတဲ့ လေကို ရှူသွင်းလိုက်တိုင်းမှာ ရောဂါပိုး ကင်းနေစေဖို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ရှင်းလင်းဖို့ထက် အရေးတကြီး ရှင်းလင်းဖို့လိုမယ့် အရာလေးတစ်ခု ရှိပါတယ်။

    ဒါကတော့ ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ကို အဓိက ရယူထောက်ပံ့ပေးနေတဲ့ နှာခေါင်းလေးပါ။ နှာခေါင်းလေးထဲမှာ ရောဂါပိုးတွေ ကင်းစင်စေဖို့ ဘယ်လိုသန့်ရှင်းရေး လုပ်ပေးလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

    ရှူသောလေတိုင်း ရောဂါပိုး ကင်းစေဖို့

    ရှူသောလေတိုင်း ရောဂါပိုး ကင်းစေဖို့ ဆိုရင် ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့ပေးနေတဲ့ နှာခေါင်းလေး အတွင်းပိုင်းမှာ ရောဂါပိုးတွေ ရှိမနေစေဖို့အတွက် ပုံမှန်လေး သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါမယ်။

    ဒါမှ အသက်ရှူလမ်းကြောင်းစနစ် ကျန်းမာပြီး ခန္ဓာကိုယ်ကလည်း ကျန်းမာမှာပါ။ ဒီတော့ ရှူသောလေတိုင်း ရောဂါပိုးကင်းစေဖို့ ဒါလေးတွေကို လုပ်ဆောင် ကြရအောင်လား။

    နှာခေါင်းကို သန့်စင်တာက ကြားနေကျ မဟုတ်ပေမယ့် နှာခေါင်းကလည်း ပုံမှန် သန့်ရှင်းပေးဖို့ လိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပါ။ နှာခေါင်းတွင်းက အမွေးတွေ၊ ချွဲတွေက ရောဂါပိုးတွေ အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထဲ ရောက်ရှိမသွားအောင် ကာကွယ်ပေးတယ်ဆိုပေမယ့် သူတို့လေးတွေရဲ့ ရောဂါပိုး တားဆီးမှု လုပ်ငန်းစဉ်ကို ကိုယ်တွေကလည်း တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးဖို့ လိုပါမယ်။

    ဒီတော့ နှာခေါင်းကို ပုံမှန် သန့်စင်ပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။

    ရေသန့်သန့်ကို နှာခေါင်းထဲကို ရှူသွင်းပြီး ခပ်ပြင်းပြင်းလေး မှုတ်ထုတ်ပေးပါ။ ပြီးရင် နှပ်ညှစ်သလို ညှစ်ပေးပါ။ မျက်နှာသစ်တိုင်း လုပ်ဆောင်ပေးပါ။

    ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးနွေး တစ်ခွက်စာနဲ့ ရောပြီး ခပ်နွေးနွေး အနေအထားမှာ နှာခေါင်းထဲကို အစက်ချပေးပါ။ ပြီးရင် နှပ်ညှစ်ထုတ်ပါ။

    ဒီလိုလုပ်တာက ရောဂါပိုးတွေကို သေစေနိုင်သလို နှာခေါင်းပိတ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

  • ရေနွေးငွေ့ခံပေးပါ
  • ရေနွေးဆူဆူကို ဇလုံ အဝကျယ်ထဲကို ထည့်ပါ။ ပြီးရင် ခေါင်းပေါ်ကနေ တဘက်စ အုပ်လို့ ရှိုက်ရှူပေးပါ။ ဒီလို လုပ်ပေးတာက နှာခေါင်း ပိတ်တာကို သက်သာစေနိုင်သလို အသက်ရှူလမ်းကြောင်းကိုလည်း ရောဂါပိုး ကင်းစေမှာပါ။ ရေနွေးငွေ့မလောင်အောင်တော့ ဂရုစိုက်ပေးပါ။

    နှာခေါင်းထဲကို အစက်ချလို့ရတဲ့ နှာခေါင်းသန့်စင်ဆေးရည် အသုံးပြုတာကလည်း နှာခေါင်း အတွင်းပိုင်းကို သန့်စင်စေပြီး ရောဂါပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

    ကြက်သွန်နီကို ထက်ခြမ်းခြမ်း အခွံနွှာပြီး ကြက်သွန်နီကို ရေနွေးထဲ စိမ်လို့ အငွေ့ခံပေးတာ၊ ကြက်သွန်နီ သတ္တုရည်ကို အသုံးပြုတာကလည်း နှာခေါင်းထဲက ရောဂါပိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါက နှာခေါင်းကို သန့်စင်ပေးတယ်ဆိုတာထက် နှာပိတ်တာကို သက်သာစေတဲ့ အိမ်တွင်းနည်းလမ်းပါ။

    တစ်ခုရှိတာက ကြက်သွန်နီက မွှန်တဲ့အတွက် ခဏခဏ မလုပ်ဖို့တော့ လိုပါတယ်။ နှာခေါင်းပိတ်တဲ့အခါမျိုးမှာပဲ လုပ်ပေးဖို့ အကြံပြုလိုပါတယ်။

    ဒီလို သန့်စင်ပေးတာက နှာခေါင်းတွင်းက ဘက်တီးရီးယားတွေကိုတင် ဖယ်ရှားပေးတာမျိုး မဟုတ်ဘဲ နှာခေါင်းတွင်းထဲက ဖုန်မှုန့်တွေ အညစ်အကြေးတွေကို ဖယ်ရှားပေးသလို နှာခေါင်းအတွင်းသား အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ နှာခေါင်း ဓာတ်မတည့်မှု မဖြစ်စေဖို့လည်း ကာကွယ်ပေးမှာပါ။

    ကဲ …… ရှူသောလေတိုင်း ရောဂါပိုး ကင်းစေဖို့ အခုကစပြီး နှာခေါင်းကို ပုံမှန်လေး သန့်စင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement