စိတ်ဖိစီးချိန်မှာ မမေ့မလျော့ လုပ်ရမယ့် နည်းလမ်းက ကိုယ့်ကိုယ်ကိုယ် သေချာလေး ဂရုစိုက်တာပါ။ အစားအသောက်ကစလို့ ဆေးသောက်ရတာအထိ အစစအရာရာကို သေချာ ဂရုစိုက်ရပါမယ်။ ဒါမှ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးချိုမြင့်တက်တာမျိုး မဖြစ်မှာပါ။ ဆီးချိုရှိသူတွေအနေနဲ့ စိတ်ဖိတ်ခေါ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပုံမှန်အချိန်တွေထက်ပိုပြီး သေချာလေး ဂရုစိုက်ပေးပါ။
စိတ်ဖိစီးနေချိန်မှာ အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် နေပါ။ အေးအေးဆေးဆေး နားနေတာမျိုး၊ နှစ်သက်ပြီး စိတ်ပေါ့ပါးစေတဲ့ ရုပ်ရှင်လိုမျိုး အပန်းပြေစေတဲ့အရာလေးတွေကို ကြည့်တာမျိုး လုပ်ပေးပါ။ ဒီလို အနားပေးတာကလည်း စိတ်ဖိစီးမှုကြောင့် ထိခိုက်မှု နည်းစေမှာဖြစ်ပါတယ်။
စိတ်ဖိစီးချိန်မှာ အစားပိုစားမိတတ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကိုပါ။ ဒီလို စားသုံးမှုက စိတ်ဖိစီးမှုကို မသက်သာစေဘဲ ဆီးချိုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးနေချိန်မှာ အစားတွေ စားချင်လာတယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တာကို စားပေးပါ။
- အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ
စိတ်ဖိစီးမှုကြောင့် အိပ်ပျော်ဖို့ ခက်ပေမယ့် အိပ်ရေးပျက်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေပြီး ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် အိပ်ချိန်မှန်အောင် ဂရုစိုက်ပေးပါ။
စိတ်ဖိစီးမှု ဖြစ်လာတဲ့အခါ ချစ်ခင်ရင်းနှီးရသူတွေကို ရင်ဖွင့်တိုင်ပင်လိုက်တာက စိတ်သက်သာရာရစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ စိတ်ဖိစီးတဲ့အခါ တစ်ယောက်တည်းနေတာက ခဏတာလောက်ပဲ ကောင်းပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာပြီဆိုရင် ရင်ဖွင့်တိုင်ပင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။