home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ
အအေးမိတယ်၊ ဖျားတယ်ဆိုတာက သာမန်လူတွေအတွက်တော့ အသေးအဖွဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဆီးချိုရှိသူတွေမှာတော့ အသေးအဖွဲမဟုတ်ပါဘူး။ အအေးမိတာ၊နှာစေးတာ၊ချောင်းဆိုးတာတွေအကုန်လုံးကသွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေနိုင်တဲ့ အခြေအနေတွေရှိနေတာပါ။ရောဂါကြောင့်ရောသောက်သုံးရတဲ့ဆေးဝါးတွေကြောင့်ပါ ခန္ဓါကိုယ်မှာ ထိခိုက်တာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ ဖျားနာတဲ့အခါ ပုံမှန်ပြုစုစောင့်ရှောက်တာထက် ပိုပြီး ဂရုစိုက်ဖို့လိုပါမယ်။

ဖျားနေချိန်မှာ ဘာလို့သွေးတွင်းသကြားဓါတ်ြမင့်တက်ရတာလဲ….

အဖျားရှိတဲ့အခါ ခန္ဓါကိုယ်က ကိုယ်တွင်းကိုရောက်လာတဲ့ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမှာ အင်ဆူလင်ထွက်ရှိမှုကိုနှေးစေပြီးသွေးတွင်းသကြားဓါတ်ကမြင့်တက်လာနိုင်ပါတယ်။

တကယ်လို့ အမျိုးအစား – ၁ ဆီးချိုရောဂါသာရှိနေမယ်ဆိုရင် ဒီအခြေအနေက ထိန်းချုပ်ရခက်ခဲနိုင်ပြီးသွေးတွင်းမှာ အက်ဆစ်ဓါတ်တွေများလာပြီး အသက်အန္တရာယ် ထိခိုက်သည်အထိပြင်းထန်လာနိုင်ပါတယ်။ တကယ်လို့ အမျိုးအစား -၂ ဆီးချိုရောဂါကို ခံစားနေရသူတစ်ယောက်အနေနဲ့ အဖျားဝင်မယ်ဆိုရင် သွေးတွင်းသကြားဓါတ်က အဆမတန်မြင့်တက်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ ကိုမာဝင်တာမျိုးဖြစ်သွားနိုင်ပါတယ်။

ဆီးချိုရှိသူတစ်ယောက် ဖျားနာပြီဆိုရင် ဘာတွေလုပ်ဖို့လိုမလဲ……

ဆီးချိုရှိသူတစ်ယောက်ဖျားနာပြီဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။

ဆီးချိုဆေးတွေဆက်သောက်ပါ – ဖျားနေချိန်မှာသွေးချိုက ပုံမှန်ထက်မြင့်တက်နိုင်တာကြောင့်နေ့စဉ်သောက်သုံးနေရတဲ့ ဆီးချိုဆေးတွေကို ဆက်လက်သောက်သုံးပေးပါ။ အင်ဆူလင်ထိုးနေသူတွေအနေနဲ့လည်း အင်ဆူလင်ဆက်ထိုးပေးပါ။

သွေးတွင်းသကြားဓါတ်ကို မကြာမကြာစစ်ဆေးပါ – ဖျားနေချိန်မှာသွေးတွင်းသကြားဓါတ်ကို ၃ နာရီခြားတစ်ခါ ဒါမှမဟုတ် ၄ နာရီခြားတစ်ခါ သွေးချိုတိုင်းပေးပါ။သွေးတွင်းသကြားဓါတ်မြင့်နေခဲ့မယ်ဆိုရင် ပုံမှန်ထက် အင်ဆူလင်ကို ပမာဏတိုးပြီး အသုံးပြုပေးပါ။

နည်းနည်းချင်းစီ စားပေးပါ – ဖျားနေချိန်မှာ အစားမစားချင်ရင်တောင် အစာကြေလွယ်မယ့် အစားအစာလေးတွေကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားပေးပါ။ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ အစားလုံးဝမစားဘဲနေမယ်ဆိုရင် သွေးတွင်းသကြားဓါတ်ထိုးကျသွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။

ရေသောက်ပေးပါ – အဖျားကျစေဖို့အတွက်ရောသွေးတွင်းသကြားဓါတ်ကိုပါ ထိန်းညှိနိုင်စေဖို့အတွက်ရေကို လုံလောက်စွာသောက်ပေးပါ။ရေဓါတ်ြပည့်ဝနေမှုကလည်း ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်တဲ့ အချက်တွေထဲကတစ်ခုပါ။

ကိုယ်အလေးချိန်ချိန်ပေးပါ – ခန္ဓါကိုယ်က အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားမယ်ဆိုရင် ဒါက သွေးတွင်းသကြားဓါတ်မြင့်တက်နေတယ်ဆိုတဲ့ လက္ခဏာပါ။ ဒါကြောင့် ဖျားနေတဲ့အချိန်အတွင်းမှာ ကိုယ်အလေးချိန်တိုင်းတာကလည်း လုပ်ပေးဖို့လိုပါမယ်။

အဖျားတိုင်းပါ – ကိုယ်တွင်းမှာ အဖျားရှိနေတာကရောဂါတစ်ခုခုခံစားရတော့မယ်၊ ခံစားနေရတယ်ဆိုတာကိုဖော်ပြတဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် မနက်ခင်းတိုင်းမှာ အဖျားတိုင်းပေးဖို့လိုပါမယ်။

ပြည့်ပြည့်ဝဝအနားယူပါ – ဖျားနေတဲ့အချိန်မျာ ကိုယ်ခံအား ကောင်းလာစေဖို့ဆိုရင်ပြည့်ပြည့်ဝဝအနားယူဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဖျားနေချိန်မှာပြည့်ပြည့်ဝဝလေး အနားယူပေးပါ။

အဖျားကို ဘယ်လိုကာကွယ်မလဲ……..

အဖျားကို မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ သာမန်လူတွေအတွက်တောင်ခံရခက်တဲ့အဖျားကို ဆီးချိုရှိသူတွေအနေနဲ့က မဖြစ်လေကောင်းလေပါ။ ဒါကြောင့် အဖျားမဖြစ်စေဖို့အတွက်

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Diabetes and Coldshttps://www.webmd.com/diabetes/guide/diabetes-colds#2 Accessed Date 23 August 2019

What should a person with diabetes do if they get sick with flu or cold?https://www.google.com/search?q=what+can+diabetics+take+for+a+cold&sa=X&ved=2ahUKEwjmtpSFg5jkAhXEM48KHbQcBggQ1QIoAHoECAoQAQ&biw=1242&bih=596Accessed Date 23 August 2019

Got a Cold or Flu, Plus Diabetes?https://www.webmd.com/diabetes/cold-flu-treatments-diabetes#1Accessed Date 23 August 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။