home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သံဓါတ်နည်းတဲ့သူရာ သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ။ ။

သံဓါတ်နည်းတဲ့သူရာ သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ။ ။

အစားအသောက်တိုင်းကတော့ သူအာဟာရနဲ့သူ ရှိကြတဲ့သူချည်းပါပဲ။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို တစ်ချို့ အစားအသောက်တွေက ဆေးဖြစ်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားကလည်းရှိသေးတော့ များများစားမိရင် ဘေးဖြစ်စေတဲ့ အစားအသောက်တွေကလည်း တစ်ပုံကြီးပါ။ ခုပြောပြမယ့် ဆောင်းပါးလေးကတော့ သံဓါတ်အားနည်းတဲ့သူတွေအတွက် ဆေးဖြစ်ပေမယ့် သံဓါတ်များတဲ့သူတွေ အတွက် ဘေးဖြစ်စေမယ့် သံဓါတ်များတဲ့ အစားအသောက်တွေ အကြောင်းပြောပြပေးမှာပါ ။ ။

( ၁ ) Shell fish ( အခွံမာပင်လယ်စာ)

ဒီ အခွံမာတဲ့ပင်လယ်စာတွေကိုတော့ မသိတဲ့သူရှိမယ်လို့ မထင်ပါဘူး။ စားရတာလည်း အရသာရှိသလို အာဟာရတွေလည်း အပြည့်ရှိတဲ့ အစားအသောက်တွေပါ။ အထူးသဖြင့် ဂုံးတို့ ၊ကမာတို့ ခရုတို့ဟာ သံဓါတ်များတဲ့ အစားအသောက်တွေပါ။ ဂုံး ၁၀၀ ဂရမ်မှာ သံဓါတ် ၂၈ မီလီဂရမ် ပါဝင်ပြီး ပါတဲ့ သံဓါတ်အမျိုးအစားကလည်း heme type ဖြစ်တာကြောင့် ကိုယ်ခန္ဓါက စုပ်ယူရလွယ်ကူစေပါတယ်။ ဒါ့ကြောင့် သံဓါတ်များနေတဲ့သူတွေကတော့ ရှောင်သ့င်ပြီး သံဓါတ်နည်းနေတဲ့သူတွေကတော့ အားထားစားရမယ့် အစားအစာတစ်ခုပါ။

( ၂ ) ဟင်းနုနွယ် ။

ဟင်းနုနွယ်မှာ အမြင်အာရုံကို အားကောင်းစေတဲ့ ဗီတာမင် A သာမက အခြား အာဟာရဓါတ်တွေဖြစ်တဲ့ သံဓါတ်နဲ့ အမျှင်ဓါတ်လည်း အများကြီးပါပါတယ်။ ဟင်းနုနွယ် ၁၀၀ ဂရမ်မှာ သံဓါတ် ၃.၆ မီလီဂရမ်ပါပါတယ်။ အပင်မို့လို့ ကိုယ်ခန္ဓါက သိပ်မစုပ်ယူနိုင်တဲ့ non-heme iron ဖြစ်ပေမယ့် ဟင်းနုနွယ်ကိုယ်တိုင်မှာ ဗီတာမင် C ေတွကြွယ်ဝစွာပါတာကြောင့် ကိုယ်ခန္ဓါက မစုပ်ယူနိုင်မှာ အတွက် စိုးရိမ်စရာမရှိပါဘူး။

( ၃ ) ကလီစာများ ။ ။

ကလီစာတွေဖြစ်တဲ့ အသည်းတို့၊ ေကျာက်ကပ်တို့၊ နှလုံးတို့ ဦးနှောက်တို့ဟာ သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေပါ။ သူတို့မှာ သံဓါတ်အများကြီးပါတဲ့အပြင် အခြား အာဟာရဓါတ်တွေဖြစ်တဲ့ selenium, vitamin A and choline တို့လည်း ကြွယ်ဝစွာပါပါတယ်။

( ၄ ) ပဲအမျိုးမျိုး ။

ပဲနီလေး၊ ပဲပိစပ်၊ ပဲကြီးနဲ့ စတော်ပဲ တို့မှာ အပင်ကရတဲ့ Non- heme သံဓါတ်တွေ အများကြီးပါတဲ့အပြင် ဖောလိတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓါတ် တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သံဓါတ်များနေသူတွေရော နည်းနေသူတွေပါ သိထားသင့်တဲ့ အစားအသောက်တစ်ခုပါ။

( ၅ ) အနီရောင်ရှိတဲ့ အသား။ ။

အနီရောင်ရှိတဲ့ အသားတွေဆိုတော့အမဲသား ၁၀၀ ဂရမ်မှာ သံဓါတ် ၂.၇ မီလီဂရမ်တောင်ပါတဲ့အပြင် သူ့မှာပါတဲ့ သံဓါတ်အမျိုးအစားက heme type ဖြစ်တာကြောင့် စုပ်ယူရအလွယ်ကူဆုံးဖြစ်လို့ သံဓါတ်အားနည်းနေတဲ့သူတွေ လုံးဝကို သိထားသင့်တဲ့ အစားအသောက်တစ်ခုပါ။ သွေးအားနည်းလို့ သံဓါတ်အားဖြည့်ဆေးတွေ သောက်မယ့်အစား အမဲသားစားတာက ပိုကောင်းတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

( ၆ ) အခြား သံဓါတ်ကြွယ်ဝတဲ့ အစားစာတွေကတော့]

ဒါတွေကတော့ သံဓါတ်နည်းတဲ့သူတွေရော သံဓါတ်များနေတဲ့သူတွေပါ သိထားသင့်တဲ့ အစားအသောက်လေးတွေပါ ။။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။