သွေးအားနည်းရောဂါများ

သွေးအားနည်းရောဂါများ ဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့အတွက် ဖြစ်ရတဲ့ အကြောင်းရင်း၊ လက္ခဏာနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးအားနည်းရောဂါများ

သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါ ဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။ သွေးအားနည်းတာက အချို့သောကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီဆောင်းပါးလေးထဲမှာ သွေးအားနည်းရောဂါ (Anemia) နဲ့ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ သွေးအားနည်းရောဂါ (Anemia) ဆိုတာ ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ် ထဲမှာ ဟေမိုဂလိုဘင်ဓာတ်တွေ နည်းသွားတဲ့အခါ သွေးအားနည်းရောဂါ (Anemia) ဖြစ်လာပါတယ်။ သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေသယ်ပို့ပေးတာပါ။ သွေးနီဥဆဲလ်အရေအတွက် နည်းသွားတဲ့အခါ  ကိုယ်ထဲမှာ အောက်ဆီဂျင်ပမာဏ ကျသွားတတ်ပါတယ်။ သွေးအားနည်းရောဂါရဲ့ အတွေ့ရ အများဆုံး လက္ခဏာက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မရောက်ရှိတာပါ။ သွေးအားနည်းရောဂါ ခံစားနေရသလားဆိုတာကို သွေးနီဥဆဲလ်တွေထဲက ပရိုတင်း တစ်မျိုးဖြစ်တဲ့ ဟီမိုဂလိုဘင်ကို တိုင်းတာပြီး သိရှိနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ […]

သွေးအားနည်းရောဂါများ ကို ရှာဖွေမည်။

သွေးအားနည်းရောဂါများ

သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ။ ။

သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ က ဘာတွေဖြစ်မလဲ...... သံဓါတ် ပြည့်ဝစေဖို့ ဆိုရင် စားပေးသင့်တာလေးတွေ ရှိပါတယ်။ အစားအသောက်တိုင်းကတော့ သူအာဟာရနဲ့သူ ရှိကြတဲ့သူချည်းပါပဲ။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို တစ်ချို့ အစားအသောက်တွေက ဆေးဖြစ်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားကလည်းရှိသေးတော့ များများစားမိရင် ဘေးဖြစ်စေတဲ့ အစားအသောက်တွေကလည်း တစ်ပုံကြီးပါ။ ခုပြောပြမယ့် ဆောင်းပါးလေးကတော့ သံဓါတ်အားနည်းတဲ့သူတွေအတွက် ဆေးဖြစ်ပေမယ့် သံဓါတ်များတဲ့သူတွေ အတွက် ဘေးဖြစ်စေမယ့် သံဓါတ်များတဲ့ အစားအသောက်တွေ အကြောင်းပြောပြပေးမှာပါ ။ ။ သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ။ ။ သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ကတော့ ( ၁ ) Shell fish ( အခွံမာပင်လယ်စာ) ဒီ အခွံမာတဲ့ပင်လယ်စာတွေကိုတော့ […]


သွေးအားနည်းရောဂါများ

ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်တွေက ဘာတွေများလဲ ။ ။

အရိုးဖွဲ့စည်းမှု စနစ်ကြီးဆိုတာ ကိုယ်ခန္ဓါမှာ အမာဆုံးနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါအချိုးအစားကို ပုံဖော်ပေးနေတဲ့အရာတစ်ခုပါ။ လှုပ်ရှားသွားလာရလွယ်ကူအောင်၊ အလေးအပင်မနိုင်အောင် အတွက်ပဲ အရိုး တွေက အလုပ်လုပ်ပေးတာမဟုတ်ပါဘူး။ ဒီ အရိုးထဲမှာရှိတဲ့ရိုးတွင်းခြင်ဆီက ဒါတွေအပြင် သွေးထုတ်လုပ်ပေးတဲ့ လုပ်ငန်းအပြင် အခြား လုပ်ငန်းတာဝန်တွေကိုလည်း ယူရပါသေးတယ်။ ဒီတော့ ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်တွေက ဘာများလဲ ။ ။ ရိုးတွင်းခြင်ဆီဆိုတာ ဘာလဲ။ ။ ရိုးတွင်းခြင်ဆီဆိုတာ အရိုးထဲမှာ တစ်ရှုးပွပွတွေနဲ့ဖွဲ့စည်းထားတဲ့ အရာဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီ ၂ မျိုးရှိပါတယ် Red Bone Marrow – သွေးဆဲလ်တွေထုတ်ပေးပြီး Yellow Bone Marrow - အဆီတွေ ကိုသိမ်းပေးပါတယ် ။ ဒါက အကြမ်းဖျင်းပဲရှိသေးတာပါ။ ဒီထက်ပိုပြီး အသေးစိပ်ကျတဲ့ ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတွေရှိပါတယ်။ ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်များ ။ ။ Red […]


သွေးအားနည်းရောဂါများ

သွေးအားနည်းရင် ဒါတွေစားပါ

သွေးအားနည်းရင် ဒါတွေစားပါ .............. သွေးအားနည်းလို့ ဆိုရင် အားဆေးတွေပဲ အားကိုးကြတာ များပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အားဆေးက မကယ်တင်နိုင်ပါဘူးနော်။ ဖြည့်စွက်အားဆေး ဆိုမှတော့ ဖြည့်စွက်ရမှာပေါ့။ ကျန်းမာရေးအတွက် အစာအာဟာရနဲ့ တွဲကူမှ ဖြစ်မှာပါ။ သွေးအားကောင်းစေမယ့်၊ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ ဆိုတာ ခက်ခက်ခဲခဲ ရှာဖို့ မလိုပါဘူး။ ကိုယ်နေ့တိုင်း စားသုံးနေတဲ့အထဲမှာကို ပါဝင်နေတာ ဆိုတော့ နည်းနည်း ပိုစားပေးရုံပေါ့။ မဟုတ်ဘူးလား။ သွေးအားနည်းရင် ဒါတွေစားပါ သွေးအားနည်းရင် ဒါတွေစားပါ - အမဲသား အမဲသား ရှောင်တဲ့သူ ဆိုရင်တော့ အောက်မှာ ဆက်ပြောမယ့် အစားအစာတွေထဲက ရွေးချယ်လို့ ရပါတယ်။ အမဲသားက သံဓါတ် များများရရှိနိုင်မယ့် အရင်းအမြစ် တစ်ခု ဖြစ်တဲ့အတွက် မကြာမကြာ စားသုံးပေးသင့် ပါတယ်။ ကြက်သား အမဲသား မစားဘူးဆိုလည်း ကြက်သား၊ ဘဲသားနဲ့ […]


သွေးအားနည်းရောဂါများ

သွေးနီဥအားနည်းတယ် ဘာတွေစားရမလဲ

အားနည်းနေသလိုခြေကုန်လက်ပမ်းကျသလိုခံစားနေရပြီလား။ ဒါတွေကသွေးအားနည်းမှုရဲ့ လက္ခဏာတွေဖြစ်နေနိုင်တယ်နော်။ တစ်နေ့တာရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ အားမရှိသလို ခံစားနေရပြီဆိုရင် ခန္ဓါကိုယ်ထဲမှာသွေးနီဥအားနည်းနေတာကြောင့်သွေးအားနည်းရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းမှာသွေးနီဥအားနည်းလာတဲ့အခါ ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင် ရောက်ရှိနိုင်မှုက ခက်ခဲလာပြီး ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံစားရနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေဆိုတာက သွေးနီဥဆဲလ်တွေက လူတွေရဲ့သွေးတွေထဲမှာ အများဆုံးတွေ့ရနိုင်တဲ့သွေးဆဲလ်တွေပါ။ ခန္ဓါကိုယ်က တစ်နေ့တာမှာသွေးနီဥဆဲလ် သန်းပေါင်းများစွာကို ထုတ်လွှတ်ပါတယ်။သွေးနီဥဆဲလ်တွေကို ရိုးတွင်းခြင်ဆီတွေကနေ ထုတ်လုပ်ပေးတာဖြစ်ပြီး ခန္ဓါကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀လောက်လှည့်လည် စီးဆင်းပါတယ်။ပြီးတဲ့နောက်မှာတော့ အသည်းဆီကိုရောက်ရှိသွားပြီးနောက်တစ်ကြိမ် အသစ်ဖြစ်ပေါ်မှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါတယ်။ သွေးနီဥအားနည်းနေရင် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ ခန္ဓါကိုယ်မှာသွေးနီဥအားနည်းနေတဲ့အခါ နှလုံးခုန်မြန်မယ် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲဖြစ်မယ် အရေပြားကဖျော့တော့နေမယ် သွားဖုံးတွေဖြူနေမယ် မကြာခဏဆိုသလို အရေပြားမှာ အညိုအမဲစွဲမယ် မကြာခဏခေါင်းကိုက်မယ် စတဲ့ ပင်ပန်းနေမယ် ကြွက်သားတွေ အားနည်းလာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ သွေးနီဥအားနည်းစေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ........ ခန္ဓါကိုယ်မှာသွေးနီဥ အားနည်းစေတဲ့အချက်က တစ်ခုမကရှိနေနိုင်ပါတယ်။သွေးနီဥအားနည်း အများစုကသွေးအားနည်းရောဂါကို ခံစားနေကြရတာပါ။ သံဓါတ်ချို့တဲ့မှုကြောင့် ဗီတာမင် B12 ချို့တဲ့မှုကြောင့် […]


သွေးအားနည်းရောဂါများ

သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါအတွက် စားသောက်မှုပုံစံ

သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဖော်လစ်အက်စစ်နဲ့ ဗီတာမင်B12 ချို့တဲ့ခြင်းတို့လဲ အပါအဝင်ပါပဲ။ သွေးအားနည်းရောဂါရဲ့ ဆိုလိုရင်းကတော့ သာမန်ထက် သွေးနီ်ဥအရည်အတွက် နည်းခြင်း။ ဒါမှမဟုတ် သွေးနီဥတစ်ခုချင်းစီမှာ ဟီမိုဂလိုဗင် နဂိုရှိသင့်တာထက်နည်းနေခြင်း။ ဖြစ်ပါတယ်။ ဘယ်ဆိုလိုရင်းပဲဖြစ်ဖြစ် သွေးထဲမှာ အောက်စီဂျင်နည်းသွားတာပါပဲ။ ထိုသို့ဖြစ်ခြင်းက ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ရှုတ်ခြင်း၊ သတိလစ်ခြင်းနဲ့ အသက်ရှုမဝခြင်းလိုမျိုး လက္ခဏာတွေ ရရှိလာစေပါတယ်။ သွေးအားနည်းရောဂါရဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး အခြားရောဂါလက္ခဏာတွေလည်း ရှိလာနိုင်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါဆိုတာဘာလဲ။ သံဓါတ်လုံလောက်စွာ ပါဝင်သော အစားအစာတွေကို မစားသုံးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အစားအသောက်ချို့တဲ့သော်လည်း သံဓါတ်လုံလောက်တယ်ဆိုရုံမျှရရှိနေကြသော လူအချို့မှာ အခြားအချက်တွေပါရောထွေးလာရင် သွေးအားနည်းရောဂါရရှိလာမှာပါ။ ဥပမာတွေကတော့ ကလေးတွေ ကြီးကောင်ဝင်လာခြင်းနဲ့ မိန်းမတွေမှာကိုယ်ဝန်ဆောင်ခြင်း၊ ရာသီအများအပြားလာခြင်းတို့ပဲဖြစ်ပါတယ်။ သတ်သတ်လွတ်သမားအချို့ရဲ့ စားသောက်မှုပုံစံမှာလည်း သံဓါတ်လုံလောက်စွာ မပါဝင်တတ်ကြပါဘူး။ သံဓါတ်ရဲ့ အရေးကြီးမှုတွေက ဘာလဲ။ အဓိကလုပ်ငန်းဆောင်တာကတော့ ခန္ဓါကိုယ်အနှံ့အောက်စီဂျင်ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ အဆုတ်ကနေ ခန္ဓါကိုယ်တစ်လျောက်ကိုပို့ဆောင်ပေးတဲ့ ဟီမိုဂလိုဗင်ဒြပ်ပေါင်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အဓိကသံဓါတ်သိုလှောင်ပေးတဲ့နေရာတွေက အသည်းနဲ့ […]


သွေးအားနည်းရောဂါများ

သလဆီးမီးယား သွေးအားနည်းရောဂါကို ဘယ်လိုကုသမလဲ

သလဆီးမီးယားရောဂါအတွက် ကုသမှုဟာ ရောဂါရဲ့ အမျိုးအစားနဲ့ ပြင်းထန်မှုအပေါ် မူတည်ပါတယ်။ ရောဂါဗီဇ သယ်ဆောင်သူများ ဒါမှမဟုတ် အယ်လ်ဖာအမျိုးအစား၊ ဘီတာအမျိုးအစားများဟာ ရောဂါလက္ခဏာ သိပ်မပြင်းထန်သလို လက္ခဏာ မပြတာလည်း ရှိတတ်ပါတယ်။ ကုသမှုအနည်းငယ်၊ ဒါမှမဟုတ် လုံးလုံး မလိုအပ်ဘဲ ရှိနိုင်ပါတယ်။ အတော်အတန် ပြင်းထန်တဲ့ သလဆီးမီးယားနဲ့ ဆိုးရွားတဲ့ သလဆီးမီးယား အမျိုးအစားတွေမှာ စံပြုကုသမှု ၃မျိုးနဲ့ ကုသလေ့ရှိပါတယ်။ အဲဒီကုသမှုတွေကတော့ သွေးသွင်းခြင်း၊ သံဓါတ်ဓါတ်ပြုကုထုံး၊ ဖောလစ်အက်ဆစ်အားဖြည့်သုံးစွဲခြင်း စတာတွေ ပါဝင်ပါတယ်။ တခြားနည်းစနစ်တွေ ရှိသေးပေမယ့် သိပ်မသုံးကြပါဘူး။   စံပြုကုသမှုများ သွေးသွင်းခြင်း သွေးနီဥဆဲလ်များပေးခြင်းကို အတော်အတန်ပြင်းထန်တဲ့ သလဆီးမီးယားနဲ့ ဆိုးရွားတဲ့ သလဆီးမီးယား အမျိုးအစားတွေမှာ လုပ်ဆောင်ပါတယ်။ ဒီကုသမှုကတဆင့် ပုံမှန်ဟေမိုဂလိုဘင်ပါဝင်တဲ့ ကောင်းမွန်တဲ့သွေးဆဲလ်တွေ ရရှိနိုင်ပါတယ်။ သွေးသွင်းခြင်းအတွက် သွေးပြန်ကြောထဲကို အပ်ထည့်ပြီး ပိုက်မှတဆင့် သွင်းပါတယ်။ သွေးသွင်းရာမှာ ၁နာရီမှ […]


သွေးအားနည်းရောဂါများ

ပါနစ်ရှက်သွေးအားနည်းရောဂါအပေါ် ရှုမြင်သုံးသပ်ချက်

ပါနစ်ရှက်သွေးအားနည်းရောဂါဆိုတာဘာလဲ။ ခန္ဓါကိုယ်က ဗီတာမင်B12 အလုံအလောက်မရှိတာကြောင့် ကျန်းမာတဲ့ သွေးနီဥတွေ မထုတ်နိုင်တော့သော ရောဂါဖြစ်ပါတယ်။ ဗီတာမင်B12 ကို အစားအစာအချို့မှာ တွေ့ရှိနိုင်ပါတယ်။ ခန္ဓါကိုယ်က ထိုဗီတာမင်ကို ကျန်းမာတဲ့ သွေးနီဥတွေ ထုတ်ဖို့နဲ့ အာရုံကြောပုံမှန်အလုပ်လုပ်နေစေဖို့ လိုအပ်ပါတယ်။ ပါနစ်ရှက်သွေးအားနည်းရောဂါရှိတဲ့သူတွေဟာ အစားအစာတွေကနေ ဗီတာမင်B12ကို လုံလောက်စွာ မစုပ်ယူနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အစာအိမ်ကနေ ထုတ်လုပ်ပေးသော ပရိုတင်းတစ်မျိုးဖြစ်တဲ့ Intrinsic factor မရှိလို့ပဲဖြစ်ပါတယ်။ ထိုပရိုတင်းမရှိခြင်းကြောင့် ဗီတာမင်B12 ချို့တဲ့လာရပါတယ်။ အခြားကျန်းမာရေးအခြေအနေတွေနဲ့ အချက်တွေကလည်း ဗီတာမင်B12ချို့တဲ့စေပါတယ်။ ဥပမာတွေကတော့ ပိုးဝင်ခြင်း၊ ခွဲစိတ်မှု၊ ဆေးဝါးတွေနဲ့ အစာစားမှုပုံစံတွေပဲဖြစ်ပါတယ်။ ပါနစ်ရှက်သွေးအားနည်းရောဂါဆိုတာ Intrinsic factor မရှိသောကြောင့် ဗီတာမင်B12ချို့တဲ့ခြင်းကို ဆိုလိုတာပါ။ အခြားအကြောင်းအရင်တွေကြောင့် ဗီတာမင်B12ချို့တဲ့ခြင်းကိုလည်း ပါနစ်ရှက်သွေးအားနည်းရောဂါလို့ခေါ်နိုင်ပါတယ်။ ယခုဆောင်းပါးဟာ Intrinsic factor မရှိခြင်းနှင့် အခြားအကြောင်းအရင်းတွေကြောင့်ဖြစ်သော ပါနစ်ရှက်သွေးအားနည်းရောဂါအကြောင်းကို ဆွေးနွေးမှာပါ။ ယေဘုယျသုံးသပ်ချက် ထိုရောဂါဟာ သွေးအားနည်းရောဂါအမျိုးအစားတစ်ခုပါပဲ။ သွေးအားနည်းရောဂါဆိုတာဟာ […]


သွေးအားနည်းရောဂါများ

သယ်လက်စီးမီးယားသွေးရောဂါအမျိုးအစားများ

သယ်လက်စီးမီးယားအမျိုးအစားတွေဟာ မိဘတွေထံမှ ရရှိသော သန္ဓေပြောင်းလဲမှုအရေအတွက်နဲ့ ဟီမိုဂလိုဘင်မော်လီကျူးရဲ့ ပြောင်းလဲသွားတဲ့အစိတ်အပိုင်းပေါ်မှာ မူတည်နေပါတယ်။ သန္ဓေပြောင်းလဲမှုများလေ သယ်လက်စီးမီးယားရောဂါပြင်းထန်လေပါပဲ။ ဟီမိုဂလိုဘင်မော်မော်လီကျူးကို အယ်ဖာနဲ့ဘီတာအစိတ်ပိုင်းတို့ဖြင့် ဖွဲစည်းထားပါတယ်။ ထိုအစိတ်အပိုင်းများကို သန္ဓေပြောင်းလဲမှုတွေက သက်ရောက်နိုင်ပါတယ်။   အယ်ဖာသယ်လက်စီးမီးယား အယ်ဖာဟီမိုဂလိုဘင်အတွဲလိုက်ဖြစ်ရန်အတွက် မျိုးရိုးဗီဇ၄ခုလိုအပ်ပါတယ်။ ၂ခုစီကို မိဘတစ်ဦးစီမှရရှိမှာပါ။ အောက်ပါတို့လိုမျိုးကိစ္စတွေ ရှိလာနိုင်ပါတယ်။ မျိုးရိုးဗီဇတစ်ခုတည်းမှာ သန္ဓေပြောင်းလဲမယ်ဆိုရင် ဘာလက္ခဏာမှပြမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ရောဂါသယ်ဆောင်သူဖြစ်သွားပြီး ကလေးတွေမှာ ထိုရောဂါပြန်ပေါ်လာနိုင်ပါတယ်။ မျိုးရိုးဗီဇ၂ခုမှာ သန္ဓေပြောင်းလဲမယ်ဆိုရင် ရောဂါလက္ခဏာအနည်းငယ် ခံစားရနိုင်ပါတယ်။ အဲလိုဖြစ်ပြိဆိုရင်တော့ အယ်ဖာသယ်လက်စီးမီးယားအပျော့စား ဒါမှမဟုတ် အယ်ဖာသယ်လက်စီးမီးယားပုံစံ ရှိနေပြီလို့ဆိုနိုင်ပါတယ်။ မျိုးရိုးဗီဇ၃ခုမှာ သန္ဓေပြောင်းလဲနေပြီဆိုရင် ရောဂါလက္ခဏာ အတော်အသင့်ကနေ ဆိုးရွားသည်အထိ ခံစားရနိုင်ပါတယ်။ နောက်နာမည်တစ်မျိုးကတော့ ဟီမိုဂလိုဘင်အိတ်ခ်ျရောဂါပါ။ မျိုးရိုးဗီဇ၄ခုလုံး သန္ဓေပြောင်းလဲသွားပြီဆိုရင် အယ်ဖာသယ်လက်စီးမီးယားအပြင်းစား ဒါမှမဟုတ် Hydrops Fetalis လို့ခေါ်နိုင်ပါတယ်။ ထိုရောဂါဟာ ကလေးကို ဗိုက်ထဲမှာတင် သေစေနိုင်သလို […]


သွေးအားနည်းရောဂါများ

Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ ) ကဘာလဲ။ သွေးကြောပြင်ပတွင် သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ သည် ကိုယ့်ဆဲလ်ကို ဖျက်ဆီးသော ခုခံအား စနစ် autoimmune ကြောင့် ဖြစ်သည်။ ကောင်းသော သွေးနီဥများကို ဘေလုံး (spleen) မှ ဖျက်ဆီး သောကြောင့် သွေးအားနည်း လာရခြင်းဖြစ်သည်။ အခြား သွေးနီဥ ပေါက်ကွဲစေသည့် အကြောင်းများမှာ – ကူးစက်ရောဂါ အကျိတ်များ ကိုယ့်ဆဲလ်ကို ဖျက်ဆီးသော ခုခံအား စနစ် (autoimmune) ဆေး ဘေးထွက် ဆိုးကျိုး သွေးကင်ဆာ အကျိတ်ကင်ဆာ သွေးကြောထဲတွင် ပေါက်ကွဲသော သွေးအားနည်းရောဂါမှာ သင့်ခန္တာကိုယ်မှ ပုံစံ ချို့ယွင်းနေသော သွေးနီဥ ထုတ်လုပ်သော ကြောင့် ဖြစ်သည်။ မျိုးရိုးလိုက် တတ်သည်။ sickle cell anemia နှင့် Thalassaemia တို့ဖြစ်သည်။ Hemolytic anemia (သွေးနီဥ […]


သွေးအားနည်းရောဂါများ

Aplastic Anemia (ရိုးတွင်းချည်ဆီပျက်စီး၍ သွေးအားနည်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Aplastic Anemia (ရိုးတွင်းချည်ဆီပျက်စီး၍ သွေးအားနည်းခြင်း ) ကဘာလဲ။ ရိုးတွင်းချည်ဆီပျက်စီး၍သွေးအားနည်းခြင်းဆိုသည်မှာ ခန္ဓါကိုယ်မှ သွေးဆဲလ်အသစ်များထုတ်လုပ်ခြင်း ရပ်တန့်သွားခြင်းဖြစ်ပါတယ်။ ထိုသို့သွေးအားနည်းခြင်းဖြစ်လာလျှင် မောပန်းခြင်း ၊ ရောဂါပိုးများဝင်ရောက်လွယ်ခြင်းနှင့် သွေးထွက်လွယ်ခြင်းတို့ဖြစ်စေပါတယ်။   Aplastic Anemia (ရိုးတွင်းချည်ဆီပျက်စီး၍ သွေးအားနည်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ   ရိုးတွင်းချည်ဆီပျက်စီးခြင်းလို့သိကြတဲ့ ရိုးတွင်းချည်ဆီပျက်စီးပြီး သွေးအားနည်းခြင်းဟာ ရှားပါးပြီး အမေရိက သွေးဂျာနယ်ရဲ့စစ်တမ်းများအရ နှစ်စဉ် လူတစ်သန်းမှာ ဝ.၇ မှ ၄.၁ ရာခိုင်နှုန်းအထိဖြစ်လေ့ရှိပါတယ်။ ဆီးချိုသွေးချို ၊အစာအိမ်နှင့် ကျောက်ကပ်ရောဂါဌာနမှအချက်အလက်များအရ ထိုရောဂါဟာ ယောက်ျားလေးရော မိန်းကလေးရောတွင် ညီမျှစွာဖြစ်လေ့ရှိပြီး အသက်၂၀ နှင့် ၂၅ ကြား နှင့် အသက် ၆၀ အထက်ပိုင်းများတွင်ဖြစ်တာတွေ့ရပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်ဆက်လက်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAplastic Anemia (ရိုးတွင်းချည်ဆီပျက်စီး၍ သွေးအားနည်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့…… – မောပန်းခြင်း ၊ – […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်