ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။
ဆီးချိုသွေးချို အမျိုးအစား (၁)က သင့်ရဲ့ကိုယ်ကိုအစားအစာတွေဆီက စွမ်းအင်ယူလို့မရအောင် ဟန့်တားတဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ လူရဲ့ ခန္ဓာကိုယ်က အင်ဆူလင် မထုတ်နိုင်တဲ့အခါ ဖြစ်လာပါတယ်။ အင်ဆူလင်က သွေးထဲကရတဲ့ သကြားဓာတ်ကို ထိန်းချုပ်တာကြောင့် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေက သွေးထဲမှာ သကြားဓာတ်အများအပြားရှိပေမယ့် အင်ဆူလင်မရှိတာကြောင့် ဆဲလ်တွေဆီ အဲဒီသကြားဓာတ်တွေကို အလုံအလောက် မထောက်ပံ့နိုင်ပါဘူး။
ဆီးချိုသွေးချို အမျိုးအစား (၁)က အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူ လူငယ်တွေမှာ အဖြစ်များပါတယ်။ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ အများသောအားဖြင့် အသက် ၁၂ နဲ့ ၁၅ ကြားမှာ စဖြစ်လေ့ရှိပြီး အသက်၃၀ အောက်ကစဖြစ်တာ အများဆုံးဖြစ်ပါတယ်။
ကုသမှုမခံထားတဲ့ ဆီးချိုရဲ့ လက္ခဏာတွေကတော့
အပေါ်မှာပြထားတဲ့ လက္ခဏာတွေထဲက မပါတာတွေကိုလည်း တွေ့နိုင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပါ။
သင့်ကလေးမှာ ဆီးချိုရှိနေပြီလို့ သံသယရှိတယ်ဆိုရင် ဆရာဝန်ဆီကို အမြန်ဆုံးသွားသင့်ပါတယ်။
ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်တဲ့ diabtetic ketoacidosis မှာ ကီတုန်း(ketone)တွေ စုပုံလာပါတယ်။ သွေးထဲမှာ ကီတုန်း (ketone)များခြင်းက သင့်သွေးကို အက်စစ်ဓာတ်ပိုများလာစေပါတယ်။ အဲဒါက ဦးနှောက်အပြင် တခြားအင်္ဂါတွေကိုပါ ထိခိုက်စေနိုင်ပြီး သေဆုံးတဲ့ထိဖြစ်စေပါတယ်။
သင့်ဆီမှာ အင်ဆူလင်မရှိခြင်းက အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ Autoimmune ပြဿနာဖြစ်တဲ့အတွက် သင့်ရဲ့ ခုခံအားစနစ်က မုန့်ချိုအိတ်ထဲက ဘီတာဆဲလ်(beta cells )တွေကို ဖျက်ဆီးလိုက်ကြပါတယ်။ ဘာကြောင့် ဒီလိုဖျက်ဆီးတာလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုဖျက်ဆီးလိုက်တဲ့အတွက် အင်ဆူလင်မထွက်တော့ဘဲ ဆီးချိုရောဂါဖြစ်သွားပါတယ်။
တချို့တွေမှာ အမျိုးအစား ၁ ဆီးချိုဖြစ်စေနိုင်တဲ့ မျိုးဗီဇပါလာပေမယ့် တန်းပြီးတော့ ရောဂါမဖြစ်ကြပါဘူး။ အပြင်ကနေ ဗိုင်းရပ်စ်တစ်ခုခု ကူးစက်ခံရတဲ့အခါ ကိုယ်ခံအားကို လှုံ့ဆော်သလိုဖြစ်ပြီး Autoimmune reactionကြောင့် ဆီးချိုဖြစ်သွားပါတယ်။
အောက်ပါအချက်တွေလုပ်ရင် သင့်ဆီးချိုက ပိုဆိုးလာမှာပါ။
ဆရာဝန်အနေနဲ့ သင့်ရဲ့ ဆေးကုသမှုမှတ်တမ်းကို တောင်းပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေအပြင် သွေးထဲကသကြားဓာတ်ကို ပုံစံအမျိုးမျိုးနဲ့ တိုင်းပါလိမ့်မယ်။ အဲဒီစစ်ဆေးမှုတွေထဲမှာ fasting blood glulcose ၊ hemoglobin A1C [HbA1c] test နဲ့ glucose tolerance test တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ဓာတ်နဲ့ သွေးထဲက အဆီဓာတ်ကိုလည်း စစ်ဆေးပါမယ်။
ရေးသားသူ = Kyaw Thura Htun
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။