ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

ကင်ဆာကြောင့် နာကျင်မှုအား သက်သာအောင် ဘယ်လိုလုပ်မလဲ

ကင်ဆာဝေဒနာရှင်တစ်ဝက်လောက်က နာကျင်မှုကိုခံစားရပြီး ကင်ဆာကုသမှုခံယူနေတဲ့လူနာ ၃ ယောက်မှာ ၁ ယောက်က နာကျင်မှုကိုခံစားရပါတယ်။ ဒါကြောင့် ကင်ဆာရောဂါရှိတဲ့သူ အများစုက ကင်ဆာကြောင့် နာကျင်မှုခံစားရတယ်ဆိုတာ အမှန်ပါဘဲ။ တကယ်လို့ သင်က အဲဒီလူအများစုထဲမှာပါနေရင်လည်း စိတ်မပူပါနဲ့။ ဒီနာကျင်မှုတွေကို ထိန်းချုပ်ဖို့နည်းလမ်း အများကြီးရှိပါတယ်။ ဘာက နာကျင်မှုကိုဖြစ်စေတာလဲ ? အကြောင်းအရင်း သုံးမျိုး ရှိပါတယ်။ အကျိတ်ကြောင့်နာကျင်ခြင်း၊ ကုသမှုကြောင့်နာကျင်ခြင်း၊ ခွဲစိတ်ပြီးနာကျင်ခြင်း တို့ဖြစ်ပါတယ်။ ကင်ဆာကြောင့်နာကျင်မှုအများစုက အကျိတ်ဟာအရိုးပေါ်၊ အာရုံကြောပေါ် ဒါမှမဟုတ် တခြားကိုယ်တွင်းအင်္ဂါပေါ်ကို သွားဖိတဲ့အခါဖြစ်ပါတယ်။ နာကျင်မှုအဆင့်က နေရာကိုလိုက်ပြီးကွဲပြားပါတယ်။ ဥပမာ - အာရုံကြောနား သို့မဟုတ် ကျောရိုးနာ့ဗ်ကြောနားမှာ အကျိတ်သေးသေးလေးရှိနေရင် အရမ်းနာကျင်နိုင်ပါတယ်။ တခြားနေရာတွေမှာ အကျိတ်ကြီးကြီးဖြစ်လည်း သိပ်အနေမခက်စေပါဘူး။ နာကျင်မှုက ကင်ဆာကိုယ်တိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာနားက တစ်ရှူးတွေပျက်စီးမှုကြောင့်ပါ။ လူနာအနေနဲ့ chemotherapy၊ ဓါတ်ကင်ခြင်းနဲ့ […]


ပြန်ရည်ကျိတ်ကင်ဆာ

Hodgkin's Disease (ဟော့ကင်းပြန်ရည်ကြောသွေးကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက် Hodgkin’s Disease (ဟော့ကင်းပြန်ရည်ကြောသွေးကင်ဆာ) ကဘာလဲ။ Hodgkin’s ရောဂါသည် ပြန်ရည်ကြောစနစ်တွင် ဖြစ်ပွားသော သွေးကင်ဆာတစ်မျိုးဖြစ်သည်။ ပြန်ရည်ကြောသည် ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး အညစ်အကြေးများကို ဖယ်ရှားပေးပြီး ရောဂါပိုးများကို တိုက်ခိုက်ပေးသည်။ Hodgkin’s ရောဂါကို Hodgkin’s ပြန်ရည်အကျိတ်ရောဂါဟုလည်းခေါ်သည်။ ထိုရောဂါသည် ရောဂါပိုးများကို တိုက်ခိုက်နိုင်သော lymphocyte ဟုခေါ်သော သွေးဖြူဥများမှစတင်ဖြစ်ပွားသည်။ Hodgkin’s ရောဂါဖြစ်နေသောသူများတွင် ထိုဆဲလ်များပုံမှန်မဟုတ်ပဲ ပွားလာပြီး ပြန်ရည်ကြောတစ်လျောက် ပျံ့နှံ့သွားသည်။ ရောဂါဆိုးလာသည်နှင့် အမျှ သင့်ခန္ဓါကိုယ်သည် ရောဂါများကိုတိုက်ထုတ်ရန် ခက်ခဲလာသည်။   Hodgkin’s Disease (ဟော့ကင်းပြန်ရည်ကြောသွေးကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ။ Hodgkin’s ရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ သို့သော် အသက် ၁၅ နှစ်မှ ၄၀ အတွင်းနှင့် အသက် ၅၅ နှစ်ကျော်လျှင် ပိုဖြစ်နိုင်သည်။ သို့သော် ၎င်းရောဂါကို ဖြစ်နိုင်ချေကို […]


အခြားကင်ဆာများ

Tumor (အကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tumor (အကျိတ်) ကဘာလဲ။ အထဲမှာအရည် သို့မဟုတ်အစိုင်အခဲတွေရှိနေနိုင်တဲ့ပုံမှန်မဟုတ်တဲ့တစ်ရှူးအစိုင်အခဲကြီးကိုအကျိတ်လို့ ခေါ်ပါတယ်။ အကျိတ်ဆိုသည်မှာ ပျောက်ကင်းအောင်ကုသနိုင်တဲ့ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ၊်ကင်ဆာဖြစ်သွားနိုင်တဲ့အကျိတ၊်ကင်ဆာအကျိတ်စတာတွေကိုရည်ညွှန်းပါတယ်။အကျိတ်အမျိုးအစားအများကြီးရှိပါတယ်။ ပုံစံနဲ့သူတို့ ဖြစ်နေတဲ့တစ်ရှူးအမျိုးအစားပေါ်မူတည်ပြီးအမည်ပေးပါတယ်။ Tumor (အကျိတ်) က ဘယ်လောက်အဖြစ်များသလဲ နှစ်တစ်နှစ်တိုင်းမှာအကျိတ်ပုံစံအမျိုးမျိုးကို သန်းနဲ့ချီတဲ့လူတွေမှာတွေ့နေရပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတွေက်ုရှောင်ကြဉ်ခြင်းဖြင့်မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုတယ်ဆိုရင်ဆရာဝနိနဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   လက္ခဏာများTumor (အကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း စိတ်ကြွခြင်း အထိအတွေ့ကို မသိတော့ခြင်း၊ကိုယ်လက်လှုပ်ရှားမှုကိုမထိန်းချုပ်နိုင်ခြင်း သွေးပြန်ကြောအတွင်းသွေးခဲခြင်း အမြင်အာရုံဆုံးရှူံးသွားခြင်း အမူအရာအတွေးအခေါ်များပြောင်းလဲသွားခြင်း ဟော်မုန်းဆိုင်ရာပြောင်းလဲမှုများရှိခြင်း လက္ခဏာတွေဟာအကျိတ်အမျိုးအစား၊အရွယ်အစား၊နေရာနဲ့ကုသမှူုတွေပေါ်မူတည်နေပါတယ်။ ခွဲစိတ်ကုသခြင်း၊ဓါတ်ရောင်ခြည်ကုထုံး၊ ဓါတုကုထုံးတွေနဲ့ အခြားသောကုထုံးတွေကြောင့် လက္ခဏာအသစ်တွေလည်း ပေါ်လာနိုင်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့အခြားလက္ခဏာတွေလည်းရှိနေနိုင်ပါသေးတယ်။ သင့်မှာရောဂါလက္ခဏာတစ်ခုခုများရှိနေလားဆိုပြီးစိုးရိမ်နေတယ်ဆိုရင်ဆရာဝန်နဲ့သွားပြဆွေးနွေးသင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာတစ်ခုခုရှိခဲ့မယ်ဆိုရင်သို့မပါုတ်မေးခွန်းတွေရှိမယ်ဆိုရင်သွားပြသင့်ပါတယ်။ လူတစ်ဦးချင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုချင်းမတူနိုင်ပါဘူး။ သင့်အခြေအနေအတွက်ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာအကောင်းဆုံးပါပဲ။ အကြောင်းရင်းများTumor (အကျိတ်) ကိုဘာတွေကဖြစ်စေသလဲ များသောအားဖြင့်တော့တစ်ရှူးတွေ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲပွားများခြင်းကြောင့်ဖြစ်ပါတယ်။ သာမန်မှာဆိုရငခန္ဓါကိုယ်ဟာဆဲလ်ကြီးထွားမှုတွေကွဲပွားမှုတွေကိထိန်းညှိပေးနိုင်ပါတယ်။ အိုမင်းပျက်စီးသွားတဲ့ဆဲလ်တွေဟာသေသွားရပါတယ်။ သေသွားတဲ့ဆဲလ်တွေနေရာမှာကောင်းမွန်တဲ့ဆဲလ်အသစ်တွေ အစားထိုးရပါတယ်။ အိုမင်းသွားတဲ့ဆဲလ်တွေကမသေဘဲ ဆဲလ်အသစ်တွေထပ်ထပ်ပွားနေခြင်းကြောင့်အကျိတ်ဖြစ်ရပါတယ်။ ကင်ဆာဆဲလ်တွေဟာလည်းအလားတူပဲကြီးထွားပွားများလာပါတယ်။ သာမန်အကျိတ်တွေနဲ့ မတူတာကတော့ကင်ဆာကျိတ်တွေဟာအနီးအနားမှာရှိတဲ့တစ်ရှူးတွေ၊အခြားအစိတ်အပိုင်းတွေကိုပျံ့နှံ့ သွားနိုင်ခြင်း ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများငါ့ဆီမှာ Tumor (အကျိတ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ ဖစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ပတ်ဝန်းကျင် ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့နေရခြင်းကြောင့် ဦးနှောက်အကျိတ်ဖြစ်နိုင်ခြေများပါတယ်ကိုယ်ဝန်ဆောင်မိခင်တွေအသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ စားသုံးခြင်း၊ကလေးတွေအသီးအနှံ ၊ ဟင်းသီးဟင်းရွက်တွေ […]


သွေးကင်ဆာ

Blood Cancer (သွေးကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blood Cancer (သွေးကင်ဆာ) ကဘာလဲ။ သွေးကင်ဆာဆိုတာကတော့ သွေးဆဲလ် ထုတ်လုပ်မှုနဲ့ သွေးဆဲလ်ရဲ့လုပ်ငန်းဆောင်တာတွေကိုထိခိုက်မှု ဖြစ်စေတာဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီတွေမှာအစပြုပြီးတော့ သာမန်ကောင်းမွန်တဲ့သွေးနီဥတွေကိုသူတို့ အလုပ်မလုပ်နိုင်အောင် တားဆီးနေတာဖြစ်ပါတယ်။ သွေးကင်ဆာမှာ အဖြစ်များသော အမျိုးအစား သုံးမျိုးရှိပါတယ်။ သွေးဖြူ ဥကင်ဆာ ( Leukemia) ဒီကင်ဆာကတော့ ရောဂါပိုးတွေတိုက်ခိုက်တဲ့ သွေးဖြူ တွေကို မလုပ်နိုင်အောင် တားဆီးတာဖြစ်ပါတယ်။ လူတစ်ယောက်မှာ သွေးဖြူဥကင်ဆာဖြစ်ရင် သူ့ရဲ့ ရိုးတွင်းခြင်ဆီကနေ သုံးစွဲဖို့လုံလောက်တဲ့ သွေးနီဥတွေ နဲ့ သွေးမွှားဥတွေကို မထုတ်လုပ်နိုင်တော့ပါဘူး။ ဒီရောဂါဟာ ခဏတာဖြစ်နိုင်သလို ရေရှည်လည်းဖြစ်နိုင်ပါတယ်။ နာတာရှည်ဟာ ပိုဆိုးရွားပြီး အန္တရာယ်လည်းဖြစ်ပါတယ်။ ပြီးတော့လည်း အဖြစ်အများဆုံးဖြစ်ပါတယ်။ Lymphoma ဒီကင်ဆာကတော့ သွေးဖြူ ဆဲလ်တစ်မျိုးဖြစ်တဲ့ lymphocyte (ပြန်ရည်ကျိတ်ဆဲလ်)တွေမှာဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မူမမှန်တဲ့lymphocyte တွေဟာ ကိုယ်ခံအားစနစ်ကို ပျက်ယွင်းစေပါတယ်။ ပြီးတော့ အခြားအပြင်းစားရောဂါတွေကို ကာကွယ်ဖိုဲအတွက်ချို့ယွင်းစေပါတယ်။ ရိုးတွင်းခြင်ဆီ […]


အသည်းကင်ဆာ

အသည်းကင်ဆာဝေဒနာသည်အတွက် အာဟာရများ

အသည်းကင်ဆာအတွက် အာဟာရဆိုင်ရာနည်းလမ်းများ အသည်းကင်ဆာကုသမှုများတွင် မလိုလားအပ်သောဆိုးကျိုးများစွာရှိသည်။ မအီမသာဖြစ်ခြင်း၊ အစားအစာများအရင်ကကဲ့သို့ အရသာမရှိတော့ခြင်းတို့ ခံစားရနိုင်သည်။ ၎င်းသည် ကျန်းမာသောစားသောက်မှုကိုထိန်းသိမ်းရန် ခက် ခဲစေသည်။ လက်မြောက်အရှုံးမပေးသင့်ပါ။ စိတ်ဓါတ် တက် ကြွအောင်နေပြီးအသည်းကိုထောက်ပံ့ပေးသောကျန်းမာသောအစားအစာများကိုစားသုံးရန် အရေးကြီးသည်။ ကျန်းမာသောအစားအစာများစားသုံးရန် နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါသည်။   အသည်း၏ အခန်းကဏ္ဍကဘာလဲ။ အသည်းအတွက် စားသောက်မှုပုံစံကိုမကျင့်သုံးမီအသည်းအကြောင်းပိုမိုနားလည်အောင် ပြုလုပ်ရအောင်။ အသည်းသည် ခန္ဓါကိုယ်မှ အစာခြေခြင်း၊ သွေးတွင်း အန္တရာယ်ရှိသောအဆိပ်အတောက်များကိုဖယ်ရှားခြင်း နှင့် စွမ်းအင်ကိုနောက်ပိုင်းတွင် ပြန်လည် သုံးစွဲနိုင်ရန် သကြားအဖြစ် သိမ်းဆည်းခြင်းစသည်တို့တွင် ကူညီပေးသောအရေးပါသောကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါသည်။ အသည်းသည်အစာခြေသောလုပ်ငန်းတွင် ကူညီပေးသောသည်းခြေရည်ကိုထုတ်ပေးပါသည်။ အသည်ကင်ဆာဖြစ်ပါကအသည်း၏ လုပ်ငန်းများပျက် ပြားပါသည်။ ခန္ဓါကိုယ်တစ်လျှောက် အန္တရာယ်ရှိသောသက်ရောက်မှုများကိုဖြစ်စေသည်။ ရောဂါ ပျံ့ပွားမှု အခြေအနေကို နှေးစေသောအကောင်းဆုံးနည်းလမ်းမှာအသည်းကိုကျန်းမာစေသောအစားအစာများစားသုံးခြင်း ဖြစ်သည်။   အသည်းကင်ဆာအတွက် ကျန်းမာသောစားသောက်မှုပုံစံကိုဘယ်လိုဖန်တီးမလဲ။ အစားအစာပိရမစ်ပုံကိုကြည့်ပါကကျန်းမာရေးအတွက် လိုအပ်သောအာဟာရ ၅မျိုးရှိကြောင်း သိနိုင်သည်။ ဗီတာမင်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်၊ ပရိုတိန်း နှင့် အဆီပါသောအစားအစာတို့ဖြစ်သည်။ […]


အသည်းကင်ဆာ

အသည်းကင်ဆာရှိပါက ရှောင်ရမည့် အစာများ

အသည်းကင်ဆာရှိပါကရှောင်ရမည့် အစာများ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရအသည်းကင်ဆာသည် အမျိုးသားများတွင် ငါးခုမြောက် အဖြစ်အများဆုံးကင် ဆာဖြစ်သည်။ အသည်းကင်ဆာကဲ့သို့ ဆိုးရွားသောကျန်းမာရေး ပြဿနာများ ဖြစ်ပါကအသည်း ပြန်လည်ကောင်းမွန် စေမှုကိုကူညီရန် အာဟာရ ကြွယ်ဝသောကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားရန် လိုအပ်သည်။ အသည်းကင်ဆာဖြစ်ပါကရှောင်ကြဉ်သင့်သောအစားအစာအချို့ကိုအောက်တွင် ဖော်ပြထားသည်။   ဆားလျော့သုံးခြင်းဖြင့် အသည်းကိုကူညီပါ အရသာရှိရန် ဆားထည့်ရသည် ဆိုသည်ကိုအချို့ စားဖိုမှူးများပြောခြင်းသို့မဟုတ် ချက်ပြုတ်မှု အညွှန်းတွင် ရေးထားခြင်းကိုသင် မြင်ဖူးကြားဖူးလိမ့်မည်။ ဆားကိုအရသာရှိရန် သုံးသည်။ ဆားသည် အခါးဓါတ်ကိုလျော့ချပေးသည်။ စိတ်မကောင်းစွာဖြင့်ပင် အသည်းကင်ဆာဖြစ်ပါကဆားအသုံးပြုခြင်းကို ဖြတ်တောက်ရလိမ့်မည်။ အသည်းကင်ဆာ၏ ရောဂါလက္ခဏာများသည် ဆားနှင့် ဆားများများပါသောအစားအစာများစားပါကပိုဆိုးလာနိုင်သည်။ ဆားသည် အသည်းရှိ ရောင်ရမ်းမှု လက္ခဏာများကို နှိုးဆော်ပြီးပိုဆိုးစေနိုင်ပါသေးသည်။ ဆားသည် အသည်းတွင် ရေစုပြုံခြင်းကို ဖြစ်စေပြီးဖောရောင်စေသည်။ ဆားသည် ခန္ဓါကိုယ်ကိုရေပိုစုပ်စေပြီးရေများထိန်းသိမ်းထားစေသည်။ အစားအစာတွင် ဆားသုံးခြင်းကိုရှောင်ရုံသာမကအခြားဆားရင်းမြစ်များကိုလည်း ကြည့်သင့်သည်။ ထုပ်ပိုးထားသောအသင့်စားထုတ်ကုန်များ၊ စွပ်ပြုတ်ဘူး၊ အအေးခံထားသောညစာများ နှင့် […]


အသည်းကင်ဆာ

အသည်းကင်ဆာဖြစ်ပြီးနောက် နေထိုင်မှုပုံစံပြောင်းလဲမှုများ

အသည်းကင်ဆာဖြစ်ပြီးနောက် နေထိုင်မှုပုံစံပြောင်းလဲမှုများ ကင်ဆာဖြစ်ပြီးနောက် လူနာများသည် စိတ်ဓါတ်ကျမှု ခံစားရသည်။ လူအများစုသည် ကင်ဆာပြန်ဖြစ်မည်ကိုစိုးရိမ် ရင်းနေထိုင်ကြရသည်။ လူနာများ၏ တစ်ဝက်မှ သုံးပုံနှစ်ပုံသည် ခွဲစိတ်ပြီး ၅ နှစ်အကြာတွင် ကင်ဆာပြန်ဖြစ်ခြင်း၊ ပထမကင်ဆာမှ ပျံ့ပွားခြင်းသို့မဟုတ် လက်ကျန်ကင်ဆာမှ အ သည်းကင်ဆာအသစ် ဖြစ်ပွားခြင်းစသည်တို့ ကြုံတွေ့ရ သည်။ မေးလိုသည်မှာလူနာများသည် ကင်ဆာဖြစ်ပြီးနောက် ပိုကောင်းမွန်သောဘဝရရန် စိတ်ဓါတ်ကိုဘယ်လိုမြင့်တင် ရမလဲပင်ဖြစ်သည်။   ၁။ မောပန်းနွမ်းနယ်မှုကိုရင်ဆိုင်ပါ။ ကင်ဆာလူနာများသည် အလွန်အမင်းမောပန်းခြင်းကိုခံစားရသည်။ ပုံမှန် မောပန်းခြင်းမျိုးမဟုတ်ဘဲအနားယူခြင်း ဖြင့် မသက်သာနိုင်သောစိတ်ရောကိုယ်ပါ မောပန်းခြင်း ဖြစ် သည်။ ကုသမှုအပြီးအချိန်ကြာစွာ ဖြစ်ပေါ်ပြီးနေ့စဉ် လှုပ်ရှားမှုများမလုပ်နိုင်အောင် တားဆီးပါသည်။ သို့သော်လည်းလေ့ ကျင့်ခန်းလုပ်ခြင်းဖြင့် ထိုအခြေအနေကိုတိုးတက်ကောင်းမွန် အောင် လုပ်နိုင်သည်။ သက်သေအနေဖြင့် လိုအပ်ချက်များ နှင့် ဆက်နွယ်သောလေ့ကျင့်ခန်းအစီအစဉ်များလုပ်သောလူများသည် ပိုကောင်းသောရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအခြေအနေများကိုရကြသည်။ အရေးကြီးသောအချက်မှာရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု အားလုံးသည် သင်၏ ကျန်းမာရေးအခြေအနေနှင့် သင့်လျော်ရန် […]


အသည်းကင်ဆာ

အသည်းကင်ဆာ ကုသမှုအတွင်း အာဟာရဆိုင်ရာ ကုထုံးများ

အသည်းကင်ဆာအတွက် အာဟာရဆိုင်ရာနည်းလမ်းများ အသည်းကင်ဆာကုသမှုများတွင် မလိုလားအပ်သောဆိုးကျိုးများစွာရှိသည်။ မအီမသာဖြစ်ခြင်း၊ အစားအစာများအရင်ကကဲ့သို့ အရသာမရှိတော့ခြင်းတို့ ခံစားရနိုင်သည်။ ၎င်းသည် ကျန်းမာသောစားသောက်မှုကိုထိန်းသိမ်းရန် ခက် ခဲစေသည်။ လက်မြောက်အရှုံးမပေးသင့်ပါ။ စိတ်ဓါတ် တက် ကြွအောင်နေပြီးအသည်းကိုထောက်ပံ့ပေးသောကျန်းမာသောအစားအစာများကိုစားသုံးရန် အရေးကြီးသည်။ ကျန်းမာသောအစားအစာများစားသုံးရန် နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါသည်။   အသည်း၏ အခန်းကဏ္ဍကဘာလဲ။ အသည်းအတွက် စားသောက်မှုပုံစံကိုမကျင့်သုံးမီအသည်းအကြောင်းပိုမိုနားလည်အောင် ပြုလုပ်ရအောင်။ အသည်းသည် ခန္ဓါကိုယ်မှ အစာခြေခြင်း၊ သွေးတွင်း အန္တရာယ်ရှိသောအဆိပ်အတောက်များကိုဖယ်ရှားခြင်း နှင့် စွမ်းအင်ကိုနောက်ပိုင်းတွင် ပြန်လည် သုံးစွဲနိုင်ရန် သကြားအဖြစ် သိမ်းဆည်းခြင်းစသည်တို့တွင် ကူညီပေးသောအရေးပါသောကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါသည်။ အသည်းသည်အစာခြေသောလုပ်ငန်းတွင် ကူညီပေးသောသည်းခြေရည်ကိုထုတ်ပေးပါသည်။ အသည်ကင်ဆာဖြစ်ပါကအသည်း၏ လုပ်ငန်းများပျက် ပြားပါသည်။ ခန္ဓါကိုယ်တစ်လျှောက် အန္တရာယ်ရှိသောသက်ရောက်မှုများကိုဖြစ်စေသည်။ ရောဂါ ပျံ့ပွားမှု အခြေအနေကို နှေးစေသောအကောင်းဆုံးနည်းလမ်းမှာအသည်းကိုကျန်းမာစေသောအစားအစာများစားသုံးခြင်း ဖြစ်သည်။   အသည်းကင်ဆာအတွက် ကျန်းမာသောစားသောက်မှုပုံစံကိုဘယ်လိုဖန်တီးမလဲ။ အစားအစာပိရမစ်ပုံကိုကြည့်ပါကကျန်းမာရေးအတွက် လိုအပ်သောအာဟာရ ၅မျိုးရှိကြောင်း သိနိုင်သည်။ ဗီတာမင်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်၊ ပရိုတိန်း နှင့် အဆီပါသောအစားအစာတို့ဖြစ်သည်။ […]


အသည်းကင်ဆာ

အသည်းကင်ဆာသုတေသန နှင့် ကုသမှု နည်းလမ်းသစ်များ

အသည်းကင်ဆာဟာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုး ဖြစ်ပါတယ်။ အခုအချိန်အထိ အသည်းကင်ဆာကို ကာကွယ်ဖို့ ကုသဖို့ ထိရောက်တဲ့ နည်းအနည်းငယ်သာ ရှိပါသေးတယ်။ ဒါပေမယ့် အသည်းကင်ဆာကို ကာကွယ်ကုသဖို့ သုတေသန ပြုလုပ်ပြီး ရှာဖွေနေကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ အသည်းကင်ဆာ ကို ပိုမိုကာကွယ်နိုင်ဖို့ ဖြစ်စေတဲ့ အချက်တွေကို မဆုံးနိုင်အောင် ရှာဖွေနေကြသလို ဆရာဝန်တွေကလည်း ကုသမှုကို တိုးတက်လာစေဖို့ ကြိုးစားနေကြပါတယ်။ အသည်းကင်ဆာ သုတေသနမှာ တိုးတက်မှုတွေ အများကြီး ရှိပါတယ်။ ကုသမှု အခုအချိန်မှာတော့ အသည်းကင်ဆာကို ကုသဖို့ နည်းလမ်းများစွာ ရှိပါတယ်။ အသည်းဖြတ်ထုတ်ခြင်း - ခွဲစိတ်ပြီး အသည်း တစ်စိတ်တစ်ပိုင်းကို ဖြတ်ထုတ်ခြင်း ဖြစ်ပါတယ်။ အသည်းအစားထိုးခြင်း Artery embolization - အကျိတ်ကို ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေကို ပိတ်ဆို့ခြင်း Radiofrequency ablation […]


အသည်းကင်ဆာ

အသည်းကင်ဆာ ဓါတ်ရောင်ခြည်ကုသမှု

အသည်းကင်ဆာဟာ အသည်းထဲမှာ ရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ သူတို့ရှိရမယ့်နေရာထက်ပိုပြီး လျင်မြန်စွာ ပွားခြင်းကြောင့် ဖြစ်လာခြင်းဖြစ်ပါတယ်။ လူအချို့က အသည်းကင်ဆာကို ကုသဖို့အတွက်နဲ့ နာကျင်မှု ဖြစ်ပေါ်စေတဲ့ ဖိအားကို သက်သာစေဖို့ ဓါတ်ရောင်ခြည်ကုသမှုကို ရွေးချယ်ကြပါတယ်။ ဓါတ်ရောင်ခြည်ကုသမှု ဆိုတာဘာလဲ။ ဓါတ်ရောင်ခြည်ကုသမှု ဟာ ပစ်မှတ်ထားတဲ့ စွမ်းအင်တွေ (ဥပမာ X-rays၊ ရေဒီယိုသတ္တိကြွပစ္စည်း) ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို သတ်ဖို့၊ အကျိတ်ကို ကျုံ့သွားစေဖို့နဲ့ ကင်ဆာနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေကို လျော့ကျစေဖို့ အသုံးပြုကြပါတယ်။ သူ့ကို အောက်ပါအချက်တွေမှာလည်း သုံးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးဖို့ အဓိက ကုသမှု အဖြစ် ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်းကို တားမြစ်ဖို့အတွက် အခြားကုသမှုတွေနဲ့ ပေါင်းစပ်ကုသခြင်း အကျိတ်ကို ကျုံ့သွားစေဖို့ အခြားကုသမှုတစ်ခု မစတင်မီ ကျန်နေတဲ့ ကင်ဆာဆဲလ်တွေ ပွားလာခြင်းကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း