လူအတော်များများဟာ တစ်ချိန်မှာတော့ ဝမ်းချုပ်တဲ့ပြဿနာကို ကြုံဖူးကြပါလိမ့်မယ်။ ဝမ်းချုပ်ခြင်းဟာ ကြီးမားတဲ့ရောဂါတော့ မဟုတ်ပေမယ့် နေရထိုင်ရခက်စေပါတယ်။ တော်သေးတာက နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ ပြောင်းလဲပေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ များသောအားဖြင့် ဆေးဝါးများသုံးစရာမလိုဘဲ သဘာဝနည်းလမ်းများနဲ့ အဆင်ပြေအောင် ကုစားနိုင်ပါတယ်။