Yellow Bone Marrow (ရိုးတွင်းခြင်ဆီ အဝါရောင်)ရဲ့ လုပ်ငန်းတာဝန် ။ ။
အပေါ်မှာ ပြောခဲ့သလိုပဲ ရိုးတွင်းခြင်ဆီ အဝါရောင်ဟာ အဆီဆဲလ်တွေသိမ်းတဲ့ တာဝန်ကိုလုပ်ဆောင်ရတာပါ။
- ရိုးတွင်းခြင်ဆီအဝါရောင်ထဲမှာ adipocytes လို့ခေါ်တဲ့ ဆဲလ်လေးတွေရှိပြီး သူတို့ထဲမှာအဆီ တွေကို သိမ်းထားတာပါ။ ဒီအဆီတွေကို လိုတဲ့အချိန်ပြန်လည် ပြိုခွဲပြီး စွမ်းအင်ထုတ်ပေးဖို့အတွက် သိမ်းထားတာဖြစ်ပါတယ်။
- mesenchymal stem cells လို့ခေါ်တဲ့ဆဲလ်တွေကို ရိုးတွင်းခြင်ဆီအဝါရောင်ထဲ မှာတွေ့ရတတ်ပြီး အဲဒီ ဆဲလ်တွေကနေ အရိုး၊ အရိုးနု၊ အဆီဆဲလ်တွေနဲ့ ကြွက်သားဆဲလ်တွေအဖြစ် ပြောင်းလဲသွားပါတယ်။
အပေါ်မှာပြောခဲ့သလိုပဲ အသက်ကြီးလာတဲ့အခါ အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားတဲ့အခါ ဒီ အဝါရောင်ရိုးတွင်းခြင်ဆီတွေက အနီရောင်ရိုးတွင်းခြင်ဆီတွေ နေရာမှာ အစားထိုးဝင်ရောက်လာပါတယ်။ ဒါ့ကြောင့် အသက်ကြီးတဲ့သူအများစုရဲ့ အရိုးထဲမှာ အဝါရောင် ရိုးတွင်းခြင်ဆီတွေပဲ အတွေ့များတာပါ။
ဒါတွေကတော့ အရိုးတစ်ခုအတွင်းမှာရှိတဲ့ ရိုးတွင်းခြင်ဆီ နှစ်မျိုးရဲ့ လုပ်ငန်းတာဝန်တွေပဲဖြစ်ပါတယ်။ ဒီရိုးတွင်းခြင်ဆီမှာ ပြဿနာတွေ တက်သွားတဲ့အခါ အထူးသဖြင့် ရိုးတွင်းခြင်ဆီ ပုံမှန် မဟုတ်တဲ့အခါမှာ သွေးဆဲလ်ပြန့်မှုတွေ အရမ်းများပြီး သွေးကင်ဆာ ဖြစ်ကုန်ပါတယ်။ ဒီလို အရမ်းပွားနေတဲ့သွေးဆဲလ်တွေရဲ့ အရင်းခံက ရိုးတွင်းခြင်ဆီဖြစ်တာကြောင့် သွေးကင်ဆာ သမားတွေ အတွက် ကုသမှုက ရိုးတွင်းခြင်ဆီ အစားထိုးရတာ ဖြစ်ပါတယ် ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။