ဆီးချို ရှိတယ်။ အရက်လည်း သောက်တတ်တယ်ဆိုတဲ့ သူတွေရှိလား….. နောက်တစ်ချက်က အရက်လေး နည်းနည်လောက် ချလိုက် ဆီးချိုတောင် ကျသေးတယ်။ ဆေးတောင် မလိုဘူးဆိုသူတွေရော ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။
ဆီးချို ရှိတယ်။ အရက်လည်း သောက်တတ်တယ်ဆိုတဲ့ သူတွေရှိလား….. နောက်တစ်ချက်က အရက်လေး နည်းနည်လောက် ချလိုက် ဆီးချိုတောင် ကျသေးတယ်။ ဆေးတောင် မလိုဘူးဆိုသူတွေရော ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။
ဆီးချိုရှိနေသူ တစ်ယောက်အနေနဲ့ အရက်သောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို သွေးတွင်းသကြားဓာတ် ကျဆင်းစေတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အယ်လ်ကိုဟောမှာ ကယ်လ်လိုရီ များစွာ ပါဝင်နေလို့ပါ။
အရက်က ဒီလိုမျိုး သွေးတွင်းသကြားဓာတ်ကို မငြိမ်မသက်ဖြစ်စေတဲ့အတွက် မသောက်တာကတော့ အကောင်းဆုံးပါ။
တကယ်လို့ ဆီးချိုလည်း ရှိတယ် အရက်ကိုလည်း မဖြတ်နိုင်ဘူး ကြိုက်တယ်ဆိုရင်တော့ ပထမ တစ်ချက် အနေနဲ့ အလွန်အကျွံ မသောက်မိဖို့ နဲ့ မသောက်ခင်မှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး တိုင်းတာချိန်ညှိဖို့ပါ။ ပြီးမှ သောက်သင့်ပါတယ်။ ဖြတ်လိုက်တာကတော့ အကောင်းဆုံးပေါ့။
ကျန်းမာရေးအခြေအနေအရ အယ်လ်ကိုဟော သောက်ဖို့ သင့်တော်ရဲ့လားဆိုတာကိုလည်း ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ကြည့်ဖို့ လိုပါမယ်။ ရေရှည်မှာကတော့ အရက်ဖြတ်ဖို့ကိုပဲ အကြံပေးမှာဖြစ်ပါတယ်။
အရက် အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွ ဆီးချိုရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အရက်ကို နည်းနည်းပဲ သောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး အရက်ကို အလွန်အကျွံ သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ အပြင်းထန်ဆုံးအနေနဲ့ အသက်အန္တရာယ် ထိခိုက်စေလောက်တဲ့အထိ သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား -၁ ဆီးချို ရှိသူတွေမှာပါ။
အယ်လ်ကိုဟော သောက်သုံးမှုက သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေတာ ဖြစ်စေနိုင်သလို ရုတ်ချည်း ကျဆင်းတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာက အင်ဆူလင် မတိုးတာကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
ဘီယာ နဲ့ ဝိုင်ချိုချိုတွေကတော့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။
ဆီးချို ရှိရင် အယ်လ်ကိုဟော မသောက်သင့်ပါဘူး။ ဒီလိုပြောရတာက
ဒီအချက်တွေအပြင် ဆီးချို ရှိသူအနေနဲ့ အရက်သောက်တဲ့အခါ အခုလို ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ အရက်အလွန်အကျွံ သောက်တာကြောင့် သွေးတိုးတာဖြစ်စေနိုင်သလို အာရုံကြောတွေ ထိခိုက်ပျက်စီးတာ၊ ရေဓာတ်ဆုံးရှုံးပြီး ကောင်းကောင်း အိပ်မပျော်တာ၊ နှလုံးရောဂါ နဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေကို ခံစားရနိုင်ပါတယ်။
ဆီးချို ရှိပေမယ့် အရက်ကို မစွန့်လွှတ်နိုင်လို့ သောက်ချင်တယ်ဆိုရင် ဒီအချက်လေးတွေကို သတိရစေချင်ပါတယ်။
ဆီးချို ရှိသူတွေအနေနဲ့ အယ်လ်ကိုဟောကို မသောက်တာ အကောင်းဆုံးပါ။ ရှောင်မရလို့ သောက်တော့မယ်ဆိုရင်
ဆီးချို ရှိသူ တစ်ဦးအနေနဲ့ တစ်နေ့ကို အယ်လ်ကိုဟော ၃ယူနစ်နဲ့အထက် သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။
တစ်ခုထပ်ပြီး သတိပေးချင်တာကတော့ အရင်တည်းက အရက်မသောက်တတ်တဲ့သူက အရက်က ဆီးချိုအနည်းငယ်ကျစေတာပဲဆိုပြီး အစလုပ်မသောက်သင့်ပါဘူး။ ဆီးချိုကျစေနိုင်တဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ခုပြောထားတဲ့ အရက်ပမာဏကလည်း နေ့စဉ်သောက်ရမယ့် ပမာဏမဟုတ်ပါဘူး။ မရှောင်နိုင်လို့ သောက်ဖြစ်ခဲ့ရင် ဒီပမာဏတွေကို မကျော်လွန်သင့်ဘူးဆိုတာ သတိပေးထားတာပဲ ဖြစ်ပါတယ်။
ကဲ ….. အရက်က ဆီးချို ကျစေသတဲ့လား …… လို့မေးရတဲ့ အကြောင်းအရင်းကို သိပြီဟုတ်။
# ခန္ဓာကိုယ်ထဲက အသည်း ဘယ်လို အလုပ်လုပ်သလဲ!
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။