backup og meta

သယ်လက်စီးမီးယားသွေးရောဂါအမျိုးအစားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သယ်လက်စီးမီးယားသွေးရောဂါအမျိုးအစားများ

    သယ်လက်စီးမီးယားအမျိုးအစားတွေဟာ မိဘတွေထံမှ ရရှိသော သန္ဓေပြောင်းလဲမှုအရေအတွက်နဲ့ ဟီမိုဂလိုဘင်မော်လီကျူးရဲ့ ပြောင်းလဲသွားတဲ့အစိတ်အပိုင်းပေါ်မှာ မူတည်နေပါတယ်။ သန္ဓေပြောင်းလဲမှုများလေ သယ်လက်စီးမီးယားရောဂါပြင်းထန်လေပါပဲ။ ဟီမိုဂလိုဘင်မော်မော်လီကျူးကို အယ်ဖာနဲ့ဘီတာအစိတ်ပိုင်းတို့ဖြင့် ဖွဲစည်းထားပါတယ်။ ထိုအစိတ်အပိုင်းများကို သန္ဓေပြောင်းလဲမှုတွေက သက်ရောက်နိုင်ပါတယ်။

    အယ်ဖာသယ်လက်စီးမီးယား

    အယ်ဖာဟီမိုဂလိုဘင်အတွဲလိုက်ဖြစ်ရန်အတွက် မျိုးရိုးဗီဇ၄ခုလိုအပ်ပါတယ်။ ၂ခုစီကို မိဘတစ်ဦးစီမှရရှိမှာပါ။ အောက်ပါတို့လိုမျိုးကိစ္စတွေ ရှိလာနိုင်ပါတယ်။

  • မျိုးရိုးဗီဇတစ်ခုတည်းမှာ သန္ဓေပြောင်းလဲမယ်ဆိုရင် ဘာလက္ခဏာမှပြမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ရောဂါသယ်ဆောင်သူဖြစ်သွားပြီး ကလေးတွေမှာ ထိုရောဂါပြန်ပေါ်လာနိုင်ပါတယ်။
  • မျိုးရိုးဗီဇ၂ခုမှာ သန္ဓေပြောင်းလဲမယ်ဆိုရင် ရောဂါလက္ခဏာအနည်းငယ် ခံစားရနိုင်ပါတယ်။ အဲလိုဖြစ်ပြိဆိုရင်တော့ အယ်ဖာသယ်လက်စီးမီးယားအပျော့စား ဒါမှမဟုတ် အယ်ဖာသယ်လက်စီးမီးယားပုံစံ ရှိနေပြီလို့ဆိုနိုင်ပါတယ်။
  • မျိုးရိုးဗီဇ၃ခုမှာ သန္ဓေပြောင်းလဲနေပြီဆိုရင် ရောဂါလက္ခဏာ အတော်အသင့်ကနေ ဆိုးရွားသည်အထိ ခံစားရနိုင်ပါတယ်။ နောက်နာမည်တစ်မျိုးကတော့ ဟီမိုဂလိုဘင်အိတ်ခ်ျရောဂါပါ။
  • မျိုးရိုးဗီဇ၄ခုလုံး သန္ဓေပြောင်းလဲသွားပြီဆိုရင် အယ်ဖာသယ်လက်စီးမီးယားအပြင်းစား ဒါမှမဟုတ် Hydrops Fetalis လို့ခေါ်နိုင်ပါတယ်။ ထိုရောဂါဟာ ကလေးကို ဗိုက်ထဲမှာတင် သေစေနိုင်သလို မွေးမွေးပြီးချင်းလည်း သေဆုံးစေနိုင်ပါတယ်။
  • ဘီတာသယ်လက်စီးမီးယား

    ဘီတာဟီမိုဂလိုဘင်အတွဲဖြစ်ဖို့ မျိုးရိုးဗီဇ၂ခု လိုအပ်ပါတယ်။ တစ်ခုစီကို မိဘတစ်ဦးချင်းထံမှာ ရရှိမှာပါ။ အောက်ပါအခြေအနေမျိုးများ ရှိလာနိုင်ပါတယ်။

    • မျိုးရိုးဗီဇတစ်ခုတည်းချို့ယွင်းမယ်ဆိုရင် ရောဂါလက္ခဏာအနည်းငယ်သာ ခံစားရမှာပါ။ ထိုအခြေအနေကို ဘီတာသယ်လက်စီးမီးယားအပျော့စား ဒါမှမဟုတ် ဘီတာသယ်လက်စီးမီးယားပုံစံရှိတယ်လို့ ခေါ်နိုင်ပါတယ်။
    • မျိုးရိုးဗီဇ၂ခုလုံးချို့ယွင်းမယ်ဆိုရင် အတော်အသင့်ကနေ ပြင်းထန်တဲ့အထိရှိသော ရောဂါလက္ခဏာတွေကို ခံစားရမှာပါ။ ထိုအခြေအနေကို ဘီတာသယ်လက်စီးမီးယားအပြင်းစား ဒါမှမဟုတ် Cooley’s anemia လို့ ခေါ်နိုင်ပါတယ်။ မျိုးရိုးဗီဇ၂ခုလုံးချို့ယွင်းနေတဲ့ကလေးတွေဟာ မွေးမွေးပြီးချင်းမှာ ကျန်းမာကြသော်လည်း ၂နှစ်လောက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ကြပါတယ်။ ဘီတာသယ်လက်စီးမီးယားအလယ်အလတ်လို့ခေါ်တဲ့ ပိုအားပျော့သော အမျိုးအစားလည်း တွေ့ရနိုင်ပါတယ်။

    သယ်လက်စီးမီးယား ဖြစ်နိုင်ခြေ မြင့်မားစေသော အရာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

    • မိသားစုထဲတွင်သယ်လက်စီးမီးယားရှိခြင်း။ သယ်လက်စီးမီးယားဟာ မိဘကနေ သားသမီးတွေကို သန္ဓေပြောင်းလဲမှုတွေကနေတစ်ဆင့် လက်ဆင့်ကမ်းနိုင်ပါတယ်။ မိသားစုထဲမှာ သယ်လက်စီးမီးယားရှိနေပြီဆိုရင်တော့ ရောဂါရနိုင်ခြေများနေပါပြီ။
    • မျိုးရိုးရှိခြင်း။ အီတာလီယန်၊ ဂရိ၊ အရှေ့အလယ်ပိုင်း၊ အာရှနဲ့ အာဖရိကန် မျိုးရိုးရှိတဲ့သူတွေမှာ သယ်လက်စီးမီးယားတွေ့ရတတ်ပါတယ်။

    သယ်လက်စီးမီးယားကြောင့်ရလာတဲ့ ထပ်တိုးရောဂါတွေက ဘာတွေလဲ။

    • သံဓါတ်အလွန်များခြင်း။ သယ်လက်စီးမီးယားရှိတဲ့သူတွေဟာ ရောဂါကြောင့် ဒါမှမဟုတ် သွေးခဏခဏသွင်းခြင်းတို့ကြောင့် ခန္ဓါကိုယ်ထဲမှာ သံဓါတ်အလွန်များနေနိုင်ပါတယ်။ သံဓါတ်အရမ်းများတာက နှလုံး၊ အသည်းနဲ့ ဟော်မုန်းထုတ်တဲ့ဂလင်းစနစ်တွေကို ပျက်စီးစေမှာပါ။
    • ပိုးဝင်ခြင်း။ သယ်လက်စီးမီးယားရှိတဲ့သူတွေဟာ ပိုးဝင်နိုင်ခြေများပါတယ်။ သရက်ရွက်ထုတ်ထားတဲ့သူဆိုရင် အထူးသတိပြုရပါမယ်။

    သယ်လက်စီးမီးယားပြင်းထန်မယ်ဆိုရင် အောက်ပါထပ်တိုးရောဂါများ ခံစားရနိုင်ပါတယ်။

  • အရိုးပုံသဏ္ဍန်မမှန်တော့ခြင်း။ သယ်လက်စီးမီးယားက ရိုးတွင်းခြင်ဆီတွေ ပွားများစေပြီး အရိုးကြီးလာစေပါတယ်။ ထိုအခါ ပုံသဏ္ဍန်မမှန်မှုတွေဖြစ်လာပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ ဦးခေါင်းခွံတို့မှာ ဖြစ်တာပါ။ ရိုးတွင်းခြင်ဆီများလာတာက အရိုးပါးစေပြီး ကြွပ်ဆတ်လာစေတဲ့အတွက်ကြောင့် ကျိုးနိုင်ခြေများသွားပါတယ်။
  • သရက်ရွက်ကြီးခြင်း။ သရက်ရွက်ဟာ ပိုးမွှားတွေကို တိုက်ခိုက်တဲ့နေရာမှာ ကူညီပေးပြီး အိုဟောင်းနေသော၊ ပျက်စီးနေသော သွေးနီဥတို့လိုမျိုး မလိုအပ်တော့တဲ့ ပစ္စည်းတွေကို စစ်ထုတ်ပေးပါတယ်။ သယ်လက်စီးမီးယားကြောင့် သွေးနီဥအများအပြားပျက်စီးပြီး သရက်ရွက်ပိုမိုအလုပ်လုပ်ရတာကြောင့် အရွယ်အစားပိုကြီးလာရပါတယ်။ ထိုသို့ကြီးလာခြင်းက သွေးအားနည်ရောဂါကို ပိုဆိုးစေနိုင်တဲ့အပြင် သွေးသွင်းမှုကနေရရှိတဲ့ သွေးနီဥသက်တမ်းတွေကိုလည်း လျော့ချပေးပါတယ်။ အရမ်းကြီးနေပြီဆိုရင်တော့ ထုတ်ပြစ်ဖို့လိုမှာပါ။
  • ကီးထွားနှုန်းနှေးခြင်း။ သွေးအားနည်းရောဂါက ကလေးကြီးထွားနှုန်းကို လျော့နည်းစေပါတယ်။ သယ်လက်စီးမီးယားရှိတဲ့ကလေးတွေမှာ လူပျိုဖော်၊အပျိုဖော်ဝင်တာ နောက်ကျပါတယ်။
  • နှလုံးပြဿနာများဖြစ်ခြင်း။ ပြည့်ကြပ်သိပ်ခြင်းကြောင့်နှလုံးပျက်စီးခြင်းနဲ့ နှလုံးစည်းချက်မမှန်ခြင်းလိုမျိုး နှလုံးပြဿနာတွေဟာ ပြင်းထန်သော သယ်လက်စီးမီးယားနဲ့ ပတ်သက်နေနိုင်ပါတယ်။
  • အတော်အသင့်ကနေ ပြင်းထန်တဲ့အခြေအနေရှိတဲ့သူတွေဟာ မွေးမွေးပြီးချင်း၂နှစ်လောက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ကြပါတယ်။ ကလေးမှာ သယ်လက်စီးမီးယား ရောဂါလက္ခဏာတွေတွေ့နေရပြီဆိုရင် မိသားစုဆရာဝန် ဒါမှမဟုတ် ကလေးဆရာဝန်အား ပြသပေးပါ။ ပြီးတော့မှ သွေးရောဂါအထူးကုတွေထံသို့ လွှဲပေးပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement