🔥 ရေပန်းစားသောအကြောင်းအရာ

Vagina discharge

ဆရာတိူ့ရှင့် ဖေဖော်ဝါရီလ ၁၈ရက်ကရာသီစလာပြီး၂၁ရက်ကပြီးပါတယ် March လ၄ရက်နဲ့ ၁၃ရက်နေ့မှာ ကောင်လေးနဲ့အကာအကွယ်သုံးပြီး အတူနေမိတယ်ရှင့် အခုမိန်းမကိုယ်က ယားယံပြီး အဖြူရောင်အရည်ဆင်းနေတာ အထဲမှာအဖြူဖတ်လေးတွေလည်းကပ်နေတယ်ရှင့် ကိုယ်ဝန်ရနိုင်လားရှင့်တခြားဘာပြသနာရှိနိုင်လဲရှင်

2
17k
မှတ်ချက် 11 ခု

မှတ်ချက် 11ခု

အဖြူဆင်းတာက ၃လပိုင်း ၁၁ရက်လောက်က စတာဆရာ မိန်းမကိုယ်ကယားယံပြီးတစ်ဆို့ဆို့နဲ့နေလိူ့ထိုင်လို့တော်တော်အဆင်မ​ေပြေပဲကုတ်ပဲကုတ်ချင်နေတာရှင့် အစပိုင်းရက်တွေက အဖြူမဆင်းပဲယားပဲနေပြီး ၁၄ရက်လောက်မှအဖြူစဆင်းတာဆရာ စစတုန်းက အရည်ကျဲနဲ့ေဘာင်းဘီစိုသွားတော့လဲလိုက်ရတယ်ရှင့် ဖြူပြီးစေးကပ်တယ်လို့ထင်ထားပေမယ့် တစ်ရှူးနဲ့အသာလေးယူကြည့်တာအစိမ်းနုရောင်ဖြစ်နေတယ်ရှင့် ပြီးတော့ daily padအသေးလေးခံကြည့်တော့လည်းအဲ့လိုပဲဆရာ အရောင်မပြောင်းသွားဘူး အများကြီးမဟူတ်ပဲ padအသေးလေးမှာပေတယ်ဆိုယုံလေးပဲရှင့် တစ်ရှူးနဲ့ ယူကြည့်ရင်တော့ နည်းနည်းပါလာတာလောက်ပဲရှိတာဆရာ အမြှူပ်လည်းမထသလိုအဖြူဖတ်တွေလည်းမကပ်ဘူးရှင့် daily padအသေးလေးနဲ့ညအိပ်ပြီး မနက်နိုးရင်တော့ ကန်တော့ဆရာ ဒိန်ချဥ်လိူအနံ့ရတယ်ရှင့် ဆီးသွားရတာတော့ပုံမှန်ပါပဲ ဒါမယ့်အဝနားကအရင်ရက်တွေက မသိပဲကုတ်မိထားတာရှိတော့နည်းနည်းတော့စပ်တယ်ရှင့်တခြားဆီးလမ်းကြောင်းက ပူတာနာတာတော့မရှိပါဘူး ေသွးလည်းမဆင်းဘူးရှင့် ဖျားလည်းမဖျားပဲစားသောက်တာက ပုံမှန်လိုပဲဆရာ နဂိုတညကအစားနည်းတဲ့ထဲပါတယ်ရှင့် ဝမ်းကလည်းတစ်နေ့၂ခေါက်ပုံမှန်သွားတယ်ရှင့် အခုမိန်းမကိုယ်ကယားနေပြီး အထဲကိုဖိပြီးတိူ့ကြည့်ရင်အစိမ်းနုရောင်လေးတွေထွက်လာတာကလွဲရင် အကုန်အဆင်ပြေပါတယ်ဆရာ နယ်ဘက်ဆိုတော့ ဆေးခန်းလည်းမရှိလိူ့ပါဆရာ ကျေးဇူးပြုပြီး ပြောပြပေးပါအူးရှင်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တစ်ရက်နှစ်ကြိမ်ဖြစ်တဲ့အတွက် မနက်တစ်ကြိမ် ညတစ်ကြိမ်ဆိုရပါတယ်

အားဆေးအနေနဲ့သောက်တာကရပါတယ်

ဒါပေမယ်​့ အစားအသောက်သေချာစားရင်အားဆေးတွေမလိုပါဘူးသမီးရေ

အကုန်အကျလည်းသက်သာ ဆေးသောက်ရတာလည်းသက်သာတာပေါ့

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr Minn Phone Myint

ဟူတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ရှင့် ဆေးတွေကတော့အားဆေးအနေနဲ့သောက်တာပါရှင့် အဆင်မပြေလ်ူ့လားရှင်

ပြီးတော့ metronidazole က ဘယ်နှနာရီခြားရမယ်ဆိုတာရောရှိသေးလားဆရာ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖြူဆငိးတာအတွက်ကတော့ Metronidazole 500mg ကိုတစ်ရက်နှစ်ကြိမ် ကို ၇ရက်သောက်ပေးပါ

ဒီဆေးသောက်နေတဲ့အတောအတွင်းနဲ့ ၇ရက်ပြည့်အောင်သောက်ပြီးနောက်ထပ် အနည်းဆူံး ၄၈နာရီအတွင်း alcoholပါတာဘာကိုမှမသောက်ပါနဲ့

အခု​​​သောက်နေတဲ့ဆေးတွေက ဒီတိုင်းအားဆေးအနေနဲ့သောက်တာလား ဘာအတွက်သောက်နေတာလဲ?

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Minn Phone Myint

ဆေးကမတည့်တာမရှိပါဘူးရှင့် တားဆေးတော့မသောက်ဖူးဘူးဆရာ အမြဲcondomသူံးဖြစ်ပါတယ်ရှင့် လက်ရှိက Trinamin,vit E,Vitahome အဲ့တာတွေသောက်နေပါတယ်ရှင့် ဘယ်ဆေးကို တစ်နေ့ဘယ်လောက်mgလောက်သောက်ရင်အဆင်ပြေမလဲဆရာ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
ပြန်လည်ဖြေကြားချက် 1ခုကို ဆက်ကြည့်မယ်။

အဖြူဆင်းတာကတော့ မိန်းမကိုယ်ပိုးဝင်နေတာဖြစ်နိုင်ပါတယ်

ဆရာဝန်နဲ့သေချာပြသပြီး ကုသမှူခံယူဖို့လိုအပ်ပါတယ်နော်

ရာသီကအခုထိမလာသေးတာလား

အကာအကွယ်သေချာသုံးတယ်ဆိုရင်တော့ ရနိုင်ချေနည်းပါတယ်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

သမီးရေ ဆေးခန်းကတော့ပြသင့်တာပေါ့လေ

ဆေးခန်းမရှိဘူးဆိုပေမယ့်လည်း ဒီတိုင်းဘာမှတိတိကျကျမသိရဘဲဆေးညွှန်းပေးလို့ကတော့ အဆင်မပြေပါဘူးသမီးရေ

ဒီတော့နည်းနည်းလေးမေးမယ်နော်

အဖြူဆင်းတာဘယ်လောက်ကြာပြီလဲ

ဘယ်လိုစဖြစ်လာတာလဲ

ပမာဏကောများလား(ရာသီလာသလောက် ဆင်းလား)

အနံဆိုးတွေနံတာကောရှိလား

တခြားကောဘာအနံ့တွေရှိသေးလဲ

ဆီးသွားရင်ပူတာ ကျငိတာကောရှိလား

ဆီးခဏခဏသွားရတာကောရှိလား

ဆီးသွားရခက်တာ ဆီးမထွက်တာကောရှိလား

အရောင်ကရော အစိမ်းဆိုတာသေချာလား

အမြှုပ်​လေးတွေပါသေးလား

ဆင်းတဲ့အရည်ကရော ဖြူဖြူပျစ်ပျစ်ကြီးတွေလား

အရည်ကျဲကျဲလိုလား

တခြားဒိန်ချဥ်ဖတ်လိုတွေမိန်းမကိုယ်မှာကပ်နေသေးလား

ဖျားတာကောဖြစ်သေးလား

မိန်းမကိုယ်မှာ အနာတွေဖြစိတာကောရှိလား

မိန်းမကိုယ်မှာ ပူပြီးခြောက်နေတာကောရှိလား

မိန်းမကိုယ်ထဲမှာ တစ်ခုခုတစ်ဆို့ဆို့ဖြစ်နေတာကောရှိလား

ဆီးစပ်ကိုက်တာကောရှိလား

သွေးဆင်းတာမျိုးတွေကောရှိလား

ဒီရက်ပိုင်းမှာ ရာသီရက်မဟုတ်ဘဲ သွေးဆင်းတာမျိုးတွေကောရှိလား

ဆီးခုံအပေါ်နားနဲ့ ဗိုက်နားမှာ အလုံးလိုစမ်းမိတာမျိုးကောရှိလား

ဆီး ဝမ်းကော ပုံမှန်ပဲသွားလား

ဆီးချုပ်ဝမ်းချုပ်ဖြစ်သေးလား

အစားအသောက်ပျက်တာ ဝိတ်ကျသွားတာတွေကောဖြစ်သေးလား

တခြားကောဘာတွေဖြစ်သေးလဲ



လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr Minn Phone Myint

ဟူတ်ကဲ့ဆရာ အခုက မနေ့ညကမှအစိမ်းရောင်ဆိုတာသေချာသွားလိူ့ပါရှင့် ယားယံတာလည်းရှိတယ်ရှင့် တစ်နေ့အများဆူံး ဘယ်လောက်mgလောက်သောက်သင့်လဲပြောပြပေးပါနော် ပြီးတော့ ဘာတွေဆောင်ရရှောင်ရမလဲရှင်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

19ရက်နေ့ ပတ်ဝန်းကျင်မှာ ရာသီမလာဘူးဆိုရင် စစ်ကြည့်လို့ရပါပြီ

အစကပြောတော့ အဖြူဖတ်တွေပါတယ်ဆိုသမီး

ပိုးသတ်ဆေးတွေက ဘယ်ပိုးကြောင့်ဖြစ်တယ်ဆိုတာ အတိအကျမသိရဘဲ မသောက်သင့်ပါဘူးနော်


လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Minn Phone Myint

ဟုတ်ဆရာ expect period

က ၁၉ရက်နေ့လိူ့မှန်းထားလိူ့ပါ ဘယ်ရက်လောက် ကိုယ်ဝန်စစ်ကြည့်လို့ရနိုင်မလဲရှင်

အဖြူဆင်းတာက အစိမ်းရောင်ဘက်သွားလိူ့ Trichomoniasis လိူ့ယူဆတယ်ဆရာ metronidazole ဘယ်လောက်mgသောက်သင့်လဲရှင့် ဆေးခန်းလည်းမရှိလိူ့ပါ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်