အဓိပ္ပါယ်ဖွင့်ဆိုချက်
Encopresis (ဝမ်းပေကျံခြင်း) ကဘာလဲ။
Encopresis ဆိုသည်မှာ ကိုယ်တိုင်အိမ်သာသွားတတ်သည့်အရွယ် ကလေးငယ်များတွင် အောက်ခံဘောင်းဘီ၌ ဝမ်းများပေကျံခြင်းကိုဆိုလိုပါသည်။ ကလေးငယ်များ ဝမ်းကိုထိန်းတတ်သော်လည်း အသက် ၄ နှစ်အထက်မဟုတ်လျှင် ဒီရောဂါဟု ဆရာဝန်များက မယူဆပါ။ ဤကဲ့သို့ ဝမ်းပေကျံခြင်းသည် ရုပ်ဆိုင်ရာအရ ဖြစ်ရသည့်အကြောင်းရှိသလို ကလေးကိုယ်တိုင် တမင်လုပ်ခြင်းမဟုတ်ပဲ တစ်နည်း စိတ်နှင့်ထိန်းမရပဲ ပေကျံခြင်းဖြစ်ပါသည်။