စိတ်ဖိစီးမှုကို အချိန်ကြာမြင့်စွာ ခံစားရတာက ခန္ဓာကိုယ်ရဲ့ ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်း ထုတ်လုပ်မှုကို မြင့်တက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ထွက်လာတတ်တဲ့ ဟော်မုန်း တစ်မျိုးပါ။
ကိုယ်တွင်းမှာ ကော်တီစောဟော်မုန်း ပမာဏ များလာတာက ပန်ခရိယရဲ့ အင်ဆူလင် ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။ အင်ဆူလင်က သွေးကြောတွေထဲက သကြားဓာတ်တွေကို ဆဲလ်တွေထဲကို ရောက်ရှိစေပြီး စွမ်းအင်အဖြစ် ပြောင်းလဲဖို့ ထောက်ကူပေးပါတယ်။
ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာ မထုတ်လုပ်နိုင်တဲ့အခါ သွေးကြောတွေထဲမှာ သကြားဓာတ်တွေ ကျန်ရှိနေပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။
စိတ်ဖိစီးမှု သွေးတွင်းသကြားဓာတ် အပေါ်မှာ တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်တဲ့ အားဖြင့်ပါ သက်ရောက်မှု ရှိနေပါတယ်။ ခံစားနေရတဲ့ ဆီးချိုရောဂါ အမျိုးအစားကို လိုက်ပြီး သက်ရောက်ပုံချင်းတော့ ကွာခြားနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားရမယ်ဆိုရင် ကော်တီစောပမာဏ မြင့်တက်ပြီး အင်ဆူလင် ထုတ်လုပ်မှု ပမာဏ ကျဆင်းလာနိုင်ပါတယ်။ ဒီအနေအထားက ဆီးချိုရှိသူတွေမှာ ရောဂါ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။
စိတ်ဖိစီးတာက ဆီးချို ဖြစ်စေနိုင်လား
စိတ်ဖိစီးမှု တစ်ခုတည်းကြောင့်တော့ ဆီးချိုရောဂါ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုနဲ့ အမျိုးအစား – ၂ ဆီးချိုကြားမှာ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အထောက်အထားအချို့တော့ ရှိနေပါတယ်။
သုတေသီတွေကတော့ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီစောဟော်မုန်းတွေက အင်ဆူလင် ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေပြီး ပန်ကရိယက ကောင်းကောင်းအလုပ်မလုပ်နိုင်စေဖို့ အဟန့်အတားဖြစ်စေပါတယ်။
အင်ဆူလင် ထုတ်လုပ်မှု ပမာဏကို လျော့ကျသွားစေနိုင်ပါတယ်။ ဒီအနေအထားက အမျိုးအစား -၂ ဆီးချိုကို အစပျိုးစေတာပါ။
ကော်တီဟောဟော်မုန်း များလွန်းတဲ့သူတွေမှာ အမျိုးအစား -၂ ဆီးချို ဖြစ်စေနိုင်လားဆိုတာကိုတော့ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
စိတ်ဖိစီးမှု များတဲ့အခါ အစားတွေကို အလွန်အကျွံ စားတာကလည်း အမျိုးအစား -၂ ဆီးချို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေကို လိုက်မလုပ်ဖြစ်တာကလည်း အကြောင်းအရင်း တစ်ရပ် ဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။