ဒါပေမယ့်လည်း တစ်ချို့အခြေအနေတွေမှာတော့ ဝမ်းသွားချင်စိတ်ကို တမင်ထိန်းချုပ်ထားတာမျိုးလည်း ရှိတတ်ပါတယ်။ အနီးအနားမှာ အိမ်သာ မရှိလို့၊ ဝမ်းသွားရမှာပျင်းလို့၊ အရေးတကြီးလူကြီးတွေနဲ့ တွေ့နေရတာမို့ ထုတ်ပြောရမှာရှက် ဒါမှမဟုတ် ကားပေါ်ရောက်နေပြီး ဆင်းမရပြုမရဖြစ်နေလို့ စသဖြင့်ပေါ့။
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ။ ဝမ်းသွားချင်စိတ်ကို ထိမ်းချုပ်တာက မှန်ကန်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။
တကယ်တော့ ဝမ်းမှန်ခြင်းဟာ သင့်ရဲ့ အစာခြေစနစ်ကောင်းမွန်ပြီး လူလည်းကျန်းမာတယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုပါ။ ဝမ်းမမှန်ရင် ဒါမှမဟုတ် ဝမ်းခဏခဏသွားနေရင်သာ သင်မကျန်းမာဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
သာမန်လူတစ်ယောက်က ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ
လူတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားရမလဲဆိုတာမျိုး အတိအကျ သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် အစာခြေဖျက်နိုင်စွမ်းနဲ့ မစင်စွန့်ထုတ်ပုံစနစ် အလုပ်လုပ်ပုံခြင်း အတန်ငယ်ကွာခြားလေ့ရှိတာမို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။