အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းအရာများစွာ ရှိပါတယ်။ သင့်ဆီမှာ ဖြစ်နိုင်ခြေရှိ၊ မရှိ သိရအောင် အောက်ပါအချက်တွေကို မှတ်သားဖတ်ရှုနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ အမျိုးအစား (၁) ဆီးချိုရောဂါ သုတေသနပြုချက်များအရ အမျိုးအစား (၁) ဆီးချိုရောဂါ အကြောင်းကို တိကျစွာမသိရပေမယ့် ဖြစ်နိုင်ခြေမြင့်တက်စေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ မိသားစုရာဇဝင်။ သင့်ရဲ့ မိဘနဲ့ မွေးချင်းတွေမှာရှိရင် သင့်မှာ ဖြစ်နိုင်ခြေမြင့်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေ။ ကိုယ်ခံအားဆဲလ်များ ပျက်စီးခြင်း။ မိမိကိုယ်ကို တိုက်ထုတ်တဲ့ ခုခံပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကြောင့် လူတိုင်းမှာတော့  ဆီးချို မဖြစ်တတ်ပါဘူး။ စားသောက်မှုပုံစံ။ တချို့လေ့လာချက်တွေမှာ နွားနို့ကို စောစီးစွာ စသောက်ဖူးခြင်း၊ ဗီတာမင်ဒီ စားသုံးမှု နည်းခြင်း၊ အသက်လေးလမတိုင်မီ အစေ့အဆန်များ ကျွေးခြင်း […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကျဆေးတွေက မုန့်ချိုအိတ်ကင်ဆာ ဖြစ်စေနိုင်သလား

ဆီးချိုရောဂါဟာ မုန့်ချိုအိတ်ကင်ဆာကို ဖြစ်စေနိုင်သလား မုန့်ချိုအိတ်ဆိုတာဘာလဲ မုန့်ချိုအိတ်ဆိုတာ အစာအိမ်ရဲ့နောက်ပိုင်း၊ နံရိုးအိမ်ထဲမှာ ရှိတဲ့ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ သူ့မှာ တာဝန်၂ခု ရှိပါတယ်။ အစာခြေဖို့ အစာခြေပစ္စည်းတွေထုတ်ပေးခြင်းနဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိဖို့ ဟော်မုန်းထုတ်ခြင်းပဲ ဖြစ်ပါတယ်။   မုန့်ချိုအိတ်ကင်ဆာဆိုတာဘာလဲ မုန့်ချိုအိတ်ထဲမှာ ပုံမမှန်တဲ့ တစ်သျှူးတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လျင်မြန်စွာဖြစ်ပေါ်တတ်ပြီး ဖြစ်ခါစမှာ သိတာရှားပါတယ်။ မုန့်ချိုအိတ်ကင်ဆာ လက္ခဏာဟာ အဆင့်သိပ်မကြီးလာခင် မပြတတ်ပါဘူး။   ဆီးချိုဆေးတွေဟာ မုန့်ချိုအိတ်ကင်ဆာဖြစ်စေသလား အမျိုးအစား (၂) ဆီးချိုရောဂါကုတဲ့ နေရာမှာသုံးတဲ့ incretin mimetics အုပ်စုဝင် ဆေးအသစ် ၂မျိုးကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Glucagon-like peptide – 1 (GLP – 1) agonist (exenatide ကဲ့သို့) နဲ့ dipeptidyl peptidase – 4 inihibitors […]


အမျိုးအစား (၂) ဆီးချို

Metformin (မက်ဖော်မင်) ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးသလား

Metformin ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးလား Metformin ဆိုတာဘာလဲ Metformin ဆိုတာ အမျိုးအစား (၂) ဆီးချိုရောဂါကိုသဖို့ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ ဆေးပဲဖြစ်ပါတယ်။ အင်ဆူလင်နဲ့ဖြစ်စေ၊ အခြား အမျိုးအစားနဲ့ဖြစ်စေ တွဲသုံးနိုင်ပေမယ့် အမိုးအစား (၁) အတွက်ကိုတော့ မသုံးနိုင်ပါဘူး။ Metformin ဟာ အသည်းကနေ ဂလူးကို့စ်ထုတ်တာကို ကျစေပြီး သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးနိုင်ပါတယ်။   သိပ်အလုပ်မလုပ်တဲ့ သိုင်းရွိုက်ဆိုတာ ဘာလဲ သိုင်းရွိုက်ဂလင်းဟာ သင့်လည်ပင်းရဲ့ လေပြွန်ရှေ့ပိုင်းမှာ လိပ်ပြာပုံစံ တည်ရှိပြီး ဟော်မုန်းအချို့ကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုတွေ (အစာကို စွမ်းအင်အဖြစ်ပြောင်းခြင်း) ကို ပုံမှန်ဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။ Triiodothyronine (T3) နဲ့ Thyroxine (T4) လို့ ခေါ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ ဒီဟော်မုန်းတွေကို အလုံအလောက် မထုတ်နိုင်တော့ရင် ကိုယ်ခန္ဓါရဲ့ လုပ်ငန်းတွေ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဖြစ်စေသော အကြောင်းအရင်းများ

နိုင်ငံတကာဆီးချိုအဖွဲ့ကြီးရဲ့ပြောဆိုချက်အရ၂၀၁၄ခုနှစ်မှာဆီးချိုဖြစ်လာသူက၃.၃သန်းကိုကျော်လာပါပြီ။၉၀ကနေ၉၅ရာခိုင်နှုန်းကဆီးချိုအမျိုးအစား (၂)ဖြစ်သူတွေဖြစ်ကြပါတယ်။ အရင်တုန်းကဆီးချိုအမျိုးအစား (၂)ကအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုနောက်ပိုင်းမှာ လူနေမှုပုံစံတွေပြောင်းပြီး လူငယ်တွေမှာပါဖြစ်လာပါတယ်။ ဆီးချိုအမျိုးအစား (၂)ကကာကွယ်လို့ရပါတယ်။ ဒါကြောင့်သငိဘယ်အသက်အရွယ်မဆိုကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။   ပျှမ်းမျှဘယ်အသက်အရွယ်တွေမှာဖြစ်လဲ ? အလယ်အလတ်ပိုင်းတွေနဲ့အသက်ကြီးပိုင်းတွေမှာဆီးချိုအမျိုးအစား (၂) အဖြစ်များပါတယ်။ ၂၀၁၄ခုနှစ်မှာအသက်၄၅ကနေ၆၄အထိလူတွေကဆီးချိုအဖြစ်ဆုံးဖြစ်ကြပါတယ်။ သူတို့ကဆီးချိုဖြစ်နှုန်းလည်းပိုမြန်ကြပါတယ်။ ကလေးငယ်များတွင်ပါဖြစ်ပွားလာခြင်း ဆီးချိုtype 2ကအရင်အချိန်တွေမှာအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုအချိန်မှာကလေးတွေဆီမှာပါအဖြစ်များလာပါပြီ။ ကလေးငယ်အနည်းငယ်သာအမျိုးအစား (၁) ဆီးချိုနဲ့မွေးဖွားလာခဲ့ပေမယ့် အမျိုးအစား (၂)ကတော့ နေထိုင်စားသောက်ပုံစံတွေမှားယွင်းတာကြောင့်ပါ။ ၂၀၁၂ခုနှစ်မှာအသက်၂၀ အောက်တွေအနာဂတ်မှာဆီးချိုဖြစ်လာနိုင်ခြေကိုခန့်မှန်းခဲ့ကြပါတယ်။ လေ့လာချက်တွေအရလက်ရှိနှုန်းနဲ့ဆိုရင်၂၀၅၀ခုနှစ်မှာအသက်၂၀ အောက်ဆီးချိုဖြစ်သူတွေက၄၉ရာခိုင်နှုန်းထိမြင့်လာနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ ဆီးချိုဖြစ်နှုန်းမြင့်တက်လာခဲ့မယ်ဆိုရင် ငယ်ရွယ်စဉ်မှာအမျိုးအစား (၂) ဆီးချိုဖြစ်နှုန်းကလေးဆထိမြင့်တက်လာမှာပါ။   အရွယ်ရောက်သူတွေကိုဆီးချိုဖြစ်စေနိုင်သည့်အရာများ ဆီးချို Type2 ကနေထိုင်မှုပုံစံမမှန်ကန်ခြင်းနဲ့တခြားကျန်းမာရေးပြသနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဆီးချိုဖြစ်စေနိင်တဲ့အကြောင်းအရင်းတွေတိတိကျကျရှိပေမယ့်မကျန်းမာတဲ့နေထိုင်မှုပုံစံကတော့ရောဂါတော်တော်များများကိုအားပေးပါတယ်။ သင့်ရဲ့ဆီးချိုအမျိုးအစား (၂) ကိုဖြစ်နှုန်းကို ပိုမြင့်တက်လာနိုင်တာတွေကတော့ အဝလွန်ခြင်း လှုပ်ရှားမှုနည်းခြင်း နှလုံးသွေးကြောရောဂါ မိသားစုဝင်တစ်ဦးဦးမှာဆီးချိုရှိခြင်း ကိုယ်ဝန်ဆီးချိုဖြစ်ဖူးခြင်း ကိုလက်စထရောများခြင်း Polycystic ovarian syndrome ရှိခြင်း Prediabetes(ဆီးချိုအစပျိုးခြင်း) ကလည်းဆီးချိုဖြစ်စေတဲ့အကြောင်းအရင်းနောက်တစ်ခုပါ။ သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါ ဆီးချိုအစပျိုးခြင်းလို့ခေါ်ပါတယ်။ ဒါပေမယ့်ဒီအခြေအနေမှာ သွေးထဲကသကြားဓါတ်တွေကဆီးချိုအမျိုးအစား (၂)လို့နာမည်တပ်ရလောက်အောင်မမြင့်သေးပါဘူး။ ဆီးချိုအစပျိုးတယ်ဆိုတာက ဆီးချိုအမျိုးအစား (၂) ကြိမ်းသေဖြစ်လာလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သွေးတွင်းအချိုဓါတ်မြင်နေရင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုအတွက် အထူး အစားအစာများက ဘာတွေလဲ

လူတွေကိုခွန်အားပြည့်စေတဲ့ ထိပ်တန်းအစားအစာ ၁၀မျိုးကို သင်တွေ့ဖူးလား။ ဘယ်အစားအစာတွေက သင့်ဆီးချိုစားသောက်မှုပုံစံနဲ့ သင့်တော်လ ဲသိချင်လား ။ သင့်အတွက်စူပါထိပ်တန်းအစားအစာ ၁၀မျိုးရောက်ရှိလို့ လာပါပြီ။ တခြားအစားအစာတွေနဲ့ တကွ ဒီဆီးချိုအတွက်စူပါအစားအစာတွေကို စားချိန်တွေမှာ သင့်တော်တဲ့ပမာဏပြင်ဆင်ပြီးစားပါ။ ဒီထဲက အစားအစာတွေက ဂလူးကိုစ့် ပါဝင်မှုနည်းပြီးအာဟာရဓါတ်များစွာပါဝင်ပါတယ်။ဥပမာ - ကယ်လ်ဆီယမ် ပိုတက်ဆီယမ် အမျှင်ဓါတ် မဂ္ဂနီဆီယမ် ဗီတာမင်အေ၊စီနဲ့အီး ဖြည့်စွက်ဆေးတွေကို သောက်ဖို့ညွှန်ပြထားတဲ့ လေ့လာမှုတွေမရှိတဲ့အတွက် အစားအစာတွေကနေ ပဲအာဟာရဓါတ်တွေယူဖို့အရင်စဉ်းစားပါ။ အောက်မှာ ဖော်ပြထားတာကသင့်အတွက် စူပါအစားအစာတွေပါ။ ပဲသီးများ ဗိုလ်စားပဲ၊ပဲကြီး၊ပဲနက် ဘာပဲဖြစ်ဖြစ်သင်ကြိုက်တဲ့ ပဲတွေဆီကနေရတဲ့ အာဟာဓါတ်တွေကို ယှဉ်နိုင်တာဘာမှမရှိတော့ပါဘူး။ သူတို့မှာ အမျှင်ဓါတ်ပါဝင်မှုမြင့်တဲ့အပြင် သင်နေ့စဉ် လိုအပ်တဲ့အာဟာရတွေကို ခွက်တစ်ဝက်လောက်စားရုံနဲ့တင် ပြည့်စေပါတယ်။ ဒါ့အပြင်သူတို့ကမဂ္ဂနီဆီယမ် နဲ့ပိုတက်ဆီရမ်ကြွယ်ဝကြပါတယ်။ ပဲစေ့တွေကို ကစီဓါတ်ပေါတဲ့ ဟင်းသီးဟင်းရွက်လို့ ပြောကြပါတယ်။ ဒါပေမယ့်ပဲစေ့ခွက်တစ်ဝက်က အသားတစ်အောင်စကရတဲ့ ပရိုတိန်းပမာဏနဲ့တူတဲ့အပြင် အဆီလည်းမပါပါဘူး။ အချိန်ကုန်သက်သာဖို့စည်သွပ်ပဲ တွေကိုစားသုံးနိုင်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရောဂါ ခံစားနေရသော ကလေးငယ်အတွက် စိတ်ချရသော ကလေးထိန်း

ကလေးထိန်း သင့်ကလေးကိုပြုစုစောင့်ရှောက်နေသူများ၊ ကလေးထိန်းမှ စ၍ ဆွေမျိုးများထိတိုင်ဆီးချိုအခြေခံနဲ့အရေးပေါ်အခြေအနေမှာဘာလုပ်ရမလဲဆိုတာသိထားစေသင့်ပါတယ်။ စိတ်ချရတဲ့ ဆီးချိုကလေးထိန်းရှာဖွေခြင်း ဒါကဆီးချိုရှိတဲ့ကလေးတွေရဲ့ မိဘတွေအတွက် ခက်ခဲပါလိမ့်မယ်။ ဆီးချိုရောဂါရှိတဲ့ သင့်ကလေးအတွက်အတွေ့အကြုံရှိတဲ့ ကလေးထိန်းကိုရှာဖွေဖို့က သင့်မိသားစုနဲ့ အခြေအနေတူတဲ့ တခြားမိသားစုတွေနဲ့ တွေ့ဆုံဖို့ဖြစ်ပါတယ်။ အတူတူတွေ့ဆုံပြီးဘယ်ကလေးထိန်းကို ရွေးပြီးဘယ်လိုဆက်လုပ်ရမလဲဆွေးနွေးနိုင်ပါတယ်။ဥပမာ- ကလေးတွေကိုအလှည့်ကျကြည့်စေခြင်း ကလေးထိန်းကိုအတူတကွ လေ့ကျင့်ပေးခြင်း ဆီးချိုရောဂါနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့ ကလေးထိန်းရှာဖို့ ကြော်ငြာထည့်ခြင်း ဆီးချိုဖြစ်နေတဲ့ဆယ်ကျော်သက် (သို့) ငယ်ရွယ်တဲ့သူတစ်ဦးဦးကိုခေါ်ခြင်း   စိတ်ချရတဲ့ ဆီးချိုကလေးထိန်းဖြစ်အောင်လေ့ကျင့်ခြင်း သင့်ကလေးကို တစ်စုံတစ်ယောက်နဲ့ မစောင့်ရှောက်ခိုင်းခင် သင့်ကလေးထိန်းက ဆီးချိုရှိသူတိုင်းက သာမန်သူတွေနဲ့မတူဘူးဆိုတာသိအောင် ရှင်းပြထားသင့်ပါတယ်။ ဒါ့အပြင်ဆီးချိုကိုပြုစုစောင့်ရှောက်ဖို့ပါ အစီအစဉ်ဆွဲထားသင့်ပါတယ်။ ဆီးချိုကလေးထိန်းကို အောက်ပါအချက်တွေသိထားပါစေ။ အရေးပေါ်အခြေအနေမှာ ဘာလုပ်ရမလဲသင်ထားပါ။ ဘယ်အချိန်မှာ glucagonကို ဘယ်လိုသုံးရမလဲသိပါစေ။ သင့်ရဲ့ကလေးထိန်းကို အရေးပေါ်ကိရိယာတွေထားတဲ့ နေရာတွေပြထားပေးပါ။ သင့်ကလေးထိန်းကို မေးစရာရှိရင်ပဲဖြစ်ဖြစ် အရေးပေါ်အခြေအနေမှာပဲဖြစ်ဖြစ် သင့်ဆီဘယ်လိုဆက်သွယ်ရမလဲ ရှင်းလင်းအောင်ပြောထားပါ။ ဘယ်အချိန်မှာ ကလေးသွေးထဲကဂလူးကိုစ့်နဲ့ ကီတုန်းကို ဘယ်လိုစမ်းသပ်ရမလဲ ပြောပြထားပါ။ တိုင်း တာတဲ့ကိရိယာကိုလည်းလက်တွေ့လုပ်ပြထားပြီးတိုင်းတာနည်းကို လေ့ကျင့်ထားဖို့လည်းပြောပါ။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုအမျိုးအစား (၂) -အဓိပ္ပါယ်၊ အကြောင်းရင်း, နောက်ဆက်တွဲဆိုးကျိုးများ

ဆီးချိုအမျိုးအစား ၂ က အဖြစ်များတဲ့ဆီးချိုတစ်မျိုးပါ။ မကုသဘဲထားထားရင် ဒီရောဂါကသင့်ဆီကို ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ သယ်ဆောင်လာနိုင်ပါတယ် ဆီးချိုအမျိုးအစား ၂ဆိုတာဘာလဲ ဆီးချိုဆိုတာသင့်ရဲ့သွေးတွင်း ဂလူးကိုစ့်တွေမြင့်နေစေတဲ့နာတာရှည်ရောဂါတစ်မျိုးပါ။ တကယ်လို့သင့်မှာ ဆီးချိုအမျိုးအစား ၂ရှိနေခဲ့ရင်သင့်ရဲ့ကိုယ်မှာ အင်ဆူလင်အလုံအလောက်ရှိပေမယ့်အဲဒီအင်ဆူလင် တွေကို သေချာအသုံးမပြုနိုင်တော့တဲ့သဘောပါ။ မုန့်ချိုအိတ် ကနေအင်ဆူလင်လုံးဝမထုတ်တော့တဲ့ ဆီးချိုအမျိုးအစား ၁နဲ့တော့မတူပါဘူး။ ဆီးချိုအမျိုးအစား ၂မှာတော့မုန့်ချိုအိတ်ကပုံမှန်အလုပ်လုပ်ပေမယ့်သင့်ရဲ့ဆဲလ်တွေက သွေးထဲက glucose (ဂလူးကိုစ့်) တွေကို စွမ်းအင်အဖြစ်မပြောင်းလဲနိုင်တော့တာပါ။ အချိန်တွေကြာလာတာနဲ့အမျှ သွေးထဲမှာglucose (ဂလူးကိုစ့်) များနေခြင်းကသင့်ရဲ့အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေတဲ့ထိဖြစ်နိုင်ပါတယ်။ ဆီးချိုရှိသူတွေရဲ့၉၀ကနေ ၉၅ရာခိုင်နှုန်းက ဆီးချိုအမျိုးအစား ၂ဖြစ်နေတာပါ။ သူက အသက်၄၀နဲ့အထက် အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာ ကလေးတွေနဲ့ဆယ်ကျော်သက်တွေလည်းအဝလွန်ရောဂါကြောင့်ဆီးချိုဖြစ်လာတာ တွေ့ရပါတယ်။ ဆီးချိုအမျိုးအစား ၂ ဘာလို့ဖြစ်လာလဲအရင်သိဖို့ထက် သင့်ကိုယ်ရဲ့ glucose (ဂလူးကိုစ့်)လည်ပတ်မှု ဘယ်လိုလဲဆိုတာ အရင်သိဖို့လိုပါတယ်။   Glucose (ဂလူးကိုစ့်) ဖြိုခွဲသောလုပ်ငန်းစဉ် သင့်ရဲ့အစာအိမ်ထဲမှာရှိတဲ့ တံတွေးနဲ့ဓါတုပစ္စည်း တွေက သင်စားလိုက်တဲ့အစာတွေကိုဆဲလ်တွေရဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါနောက်ဆက်တွဲများ-ဆီးချိုကြောင့် သွေးတွင်းသကြားဓါတ်နည်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်သွေးထဲသကြားဓါတ်နည်းခြင်း ဆိုတာဘာလဲ။ သွေးထဲတွင် ဂလူးကို့စ် သို့မဟုတ် သကြားဓါတ် နည်းခြင်းသည် သွေးထဲသကြားဓါတ်များ ပုံမှန် ပမာဏ အောက် နည်းပါးသွားသော အခါတွင် ဖြစ်ပွားပါသည်။ ခန္ဓါကိုယ်အတွက် စွမ်းအင် ရင်းမြစ် ဖြစ်သော ဂလူးကို့စ် သကြားကို အစားအစာ မှ ရရှိပါသည်။ ကာဗွန်ဟိုက်ဒရိတ် သည် ဂလူးကို့စ် ၏ အစားအစာမှရသော အဓိက ရင်းမြစ်ဖြစ်ပါသည်။ ထမင်း၊ အာလူး၊ ပေါင်မုန့်၊ ပြောင်းမုံ့ ညက်ဖြင့် လုပ်ထားသော မုန့်၊ ကောက်ပဲသီးနှံများ၊ နို့၊ သစ်သီးများ နှင့် သကြားလုံး များသည် ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသော အစားအစာ များဖြစ်ပါသည်။ သရက်ရွက်သည် သွေးထဲသကြားကို ထိန်းချုပ်ရာတွင် အရေးပါသော အခန်းမှ ပါဝင်ပါသည်။ သရက်ရွက်မှ ပြုလုပ်သော အင်စူလင် ဟော်မုန်းသည် […]


အမျိုးအစား (၂) ဆီးချို

ဆီးချီုရောဂါနောက်ဆက်တွဲများ -အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ

ဆီးချီုရောဂါနောက်ဆက်တွဲများ အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ သင့်ရဲ့ဆီးချိုရောဂါကိုထိန်းနိုင်ဖို့ အင်ဆူလင်သုံးနေရချိန်မှာအင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုစိတ်ပူစရာမလိုဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ သဘာဝပစ္စည်းတစ်ခုဖြစ်တာမို့ ဆေးဝါးလို့တောင် သတိရဖို့ခက်ပါတယ်။ ဒါပေမယ့် အင်ဆူလင်ကြောင့် ဓါတ်မတည့်မှုနဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ လူအများစုဟာအင်ဆူလင်ကိုသုံးစွဲချိန်မှာဒီဆိုးကျိုးတွေ မကြုံတွေ့ရဘူးဆိုပေမယ့် ဖြစ်နိုင်ခြေပြသနာများကိုတော့လိုလိုမယ်မယ် သတိထားသင့်ပါတယ်။   အင်ဆူလင်ဓါတ်မတည့်ခြင်း လူနာအနည်းစုဟာအင်ဆူလင်ဓါတ်မတည့်ခြင်း ကြုံရပါတယ်။ အင်ဆူလင်ထိုးချိန်မှာ ဆေးထိုးလိုက်တဲ့နေရာဝန်းကျင်မှာ ရောင်ပြီးနီလာတာဖြစ်ရင် ဆေးကုသမှု ချက်ချင်းခံယူပါ။ ဆိုးဆိုးရွားရွား ပြသနာရှိလာရင် ဆရာဝန်ဆီကို အရေးပေါ်ဆေးခန်းကိုဒါမှမဟုတ် ဆေးရုံအရေးပေါ်ဌာနကိုတိုက်ရိုက်သွားပါ။ ဆေးကုသနေစဉ် အင်ပျဉ်တွေထပြိးယားလာတာဖြစ်ရင် သူတို့ကုသပေးနိုင်ပါတယ်။ မျက်နှာနဲ့ နှုတ်ခမ်းတွေ ရောင်လာရင် သူတို့ အကူအညီယူနိုင်ပါတယ်။ အသက်အန္တရယ်စိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လာရင် ဥပမာ လျှာရောင်လာပြီးရင်ကျပ်လာရင်၊ အသက်ရှူရခက် မူးဝေလာပြီး သတိလစ်သွားရင် တစ်စုံတစ်ယောက်ကချက်ချင်းအကူအညီပေးနိုင်တဲ့ နေရာဖြစ်ဖို့ လိုပါတယ်။   သွေးတွင်းဂလူးကို့စ်နည်းခြင်း သွေးတွင်းဂလူးကို့စ်နည်းခြင်းဟာ အဖြစ်အများဆုံး အဆိုးရွားဆုံးသော အင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပြီးအမျိုးအစား (၁) ဆီးချိုရောဂါသည်ရဲ့ ၁၆ ရာခိုင်နှုန်း၊ အမျိုးအစား (၂) […]


အမျိုးအစား (၂) ဆီးချို

စာသင်ကျောင်းများအတွက် ဆီးချိုရောဂါပညာပေး။ ကျောင်းသူနာပြုများ၏ တာဝန်ဝတ္တရားများအကြောင်း။

စာသင်ကျောင်းများအတွက် ဆီးချိုရောဂါပညာပေး။ ကျောင်းသူနာပြုများ၏ တာဝန်ဝတ္တရားများအကြောင်း။ ဒီနေရာမှာသင်တို့လူအရေအတွက်နည်းတာ၊ သင်တို့အချိန်တွေမှာဖိအားတွေရှိနေတာ ကျွန်ုပ်တို့ သိပါတယ်။ ကျောင်းအများကြီးကရောဂါရှိတဲ့ ကလေးတိုင်းကို ဖြန့်ကျက်ပြီးဂရုစိုက် စောင့်ရှောက်ပေးနိုင်ဖို့ မဖြစ်နိုင်မှန်းလည်းသိပါတယ်။ ဒါပေမယ့် ကလေးဆီးချိုကျွမ်းကျင်သူနာပြု ထားခြင်းအားဖြင့် ကျောင်းတွေဟာဆီးချိုရှိတဲ့ကလေးတွေအတွက် မှန်ကန်တဲ့ အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။   လေ့ကျင့်ခြင်း ရောဂါရှိနေတဲ့ကျောင်းသားတွေကိုစောင့်ရှောက်ရမယ့် ကျောင်းသူနာပြုတစ်ယောက်ရဲ့ အဓိကတာဝန်တစ်ခုကတော့ လုံလောက်တဲ့ဝန်ထမ်းအရေအတွက်ကို လေ့ကျင့်ပေးနိုင်ရဲ့လား၊ ကလေးဟာကောင်းမွန်စွာဂရုစိုက်ခံရရဲ့လားအတည်ပြုပေးဖို့ပါပဲ။ ဆီးချိုရောဂါသည်ကလေးတစ်ယောက်ရှိတဲ့ ကျောင်းတစ်ကျောင်းမှာလေ့ကျင့်ပေးထားတဲ့ဝန်ထမ်း အနည်းဆုံး ၂ယောက်ရှိသင့်ပါတယ်။ ဆီးချိုရောဂါသည်ကလေးတိုင်းမှာကလေးဆီးချိုအထူးပြုသူနာပြုကိုယ်စီရှိသင့်ပါတယ်။ သူနာပြုဟာဘယ်ကလေးဟာအကူအညီလိုသလဲဆိုတာသိထားရပြီးသူတို့ တစ်ယောက်ချင်းစီအတွက် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်ကိုစုစည်းထားဖို့၊ နေရာတကျ လေ့ကျင့်ပေးဖို့၊ ကျွမ်းကျင်တတ်မြောက်သွားတဲ့ ဝန်ထမ်းတွေကို သင်တန်းဆင်းပေးဖို့ တာဝန်ရှိပါတယ်။ တကယ်လို့ ဝန်ဆောင်မှုမပေးနိုင်ရင် ကလေးကျန်းမာရေးစောင့်ရှောက်ပေးတဲ့အဖွဲ့နဲ့ ချိတ်ဆက်ထားဖို့ ကျောင်းမှာ ကျွမ်းကျင်သူရှိမရှိ၊ သင်တန်းပေးဖို့ နေရာရှိမရှိ ကြည့်ရှုထားဖို့ လိုပါတယ်။ ကျောင်းတွေအနေနဲ့ ကျောင်းဝန်ထမ်းတွေအားလုံးဟာ ကလေးရဲ့ဆီးချိုရောဂါကိုသိရှိထားဖို့၊ တကိုယ်ရေကျန်းမာရေးစီမံချက်ကိုနားလည်ထားဖို့ အတည်ပြုပေးသင့်ပါတယ်။ သင့်အနေနဲ့ တခြားဝန်ထမ်းတွေကို ဆီးချိုအကြောင်းသိသင့်သိထိုက်တာတွေ လေ့ကျင့်စီစဉ်ပေးနိုင်ဖို့ တောင်းခံလာနိုင်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)